Thailand

မိုးခေါင်မှုကြောင့်ထိခိုက်နေသောလယ်သမားများအတွက်ကူညီထောက်ပံ့မှုဘတ်ငွေ(၃.၁၂) ဘီလီယံရရှိ

Last Updated:

မိုးခေါင်မှုကြောင့် ထိခိုက်နေသောတောင်သူများကို ကူညီရန် ဘတ်ငွေ (၃.၁၂) ဘီလီယံ အကူအညီပေးရေးအစီအစဉ်ကို အစိုးရက တနင်္လာနေ့ (၂၄.၂.၂၀၂၀ ရက်နေ့) တွင် အတည်ပြုပေးခဲ့ပါသည်။ အစိုးရဒုတိယပြောရေးဆိုခွင့်ရှိသူ Rachada Dhanadirek ၏ အဆိုအရ အစိုးရ၏ ဗဟိုဘတ်ဂျက်မှ ထောက်ပံ့သော နောက်ဆုံးပေါ် ရန်ပုံငွေအစီအစဉ်မှာ ပြည်နယ် (၁၉) ခုမှ လယ်သမား (၅၃၈,၃၁၆) ဉီး အတွက် လွှမ်းခြုံထားပါသည်။

အကူအညီပေးရေးအစီအစဉ်တွင် အဓိကအားဖြင့် စီမံချက် (၅) ခုပါဝင်ကြောင်း၊ ရေအနည်းငယ်သာ အသုံးပြုပြီး သီးနှံစိုက်ပျိုးမည့်အစီအစဉ်၊ ဆန်စပါးထုတ်လုပ်မှု အတွက် အရေအတွက်နှင့် အရည်အသွေးပါ ထိန်းသိမ်းထုတ်လုပ်ဆောင်ရွက်ခြင်း၊ တီလားဗီးယားနှင့် ဉစားအသားစား ကြက်နှင့်ဘဲမွေးမြူရေးတို့ကို မြှင့်တင်ပေး ခြင်းဖြင့် လယ်သမားများအားအဆင့်အတန်းမြင့်မားစေရေး စသည့်အစီအစဉ်များဖြစ်ပါသည်။

ရေနည်းနည်းသာသုံးပြီးသီးနှံစိုက်ပျိုးကာ လယ်သမားများအားမြှင့်တင်ပေးမည့် အစီအစဉ်မှာ ဘတ်ငွေ (၃၄၈) သန်း ကုန်ကျမည်ဖြစ်ပြီး လယ်မြေ စုစုပေါင်း (၁.၄) သန်းရိုင် (Rai) နှင့် မိသားစုပေါင်း (၁၅၀,၀၀၀) ကို လွှမ်းခြုံသက်ရောက်စေမည်ဖြစ်ပါသည်။

၂၀၂၀-၂၀၂၁ သီးနှံနှစ်အတွက် ဆန်စပါး အရေအတွက်ပမာဏနှင့်အရည်အသွေးကိုထိန်း သိမ်းရန်အစီအစဉ်အနေဖြင့်ဘတ်ငွေ (၁.၇၄) ဘီလီယံကုန်ကျမည်ဖြစ်ကာ လယ်ယာမြေ ရိုင် (၆.၃၂) သန်းကို လွှမ်းခြုံနိုင်မည်ဖြစ်ပါသည်။ ဆန်စပါးစိုက်ပျိုးသည့် လယ်သမားမိသားစု (၈၂၇,၀၀၀) သည် အစိုးရ၏ ဤစီမံကိန်းနှင့် ချိတ်ဆက် ဆောင်ရွက်ကြမည်ဖြစ်ပါသည်။

Ms. Rachada၏ အဆိုအရ စုစုပေါင်းဘတ်ဂျက်၏ ဘတ်ငွေ(၂၆၀)သန်းမှာ တီလားဗီးယားမွေးမြူသူများကို မြှင့်တင်ရန် ရည်ရွယ်ထားပြီး ဤစီမံကိန်းတွင် မိသားစုပေါင်း (၅၀,၀၀၀) ခန့်ပါဝင်မည်ဟု မျှော်လင့်ရပါသည်။

ကျန်ရှိသောဘတ်ဂျက်ကို အပိုဝင်ငွေရရှိစေရန်အတွက် ဉစားအသားစား ကြက်နှင့်ဘဲ မွေးမြူရေးနှင့် ရေချိုပုဇွန် မွေးမြူသူများအားမြှင့်တင်ရန်ဖြစ်ပါသည်။ လယ်သမားများအနေဖြင့် အစီအစဉ်တစ်ခုတွင် ပါဝင်ခွင့်ပြုမည်ဖြစ်သော်လည်း မြေယာပိုင်ဆိုင်သောလယ်သမားများသည် ရေနည်းနည်းသာအသုံးပြုပြီး သီးနှံများ စိုက်ပျိုးရန်နှင့် ၂၀၂၀-၂၀၂၁သီးနှံရာသီအတွက် ဆန်စပါးအရေအတွက်နှင့် အရည်အသွေးထိန်းသိမ်းဆောင်ရွက်မည့်အစီအစဉ်များတွင် ပါဝင်ဆောင်ရွက်ရန် ဖြစ်ပါ သည်။

အစိုးရအဖွဲ့အနေဖြင့်လယ်ယာအထောက်အပံ့ရန်ပုံငွေများအား လယ်သမားများအားသူတို့၏ လယ်ယာမြေများရေပေးဝေရေးအတွက်အတိုးမဲ့ချေးငွေ ဒေါ်လာသန်း (၅၃၈)သန်းကို တိုးချဲ့ ခွင့်ပြုရန်ကိုလည်း အတည်ပြုပေးခဲ့ပါသည်။ ဤစီမံကိန်းကို ၂၀၂၀ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း အကောင်အထည်ဖေါ်ဆောင်ရွက်သွားမည်ဖြစ်ပြီး Grace Period (၂) နှစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

Source:Bangk Post                                                               

Category: Thailand