China(Nanning)

ရပ်ဝန်းနှင့် ပိုးလမ်းမ ရင်းနှီးမြှုပ်နှံမှု အပတ်စဉ်သတင်း

Last Updated:

 ယခုရက်သတ္တပတ်အတွင်း တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်း၌ ထပ်မံပါဝင်လာသည့် နိုင်ငံ (၂) နိုင်ငံရှိလာသည့်အတွက် စီမံကိန်းဝင်နိုင်ငံစုစုပေါင်းမှာ (၁၄၄) နိုင်ငံရှိသွားပြီ ဖြစ်ပါသည်။  ထပ်မံပါဝင်လာသည့် နိုင်ငံများမှာ ဆီးရီးယားနှင့် နီဂရာဂွာတို့ ဖြစ်ပါ သည်။

ဆီးရီးယားနိုင်ငံတွင် စစ်မက်ဖြစ်ပွားခဲ့မှုကြောင့် စွမ်းအင်ဖြန့်ဖြူးရေးနှင့် ကုန်စည်သယ်ယူပို့ဆောင်မှုလမ်းများ တည်ဆောက်ရေး စသည့် အခြေခံအဆောက်အအုံ အမြောက်အမြားကို ပြန်လည်တည်ဆောက်ရန် လိုအပ်နေရာ တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သွားဖွယ်ရှိပါသည်။  

တရုတ်နိုင်ငံ၏ နိုင်ငံပိုင် စီးပွားရေးအဖွဲ့အစည်းများကို ပေါင်းစပ်လိုက်သည့် ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်ခြင်းကလည်း နိုင်ငံတကာတွင် အမည်ပေါက်သည့် အစုရှယ်ယာများကို ဒေါ်လာဘီလီယံနှင့်ချီ၍ ထုတ်ရောင်းနိုင်ဖွယ် ရှိနေပါသည်။

ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းသို့ အသစ်ပါဝင်လာသည့် နီဂရာဂွာနိုင်ငံ၏ အဓိကကုန်သွယ်ဖက်နိုင်ငံမှာ အမေရိကန်ပြည်ထောင်စု ဖြစ် နေသော်လည်း တရုတ်နိုင်ငံက အဓိကကုန်သွယ်မှုမိတ်ဖက်နိုင်ငံဖြစ်လာမည်ဟု ခန့်မှန်းနေကြပါသည်။

လက်ရှိအချိန်တွင် ရုရှားနိုင်ငံသည် ၎င်း၏ ကုန်ထုတ်လုပ်မှုကွင်းဆက်တွင် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ဆောင်ရွက်ခြင်းကို ရှောင်ရှားလာပြီး အာရှနိုင်ငံများနှင့် ပိုမိုနီးကပ်စွာ ဆောင်ရွက်လာပါသည်။ လက်ရှိတွင် Barents ပင်လယ်နှင့် ဆက်သွယ်ထားသည့် အာတိတ်ရထားလမ်းချိတ်ဆက်မှုကို ရုရှားနိုင်ငံက လေ့လာနေပြီး၊ အဆိုပြုလွှာများတွင် ၂၀၂၅ ခုနှစ်၌ တန်ချိန်သန်း (၂၀၀) လုပ်ငန်း ဆောင်ရွက်နိုင်စွမ်းရှိသည့် အာတိတ်သမုဒ္ဒရာဆိပ်ကမ်းအသစ်ဖြစ်သည့် Indiga သို့ ရထားလမ်းချိတ်ဆက်မှုများကိုလည်း ထည့်သွင်း ထားဖွယ်ရှိပါသည်။

ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းတစ်လျှောက် ဒစ်ဂျစ်တယ်အတတ်ပညာများက အနာဂတ် ကမ္ဘာလုံးဆိုင်ရာနည်းပညာ စံချိန်စံညွှန်းများ ကို သတ်မှတ်နိုင်လာမည်ဖြစ်ပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ China Briefing (၁၈-၁-၂၀၂၂)

Category: China(Nanning)