China(Beijing)

ဘဏ္ဍာရေးမဟုတ်သော ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ပမာဏ မြင့်တက်ခဲ့ခြင်း

Last Updated:

၂၀၂၀ ပြည့်နှစ်၊ ပထမ ၄ လအတွင်း နိုင်ငံပေါင်း ၁၄၈ နိုင်ငံသို့ တရုတ်နိုင်ငံ၏ ဘဏ္ဍာရေးမဟုတ်သော ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (Non- Financial Outbound Direct Investment- ODI) ပမာဏသည် ယွမ် (၂၃၃.၄၁) ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၄.၆၄ ဘီလီယံ) ရှိခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်၊ ကာလတူထက် (၃.၃) ရာခိုင်နှုန်းမြင့်တက်ခဲ့ ကြောင်း၊ အဆိုပါကာလအတွင်း ရပ်ဝန်းနှင့် ပိုးလမ်းမပူးပေါင်းဆောင်ရွက်မှုအစီအစဉ်တွင် ပါဝင်လျက်ရှိသည့် နိုင်ငံများသို့ သွားရောက်ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၄.၆၀) ဘီလီယံရှိခဲ့သည့်အတွက် စုစုပေါင်း ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပမာဏ၏ (၁၃.၃) ရာခိုင်နှုန်းရှိကြောင်း၊ သွားရောက်ရင်းနှီးမြှုပ်နှံသည့် ကဏ္ဍများမှာ စီးပွားရေးဝန်ဆောင် မှုကဏ္ဍ၊ လက်လီရောင်းချမှုကဏ္ဍ၊ ကုန်ထုတ်လုပ်မှုနှင့် သတ္တုတွင်းတူးဖော်မှုကဏ္ဍများဖြစ်ကြောင်း တရုတ်နိုင်ငံ၊ စီးပွားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့ကြောင်း သိရှိရ ပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ပေကျင်းမြို့)

ရင်းမြစ်။    http://www.chinadaily.com.cn/a/201905/16/WS5cdd2709a3104842260bc16f.html

Category: China(Beijing)