Korea

ဗဟိုဘဏ် (Bank of Korea BOK)မှ The Base Interest Rate (အခြေခံအတိုးနှုန်း) ထပ်မံလျှော့ချမှုနှင့် နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်း ခန့်မှန်းချက်အခြေအနေနှင့် မေလအတွင်း စီးပွားရေးရာကုစားမှုအစီအမံများခွင့်ပြုခဲ့မှုအခြေအနေ

Last Updated:

(၂၈-၅-၂၀၂၀) ရက်နေ့တွင် ဗဟိုဘဏ် (Bank of Korea BOK)မှ The Base Interest Rate (အခြေခံအတိုးနှုန်း) အား ၀.၅ ရာခိုင်နှုန်းသို့ ထပ်မံလျှော့ချပေးခဲ့ပါသည်။ ကိုရီးယားသမ္မတနိုင်ငံ အစိုးရအနေဖြင့် ၂၀၂၀ ပြည့်နှစ်အတွင်း COVID-19 အလွန်ကာလတွင် နိုင်ငံ၏ စီးပွားရေးပြန်လည်နာလန်ထူနိုင်ရေးအတွက် ကုစားမှုအစီအမံများအား ဘက်စုံဆောင်ရွက်ပေးလျက်ရှိပြီး၊ အလုပ်အကိုင် အခွင့်အလမ်းများကိုလည်း ဖန်တီးပေးလျက်ရှိပါသည်။ ကိုရီးယားသမ္မတနိုင်ငံ၊ ဗဟိုဘဏ် (Bank of Korea-BOK) ၏ ကြေညာချက်အရ ၂၀၂၀ ပြည့်နှစ်အတွက် စီးပွားရေး တိုးတက်မှုနှုန်းကို (၀.၂) ရာခိုင်နှုန်းသို့ပြင်ဆင်ခန့်မှန်း၍ ၂၀၂၁ ခုနှစ် အတွက် (၃.၁)ရာခိုင်နှုန်းရရှိရန် မျှော်မှန်းထားကြောင်း သိရှိရပါသည်။ 

ကိုရီးယားသမ္မတနိုင်ငံအစိုးရအနေဖြင့် COVID-19 ဖြစ်ပွားမှု၏ ရိုက်ခတ်မှုအတွက် ကုစားရန် ၂၀၂၀ ပြည့်နှစ်၊ မေလအထိ စီးပွားရေးကုစားမှုအစီအစဉ်များနှင့် အရေးပေါ်ကယ်ဆယ်ရေး အစီအစဉ်များ စုစုပေါင်း (၁၀) ခု၊ တန်ဖိုး ကိုရီးယားဝမ် (၂၆၂.၇) ထရီလီယံ အား ခွင့်ပြုကြေညာခဲ့ပြီးဖြစ်ကာ အချို့အစီအစဉ်များမှာ လွှတ်တော်သို့တင်ပြ၍ အတည်ပြုဆောင်ရွက်ဆဲဖြစ်ပါသည်။

 

( မြန်မာစီးပွားရေးသံမှူး၊ ဆိုးလ်မြို့ )

Category: Korea