China(Nanning)

ယခုနှစ်အတွင်း တရုတ်နိုင်ငံ၏ ကောက်ပဲသီးနှံအထွက်နှုန်း (၂) ရာခိုင်နှုန်း ပိုမိုလာ

Last Updated:

ယခုနှစ်အတွင်း တရုတ်နိုင်ငံ၏ ကောက်ပဲသီးနှံအထွက်နှုန်းမှာ ကီလိုဂရမ် (၆၈၃) ဘီလီယံရှိခဲ့ကာ ယခင်နှစ်ကထက် (၂) ရာခိုင်နှုန်းပိုမိုလာကြောင်း တရုတ်အမျိုးသား စာရင်းအင်းဗျူရိုက ဒီဇင်ဘာလ (၆) ရက်နေ့က ထုတ်ဖော်ပြောကြားခဲ့ပါသည်။

ယခုနှစ်နှင့်ပါဆိုလျှင် ကောက်ပဲသီးနှံအထွက်နှုန်း ကီလိုဂရမ် (၆၅၀) ဘီလီယံ ကျော်ရှိခဲ့သည်မှာ (၇) နှစ်ဆက်တိုက်ရှိပြီ ဖြစ်ပါသည်။

ယခုနှစ်အတွင်း ဒေသအချို့၌ ရာသီဉတုအခြေအနေများ ဆိုးရွားခဲ့သော်လည်း အထွက်နှုန်းပိုမိုလာခြင်း ဖြစ်ပါသည်။                

တရုတ်နိုင်ငံ၏ ကောက်ပဲသီးနှံစိုက်ပျိုးသည့်ဧရိယာမှာ (၀.၇) ရာခိုင်နှုန်းပိုမိုလာကာ၊ ဂျုံစိုက်ပျိုးမြေ (၀.၈) ရာခိုင်နှုန်းပိုမိုလာကြောင်း၊ တစ်မူ (mu) (၀.၀၆၇ ဟက်တာ ခန့်) လျှင် ကောက်ပဲသီးနှံအထွက်နှုန်း (၁.၂) ရာခိုင်နှုန်းပိုမိုလာပြီး၊ အထွက်နှုန်းမြင့် ပြောင်းစိုက်ပျိုးသည့်ဧရိယာလည်း မြင့်တက်လာကြောင်း သိရပါသည်။

တရုတ်နိုင်ငံ၏ ပြည်နယ် (၃၁) ခုအနက် ရှင်းကျန်း၊ အန်းဝေ၊ ဟူနန်၊ စီချွမ်းနှင့် ရှန်တုန်းပြည်နယ်များအပါအဝင် (၂၇) ခုတွင် ကောက်ပဲသီးနှံအထွက်နှုန်း ကီလိုဂရမ် သန်း (၅၀၀) ကျော် တိုးတက်လာကြောင်း သိရပါသည်။

ယခုနှစ်အတွင်း လယ်ယာစိုက်ပျိုးရေးသွင်းအားစုဈေးနှုန်းများ မြင့်တက်လာရာ လယ်သမားများအတွက် အထောက်အပံ့များပေးခြင်းနှင့်  သဘာဝဘေးအန္တရာယ် ထိန်း ချုပ်ရေးတို့ကို အရှိန်မြှင့်တင်၍ ဆောင်ရွက်ခဲ့ခြင်းဖြင့် ကောက်ပဲသီးနှံအထွက်နှုန်းကို ထိန်းထားရန် တရုတ်နိုင်ငံက စီမံဆောင်ရွက်ခဲ့ပါသည်။

လာမည့် (၅) နှစ်မှ (၁၅) နှစ်ကာလအတွင်း တရုတ်နိုင်ငံ၏ လူမှုရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အသေးစိတ်စီမံချက်အရ စားသောက်ကုန်စိတ်ချလုံခြုံမှုရှိစေရေး အတွက် အားထုတ်ကြိုးပမ်းဆောင်ရွက်သွားမည်ဟု သတင်းရရှိပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ ရင်းမြစ်၊ Xinhua (၆-၁၂-၂၀၂၁)

Category: China(Nanning)