China(Nanning)

ဗိုင်းရစ် အသစ်ကို ကာကွယ်ရာတွင် တရုတ်ကျေးလက်ဒေသများက ကောင်းမွန်စွာ ဆောင်ရွက်နိုင် လျက်ရှိ

Last Updated:

လက်ရှိဖြစ်ပွားလျက်ရှိသော ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးမွှားပျံ့ပွားနေချိန်တွင် တရုတ်နိုင်ငံ၏ ကျေးလက်ဒေသများမှ အကြီးအကဲများက  အသံချဲ့စက်များဖြင့် ကင်းလှည့်လည်ပေးခြင်း၊ နံရံများပေါ်တွင် သတိပေးစာတမ်းရှည်များ ချိတ်ဆွဲ ခြင်း၊ ရွာများသို့ လာရောက်လည်ပတ်ကြသော ယာဉ်များနှင့် ဧည့်သည်များအား(၂၄)နာရီစစ်ဆေးသည့် နေရာများတွင် စစ်ဆေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြပါသည်။

တရုတ်တွင် ဗိုင်းရပ်စ်ပိုးကူးစက်ခံရသောလူနာများမှာ ပြည်နယ်အဆင့်ဒေသများတွင် အများဆုံးဖြစ်နေသောကြောင့် ကျေးလက်ဒေသများမှာ ကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်း ချိတ် ဆက်မှုတွင် အားအနည်းဆုံးနေရာများဖြစ်နေပါသည်။ သို့ရာတွင် ကျေးလက်လူကြီးများ၏ တင်းကြပ်စွာ ကာကွယ်ဆောင်ရွက်မှုများကြောင့် ကာကွယ်မှု အကောင်းဆုံး နေရာများဖြစ်နေပါသည်။

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်တုန်းပြည်နယ်၊ Jiaxiang စီရင်စုရှိ Li ကျေးရွာတွင် “ကျေးရွာသူ ကျေးရွာသားများခင်များ ကျေးဇူးပြု၍ နှာခေါင်းစည်းများ တပ်ထားကြပါ။ လက်များကို မှန်မှန် ဆေးကြပါ။ အခြားသူများထံသို့ သွားရောက် လည်ပတ်ခြင်းမပြုကြပါနဲ့။ ဖုန်းနဲ့သာဆက်သွယ်ကြပါ” ဟူသော ကြေငြာချက်ကို တစ်နေ့လျှင် (၃) ကြိမ် အသံချဲ့ စက်ဖြင့် ကြေငြာပေးလျက်ရှိပါ သည်။

တရုတ်နှစ်သစ်ကူးချိန်တွင် မိတ်ဆွေများနှင့် ဆွေမျိုးမျာထံသို့ သွားရောက် လည်ပတ်ကြခြင်းမှာ အလေ့အထဖြစ်ပြီး၊ ကျေးရွာများတွင် မြို့ပြထက် ပိုမိုပြုလုပ်တတ်ကြပါသည်။ ယခုနှစ်တွင်မူ ရောဂါဖြစ်ပွားမှုပျံ့နှံ့နေခြင်းမှ ကာကွယ်ရန် အလို့ငှာ ကျေးရွာသူကျေးရွာသားများအား မိမိ တို့အိမ်၌ပင် နေထိုင်ကြရန်နှင့် ကျေးရွာသို့ ဝင်ရောက်လာမည့် လမ်းများ သို့ ပိတ်ဆို့ထားကြရန် တိုက်တွန်းဆောင်ရွက်ထားရကြောင်း၊ ကျေးရွာသို့ ဝင်ပေါက် (၄) နေရာ၏ အလယ်တွင် ပြင်ပမှ ဝင်ရောက်လာသောယာဉ်များနှင့် ဧည့်သည်များကို  ရပ်တန့်စေပြီး စစ်ဆေးကြောင်း၊ Li ကျေးရွာ ဥက္ကဋ္ဌ Wei Deli က ပြောကြားပါသည်။

မိမိ၏ ကျေးရွာတွင် မကြာသေးမီက ရောဂါဖြစ်ပွားပျံ့နှံ့ရာ Hubei ပြည်နယ်မှ ကျေးရွာရှိ မိသားစုများထံသို့ ပြန်လည်ရောက်ရှိလာသော ရွှေ့ပြောင်းလုပ်သားများရှိကြောင်း၊ ၎င်းမိသားစုများထံသို့  ကျေးရွာဆရာဝန်များက တစ်နေ့လျှင် နှစ်ကြိမ်လာရောက်၍ ကိုယ်အပူချိန်များ တိုင်းယူ မှတ်တမ်းတင်လျက်ရှိကြောင်း၊ အကယ်၍ သံသယ ဖြစ်ဖွယ်လက္ခဏာများ တွေ့ရှိပါက မြို့နယ်ရုံးချုပ်များထံသို့ ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် ချက်ချင်း အကြောင်းကြားသွားမည်ဖြစ်ကြောင်း၊ ကျေးရွာအတွင်း နေထိုင်ကြသူများကလည်း လူတိုင်းအတွက် ရောဂါကာကွယ် ရေးမှာ ဦးစားပေးဖြစ်သည်ကို သဘောတူညီကြကြောင်း Wei က ဖြည့်စွက်ပြောကြားခဲ့ပါသည်။

