Singapore

မလေးရှားနိုင်ငံတွင် မိုးများခဲ့သဖြင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်နေခြင်းသည် ကမ္ဘာ့စားအုန်းဆီထုတ်လုပ်မှုအပေါ် သက်ရာက်လာနိုင်

Last Updated:

မလေးရှားနိုင်ငံရှိ ပြည်နယ်အချို့တွင် ဒီဇင်ဘာလအတွင်းဖြစ်ပေါ်ခဲ့သော ရေကြီးရေလျှံမှုများသည် ဆီအုန်းအထွက်နှုန်းကို ထိခိုက်နိုင်ပြီး၊ ကမ္ဘာ့စားအုန်ဆီထုတ်လုပ်မှု အပေါ် သက်ရောက်မှုရှိလာနိုင်ကြောင်းနှင့် မလေးရှားနိုင်ငံ၏ လက်ရှိ မိုးရာသီကာလသည် မတ်လအထိ ကြာမြင့်နိုင်သဖြင့် ၎င်း၏ စားအုန်းဆီထုတ်လုပ်လုပ်မှုအပေါ် ပိုမိုဆိုးရွားသောအခြေအနေလည်း ဖြစ်ပေါ်လာနိုင်ကြောင်း သိရှိရပါသည်။

မလေးရှားစားအုန်းဆီကောင်စီ၏ စာရင်းအရ မလေးရှားနိုင်ငံသည် ၂၀၂၀ ပြည်နှစ်တွင် ကမ္ဘာ့စားအုန်းဆီထုတ်လုပ်မှု၏ ၂၅. ရာခိုင်နှုန်းနှင့် ကမ္ဘာ့စားအုန်းဆီပို့ကုန် ပမာဏ၏ ၃၄. ရာခိုင်နှုန်းတို့ကို ကိုယ်စားပြုခဲ့ပါသည်။ မလေးရှား၏ စားအုန်းဆီထုတ်လုပ်မှုအခြေအနေ ထိခိုက်မှုသည် ကမ္ဘာ့စားအုန်းဆီစျေးကွက်အပေါ်လည်း သက်ရောက်လာမည်ဖြစ်ကြောင်း ထုတ်လုပ်သူ များမှ ပြောကြားကြပါသည်။

စားအုန်းဆီထုတ်လုပ်သောလုပ်ငန်းများမှာ စျေးနှုန်းမြင့်တက်နေသည့်အခြေအနေကြောင့် ထုတ်လုပ်မှုကျဆင်းခြင်းမှ ဖြစ်ပေါ်လာသောဆုံးရှုံးမှုများကို ကာမိလျက်ရှိ ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် စားအုန်းဆီအကြမ်း၏ ပျမ်းမျှစျေးနှုန်းသည် တစ်တန်လျှင် စင်ကာပူဒေါ်လာ ၁၄၃၁ ဖြင့် အမြင့်ဆုံးရောက်ရှိခဲ့ပြီး၊ ၂၀၂၀ ပြည့်နှစ်ထက် ၅၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ သို့ရာတွင် မလေးရှားနိုင်ငံ၏ စားအုန်းဆီထုတ်လုပ်မှုကဏ္ဍသည် ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် လုပ်သားမလုံလောက်မှု အခက်အခဲ ဖြစ်ပေါ်လျက်ရှိပြီး၊ လက်ရှိ မိုးရာသီအတွင်း ဆိုးရွားသောအခြေအနေများကိုလည်း ကြုံတွေ့ရနိုင်ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူမြို့)

သတင်းရင်းမြစ်       The Business Times

 

Category: Singapore