Thailand

မိုးခေါင်မှုနှင့်ဗိုင်းရပ်စ်ကြောင့် အလုပ်အကိုင်ရရှိမှုကို ထိခိုက်စေ

Last Updated:

ယခုနှစ်အတွက်ထိုင်းနိုင်ငံ၏အလုပ်အကိုင်ရရှိမှုအခြေအနေမှာများစွာသောဘေးအန္တရာယ်များနှင့် ရင်ဆိုင်နေရကြောင်း၊ နိုင်ငံအနှံ့မိုးခေါင်မှု၊ ပို့ကုန်တင်ပို့မှုကျဆင်းမှု၊ ၂၀၂၀ ခုနှစ်ဘတ်ဂျက် ခွဲဝေမှုနောက်ကျခြင်းနှင့် ဆက်လက်မြင့်မားစွာပျံ့နှံ့နေဆဲ ကိုရိုနာဗိုင်းရပ်စ်တို့နှင့်အတူများစွာသော ဘေးအန္တရာယ်များနှင့်ရင်ဆိုင်နေရပါသည်။အမျိုးသားစီးပွားရေးနှင့် လူမှုဖွံ့ဖြိုး တိုးတက်ရေး ကောင်စီ (NESDC)၏အတွင်းရေးမှူးချုပ်Thosaporn Sirisamphandက လယ်ယာစိုက်ပျိုးရေးကဏ္ဍအနေဖြင့် အလုပ်လက်မဲ့မှုအပေါ်  များစွာအထောက်အကူပြု အကူအညီပေးစေခဲ့ကြောင်း၊ သို့ရာတွင်ယခုနှစ်အတွက် တစ်နိုင်ငံလုံးအနှံ့မိုးခေါင်မှုကြောင့် လယ်ယာကဏ္ဍအနေဖြင့်မည်သို့မျှ မကူညီနိုင်ဘဲဖြစ်နေကြောင်းပြောကြားခဲ့ပါသည်။

မိုးခေါင်မှုက လယ်ယာကဏ္ဍတွင် အလုပ်အကိုင်ရရှိမှုကိုထိခိုက်စေပြီး လယ်သမားများ၏ ဝင်ငွေကိုလည်း လျှော့နည်းစေကြောင်း Mr. Thosaporn ကပြောကြားခဲ့ပါသည်။ ထိုင်း မိုးလေဝသဉီး စီးဌာန၏ ထုတ်ပြန်ကြေငြာချက်အရ ယခုနှစ် ဇန်နဝါရီလတွင် ရေကာတာများ နှင့် ရေလှောင်ကန်များမှ ရေပေးဝေမှုနှင့်ပတ်သက်၍ နှင့်ယခုနှစ်မိုးခေါင်မှုသည် နှစ်ပေါင်း(၆၀)အတွင်း အဆိုးဝါးဆုံးဖြစ်ကြောင်း၊စုစုပေါင်းရေပေးဝေနိုင်မှုမှာ (၁၈.၄)ဘီလီယံကုဗမီတာရှိကြောင်း၊ ၎င်းမှာ စုစုပေါင်းရေသိုလှောင်ထားမှု ပမာဏ၏ (၂၅.၉%)ရှိကြောင်း၊ ၎င်းမှာ နှစ်ပေါင်း(၄၀)အတွင်း အနိမ့်ဆုံးရေ(level)အဆင့်ဖြစ်ပါသည်။

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုက ခရီးသွားလုပ်ငန်းကိုထိခိုက်စေပါသည်။ ရောဂါဖြစ်ပွားမှုကို မထိန်းချုပ်နိုင်လျှင် အဓိက ဝန်ဆောင်မှုကဏ္ဍ(၃)ခုဖြစ်သော လက်လီလက်ကားရောင်းဝယ်မှု၊ သယ်ယူပို့ဆောင်ရေး(Transport)၊ ဟိုတယ်နှင့် စားသောက်ဆိုင်လုပ်ငန်း ကဏ္ဍများကိုထိခိုက်စေမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။

ကူးစက်ရောဂါများနှင့်နောက်ဆက်တွဲ စိုးရိမ်မှုများသည် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် အလုပ်အကိုင်ရရှိမှုအပေါ် သက်ရောက်မှုရှိစေလိမ့်မည် ဖြစ်ကြောင်းလည်း၎င်းက ပြောကြားခဲ့ပါသည်။ ဗိုင်းရပ်စ်အသစ်ကူးစက်ဖြစ်ပွားမှုသည် ခရီးသွားလုပ်ငန်းအပေါ် လွန်စွာထိခိုက်စေပြီး၊ အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးနှင့် ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက် များကို အနှောင့်အယှက် ဖြစ် စေကြောင်း Mr. Thosaporn က ပြောကြားခဲ့ပါသည်။ မိမိတို့အနေဖြင့် ယခုကပ်ရောဂါမှာ အလုပ်အကိုင်ဖန်တီးမှုကို ပထမသုံးလပတ် တွင် လျှော့ကျစေမည်ဖြစ်ပြီး ဆက်လက်၍ ဧပြီလအထိ ဆက်လက်ဖြစ်ပွားနိုင်သည်ဟု ခန့်မှန်းကြောင်း၎င်းက ပြောကြားခဲ့ပါသည်။

