Korea

မြန်မာသံရုံးသို့ INNO Group မှ မြန်မာနိုင်ငံအတွက် PPE Level D Kit Full Set အစုံ (၂,၀၀၀) အား ပေးအပ်လှူဒါန်းခြင်း

Last Updated:

ကိုရီးယားသမ္မတနိုင်ငံ အခြေစိုက် INNO Group မှ ဉက္ကဋ္ဌဖြစ်သူ  Mr. Seog-Chang Son သည် ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးသန့်စင်အား ၁၃-၅-၂၀၂၀ ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် လာရောက်တွေ့ဆုံ၍ မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော COVID-19 ရောဂါကုသ၊ ထိန်းချုပ်၊ ကာကွယ်ရေး လုပ်ငန်းစဉ်တွင် အသုံးပြုနိုင်ရန်အတွက် သံအမတ်ကြီးနှင့် ယခင်တွေ့ဆုံဆွေးနွေးထားသည့် INNO Group မှ မြန်မာနိုင်ငံသို့ လှူဒါန်းမည့် ဆေးပစ္စည်းများအနက်  မြန်မာကျပ်ငွေ သိန်း(၁,၀၀၀)နှင့်ညီမျှ‌သော Du Pont ကုမ္ပဏီထုတ် PPE Level D Kit Full Set အစုံ (၂,၀၀၀) အားပေးအပ်ခဲ့ပြီး၊ သံအမတ်ကြီးမှ INNO Group သို့ ကျေးဇူးတင်ဂုဏ်ပြုလွှာပြန်လည်ပေးအပ်ခဲ့ပါသည်။

အဆိုပါ PPE Level D Kit Full Set အစုံ (၂,၀၀၀) အား Myanmar Airways International (MAI) လေကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံသို့ ဆောလျင်စွာ ဆက်လက် ပို့ဆောင်သွားမည်ဖြစ်ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကိုရီးယားနိုင်ငံ)
 

Category: Korea