၂၀၁၈ ခုနှစ် စာရင်းများအရ တရုတ်နိုင်ငံလူဦးရေ၏ (၄၀) ရာခိုင်နှုန်းမှာ ကျေးလက်ဒေသများတွင် နေထိုင်ကြပြီး ခန့်မှန်းလူဦးရေ (၅၆၄) သန်းခန့်ရှိပါသည်။ ကျေးလက်ဒေသများရှိ ကျန်းမာရေအထောက်အကူများမှာ မြို့ကြီးများ ကဲ့သို့ ခေတ်မီခြင်း မရှိသည့်အပြင်၊ နွေဦးရာသီ ပွဲတော်ကာလအတွင်း မြို့ကြီးများ၌ အလုပ်သွားရောက် လုပ်ကိုင်ကြသူ များမှာလည်း အိမ်ပြန် လာကြသဖြင့် ရောဂါဖြစ်ပွားနိုင်ခြေ မြင့်မားနေပါသည်။

          ယခုအချိန်မှာ ရောဂါပျံ့နှံ့မှုကို ကာကွယ်ထိန်းချုပ်ရန် အရေးကြီးဆုံး အချိန်ဖြစ်ကြောင်း၊ လူတစ်ဦးချင်းစီအား ခြေရာခံကြည့်ရှုခြင်းနှင့် ရောဂါပျံ့ပွားမှုကို ရပ်တံ့ရန် စီမံဆောင်ရွက်ရာတွင် ကျေးရွာများအပါအဝင် အခြေခံရပ်ရွာလူထုများ၏ စုစည်းစွမ်းဆောင်အားကို အပြည့်အဝပေးထား သင့်ကြောင်း အမျိုးသားကျန်းမာရေး  ကော်မရှင်မှ အရာရှိတစ်ဦးဖြစ်သူ He Qinghua က တနင်္လာနေ့တွင် ပြောကြားထားပါသည်။

တရုတ်ကျေးလက်များတွင် မှီတင်းနေထိုင်ကြသူများကို ၎င်းတို့က ရွေးကောက်တင် မြှောက်ထားသည့် ကျေးရွာ ကော်မတီက အုပ်ချုပ်သောကြောင့် မှီတင်းနေထိုင်ကြသူများအား စုစည်းရေးနှင့် သတင်းပေးရေးအတွက် တိုက်ရိုက် ပိုမိုဆောင်ရွက်နိုင်သည်ကို တွေ့ရပါသည်။

ရောဂါသတိပေးချက်ကို ကြေငြာရာတွင် အသံချဲ့စက်များ အသုံးပြုခြင်းမှာ အသုံးဝင် သကဲ့သို့ ရောဂါကာကွယ် ကုသရေးနည်းလမ်းများကို အွန်လိုင်းပေါ်မှ ဖြန့်ဝေခြင်းမှာလည်း အသုံး တည့်လှပါသည်။ တရုတ်နိုင်ငံ အရှေ့ဘက် Anhui  ပြည်နယ်၊ Bozhou မြို့ရှိ ကျေးရွာသူကျေးရွာ သားများအား ပြင်ပသို့ သွားရောက်လည်ပတ်ခြင်း မပြုကြရန် သတိပေးနေသည့် ဗီဒီယိုအား အွန်လိုင်းပေါ်တွင်  ကြည့်ရှုသူ (၁.၅၉) သန်း ရှိခဲ့သည်ကို တွေ့ရပါသည်။ တရုတ်လူမှုကွန်ယက် ဖြစ်သည့် Weibo ပေါ်တွင် လည်းကျေးရွာများမှ စီမံဆောင်ရွက် နေမှုများမှာ လူသိများနေပြီ ကြည့်ရှုသူပေါင်း သန်း (၅၀၀) ကျော်ရှိပြီး ဖြစ်ပါသည်။

အသံချဲ့စက်များအပြင် ကျေးရွာများမှ ဆောင်ရွက်နေ့သည့် အခြားသမားရိုးကျနည်းလမ်း များလည်းရှိပါသည်။ ရှန်တုန်းပြည်နယ်၊ Linshu စီရင်စုရှိ Shibuzi ကျေးရွာတွင် ကျေးရွာ အတွင်းသို့ ဝင်ပေါက်လမ်း (၇) လမ်းရှိသည့် အတွက် အချိန်ပြည့် လှည့်လည်စစ်ဆေးရန် ခက်ခဲပါ သည်။ ထို့ကြောင့် ကျေးရွာသားများက လမ်း (၆) လမ်းကို ကျောက်ခဲနှင်သဲများကို အသုံးပြု၍ ပိတ်ဆို့လိုက်ပြီး လမ်းတစ်လမ်းကိုသာ ဖွင့်လှစ်ပေး၍ စောင့်ကြည့်ကြည့်ရှုလျက်ရှိ ပါသည်။

ထိုကဲ့သို့ တရုတ်ကျေးလက်ဒေသများမှ ဆောင်ရွက်ပေးကြမှုအမျိုးမျိုးမှာ ရောဂါပျံ့နှံ့ ဖြစ်ပွားခြင်းကို တက်ကြွစွာ ထိန်းချုပ်ကာကွယ်ရန်များစွာ အထောက်အကူဖြစ်ကြောင်း ရောဂါ ထိန်းချုပ်ရေးနှင့် ကုသရေးအတွက် တရုတ်စင်တာမှ ဒုတိယအကြီးအကဲ Feng Zijian က အလေးထားပြောကြားကြောင်း သတင်းရရှိပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: China(Nanning)