India (Delhi)

မိုးသည်းထန်လျက် ရေကြီးမှုများကြောင့် သီးနှံစိုက်ဧရိယာ ဟက်တာ ၂၁ သိန်းကျော် ထိခိုက် ပျက်စီးကြောင်း အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးက ပြောကြားခြင်း

Last Updated:

အိန္ဒိယနိုင်ငံ၌ ၂၀၂၀-၂၀၂၁ ခုနှစ် မုတ်သုံသီးနှံရာသီကာလတွင် နိုင်ငံ၏မြောက်ပိုင်းရှိ နေရာဒေသအချို့မှအပ နိုင်ငံတစ်ဝန်းလုံး၌ မိုးကောင်းစွာရွာသွန်းခဲ့ခြင်းကြောင့် သီးနှံများစိုက်ပျိုးမှုမှာ ယခင်နှစ်ကထက် ဧရိယာ ဟက်တာသိန်းပေါင်း ၆၀ ကျော် ပိုမိုတိုးချဲ့ စိုက်ပျိုးနိုင်ခဲ့သော် လည်း ပြည်နယ်အချို့၌ မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခြင်းတို့ကြောင့် စိုက်ခင်းများ ထိခိုက်ပျက်စီး ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ပါသည်။

အိန္ဒိယစိုက်ပျိုးရေးနှင့် တောင်သူလယ်သမားများဖူလုံရေး ဝန်ကြီး Mr. Narendra Singh Tomar က ၁၈.၉.၂၀၂၀ နေ့တွင် ကျင်းပသည့် ရာဂျာဆာဘ လွှတ်တော်အစည်းအဝေး၌ ယခုနှစ် မိုးရာသီ၌ သီးနှံစိုက်ခင်းများ ထိခိုက်မှုဖြစ်ပေါ်သည့် အခြေအနေနှင့် ပတ်သက်၍ နိုင်ငံအတွင်း ပြည်နယ် ၁၅ ခု၌ မိုးသီးနှံဧရိယာ ဟက်တာ ၂၁ သိန်းကျော်သည် ထိခိုက်ပျက်စီးခဲ့သည်ဟု တင်ပြခဲ့ကြောင်း သိရှိရပါသည်။

ရာဂျာဆာဘလွှတ်တော်သို့ ဝန်ကြီး Mr. Tomar က စာဖြင့်‌ ရေးသားတင်ပြမှုအား အိန္ဒိယ သတင်းဌာနများမှ ဖော်ပြချက်အရ မိုးသည်းထန်လျက် ရေကြီးမှုများကြောင့် သီးနှံစိုက်ခင်းများ ထိခိုက်ပျက်စီးသည့် ပြည်နယ်များအနက် ဘီဟာပြည်နယ်သည် ဟက်တာ ၉.၂၂ သိန်းကျော်ဖြင့် စပါး၊ ပြောင်းနှင့် သစ်သီးဝလံဟင်းသီးဟင်းရွက်များ ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ပေါ်ခဲ့ကြောင်း၊ ကာနာတကာပြည်နယ်၌ စပါး၊ ပဲစင်းငုံ၊ ပဲတီစိမ်း၊ ဝါဂွမ်း၊ ပဲပုတ်စေ့နှင့် အခြားနှံစားသီးနှံများ စိုက်ပျိုးဧရိယာ ဟက်တာ ၃.၃၁ သိန်းခန့် ပျက်စီးမှုရှိကြောင်း၊ ဩရိသျှပြည်နယ်တွင် သီးနှံများ တတိယအများဆုံးပျက်စီးမှုရှိပြီး စပါးနှင့် သစ်သီးဝလံပန်းမန် ဟက်တာ ၂.၂၁ သိန်းခန့် ထိခိုက်ခဲ့ကြောင်း၊ အာသံပြည်နယ်၌ စပါး၊ ပြောင်း၊ ဂုန်လျှော်နှင့် ဟင်းသီးဟင်းရွက် စိုက်ခင်းများ ဧရိယာ ဟက်တာ ၁.၉ သိန်းခန့် ထိခိုက်မှုရှိကြောင်း၊ မဟာရတ္ထပြည်နယ်တွင် ဝါဂွမ်း၊ နှံစားပြောင်း၊ ပဲစင်းငုံနှင့် နနွင်းစိုက်ခင်း ဟက်တာ ၁.၇ သိန်း ခန့် ပျက်စီးကြောင်း၊ တဲလန်ဂါနာပြည်နယ်၌လည်း စပါး၊ ဝါ၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံနှင့် ဟင်းသီးဟင်းရွက် စိုက်ခင်းပေါင်း ဟက်တာ ၁.၄၃ သိန်းကျော် ထိခိုက် ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့ သီးနှံစိုက်ခင်းများ ထိခိုက်ပျက်စီးမှုအပေါ် တောင်သူလယ်သမားများအနေဖြင့် သက်သာမှုရရှိစေရန်အတွက် ပြည်နယ်များ၌ သဘာဝဘေးအန္တရာယ်တုန့်ပြန်ရေး ရန်ပုံငွေများကို ထူထောင်ထားပြီးဖြစ်ရာ သက်ဆိုင်ရာ ပြည်နယ်အစိုးရများက တာဝန်ယူဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ထို့အပြင်ပြည်နယ်များ၌ ရန်ပုံ‌ငွေလုံလောက်မှုမရှိပါက ထိခိုက်ဆုံးရှုံးမှုများပြားသည့် ကိစ္စရပ်များအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ရန်ပုံငွေမှပံ့ပိုးမှုပြုနိုင် ကြောင်းဖြင့်လည်း အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးက ပြောဆိုခဲ့ပါသည်။