Mr. Thosaporn က ကပ်ရောဂါ၏ သက်ရောက်မှုအပေါ် စောင့်ကြည့်ရန် လိုအပ် သော ကြောင့် ပထမ(၃)လပတ်အတွက်နှင့် တစ်နှစ်ပတ်လုံးအတွက် အလုပ်လက်မဲ့နှုန်းကို ခန့်မှန်း ရန် စောသေးကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းက ယခုနှစ်အတွက် (၁.၄%) သာတိုးမြင့်မည်ဟု မျှော်လင့်ရသော ပို့ကုန်လုပ်ငန်းတွင် အလုပ်အကိုင်ရရှိမှုလျှော့နည်းနိုင်ကြောင်း၊  ဘတ်ဂျက် ခွဲဝေမှု နှောင့်နှေးခြင်း၊  အထူးသဖြင့် စီမံကိန်းသစ်များအတွက် ရင်းနှီးမြှုပ်နှံမှု ဘတ်ဂျက်များက ၂၀၂၀ ခုနှစ်အတွက် စီးပွားရေးကို မျှော်မှန်းထားသည်ထက်နှေးကွေးစေမှာဖြစ်ကြောင်း၊ ၎င်းမှာ အလုပ်အကိုင်ရရှိမှုကိုပါထိခိုက်စေမှာဖြစ်ကြောင်း၊အထူးသဖြင့်ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍများ ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

အမျိုးသားစီးပွားရေးနှင့်လူမှုဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (NESDC)မှ ၂၀၁၉ ခုနှစ် စတုတ္ထ ( ၃) လပတ်တွင် အလုပ်အကိုင်ရရှိမှု (၃၇.၅) သန်းရှိခဲ့ကြောင်း၊ နှစ်အလိုက်တွင် ၂၀၁၈ခုနှစ် စတုတ္ထ(၃)လပတ်ကထက် (၁.၁%)ကျဆင်းသွားခြင်းဖြစ်ကြောင်း၊ ၎င်းမှာ တတိယမြောက် ဆက်တိုက်ကျဆင်းခြင်းဖြစ်ကြောင်းတင်ပြခဲ့ပါသည်။

စိုက်ပျိုးရေးကဏ္ဍတွင်အလုပ်အကိုင်ရရှိမှုမှာ(၁.၆%)ကျဆင်းသွားကြောင်း၊ အခြားစိုက်ပျိုးရေး မဟုတ်သောကဏ္ဍတွင် အလုပ်အကိုင်ရရှိမှုမှာ (၀.၉%) ကျဆင်းသွားခဲ့ပါသည်။ ရုံးအနေဖြင့် ထိုင်းနိုင်ငံ၏ အလုပ်လက်မဲ့နှုန်းသည် စုစုပေါင်းလုပ်သား အင်အား၏ (၁.၀၄%) (သို့မဟုတ်) လူဉီးရေ(၃၇၀,၀၀၀)ထက်အတော်လေး နိမ့်ကျနေဆဲဖြစ်ကြောင်းတင်ပြခဲ့ပါသည်။ ၎င်းသည် ၂၀၁၈ ခုနှစ် ကာလတူအချိန်ရှိ (၀.၉၃%)မှ တိုးတက်လာခြင်းဖြစ်ပြီး အဆိုပါကာလတွင် စုစုပေါင်း (၃၅၉,၀၀၀) ဉီး ဖြစ်ပါသည်။ (၃) လပတ် အလိုက်ဆိုပါက တတိယ (၃) လပတ်တွင် အလုပ်လက်မဲ့နှုန်းမှာ (၁.၀၄%) (သို့မဟုတ်) လူဉီးရေ (၃၅၉,၀၀၀) ဖြင့် မပြောင်းလဲပဲရှိနေကြောင်း၊ စတုတ္ထ(၃) လပတ်တွင် အလုပ်အကိုင်ရရှိသူဉီးရေအင်အားမှာ စုစုပေါင်း (၃၈) သန်းရှိပြီး ၎င်းမှာ နှစ်အလိုက်တွင် (၁.၁%) ကျဆင်းသွားခြင်းဖြစ်ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

Source:Bangk Post                                                               

Category: Thailand