ယခုနှစ် မုတ်သုံရာသီကာလတွင် မိုးသည်းထန်လျက် ရေကြီးမှုများကြောင့် ဂူဂျရတ်နှင့် မဒ္ဒရာပရာဒေ့ရှ် ပြည်နယ်တို့တွင် မြေပဲ၊ ဝါဂွမ်း၊ ပဲပုတ်စေ့နှင့် အခြားပဲမျိုးစုံစိုက်ခင်းများမှာ ဟက်တာ ၇ သိန်းမှ ၈ သိန်းခန့်အထိ အသီးသီး ရေလွှမ်းမိုးထိခိုက်မှုများဖြစ်ပေါ်ခဲ့ကြောင်း ပြည်တွင်းရှိ သတင်းဌာနများက ရေးသားဖော်ပြမှုများရှိကြသော်လည်း သက်ဆိုင်ရာပြည်နယ်အာဏာပိုင်များက အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာနသို့ သတင်းပေးပို့မှုမရှိသေးကြောင်း သိရှိရပါသည်။

 

 

2020 Monsoon crop flood & heavy rain affected areas in India

No.

State

Affected Area (hectare)

Affected Crop

1

Bihar

922039

Paddy, Maize, Fruits and Vegetables

2

Karnataka

331335

Paddy, Cotton, Redgram, Greengram, Soybean, Blackgram, Jowar, Groundnut, Maize Sugarcane, Ragi, Bajra, Foxtail Millet, Cowpea, Sesamum, Sunflower and Tobacco

3

Odisha

221262

Paddy and Horticulture

4

Assam

190177

Rice, Maize, Jute, Pulses and Vegetables

5

Maharashtra

170899

Groundnut, Tur, Cotton, Jowar, Turmeric, Maize, Sugarcane, Soybean and Vegetables

6

Telangana

143388

Paddy, Cotton, Redgram, Greengram, Soybean, Blackgram, Jowar, Groundnut, Maize, Sugarcane, Banana, Guava, Apple, Oil Palm, Turmeric, Chilly, Papaya, Drumstick, Vegetables, Flowers, and Red Chilli

7

Andhra Pradesh

52552

Banana, Vegetables, Betelvine, Onion, Papaya, Flowers, Yam, Chillis and Tomato

8

Himachal Pradesh

35341

Maize, Paddy, Kharif Pulses and Vegetable Crops

9

Punjab

24403

Cotton, Paddy and Other Crops

10

Chhattisgarh

12615

Soyabean and Other Crops

11

Arunachal Pradesh

6865

Paddy, Maize, Millets, Pulses, Oilseeds, Vegetables, Fruits and Plantation Crops

12

Kerela

4754

Coconut, Cardamom, Ginger, Tuber Crops, Turmeric, Cashew, Rubber, Pepper, Tapioca, Beetelvine, Vegetables, Arecanut, Banana, Coffee, Pineapple and Paddy

13

Tamil Nadu

787

Paddy, Maize, Gingelly, Groundnut, Sugarcane, Jowar/Sorghum, Pulses/Green Gram and Coconut

14

Gujarat

Under data collection

 

15

Madhya Pradesh

Under data collection

Soyabean, Maize, Arhar, Urad, Moong and Paddy

 

Total

2116417

 

 

 

 

 

 

(မြန်မာစီးပွားရေးသံမှူး၊ အိန္ဒိယနိုင်ငံ)

Source:         1. Heavy rains affected crops like paddy, pulses, oilseeds, vegetables, 18 Sept 2020, Business Standard

                    2. Kharif area up, but rains hit standing crops in 15 states, 18 Sept 2020, The Hindu Business Line

Category: India (Delhi)