China(Nanning)

ရေလွှမ်းမိုးရာဒေသများသို့ အရေးပေါ်ကယ်ဆယ်ရေးများ ပြုလုပ်နေသည့် တရုတ်နိုင်ငံ

Last Updated:

တရုတ်နိုင်ငံ၊ ကွမ်ကျိုးပြည်နယ် အနောက်တောင်ဘက်ဒေသတွင် ကြီးမားသည့် ရေလွှမ်းမိုးမှုကြောင့် အဆင့်(၄) အရေးပေါ်အခြေအနေ ကြေငြာထားရကြောင်း၊ သဘာဝဘေးမှ လွတ်မြောက်ရေးဆောင်ရွက်ချက်များအပေါ် လမ်းညွှန်မှုပြုနိုင်ရန် ဘေးသင့်ရာဒေသများသို့ အထူးလုပ်ငန်းအဖွဲ့ စေလွှတ်ထားကြောင်း သဘာဝဘေးအန္တရာယ်လျှော့ချရေး တရုတ် အမျိုးသားကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရပါသည်။  အဆင့် (၄) အရေးပေါ်အခြေအနေမှာ တရုတ်နိုင်ငံ၏ အမျိုးသားအဆင့်အရေးပေါ်တုန့်ပြန်ရေး အဆင့် (၄) ဆင့်အနက် အနိမ့်ဆုံးအဆင့်ဖြစ်ပါသည်။

ဇွန်လ (၈) ရက်နေ့ နံနက် (၇) နာရီမှ စတင်ဖြစ်ပွားခဲ့သော ရေကြီးမှုကြောင့် ဒေသခံ (၄၃၈,၀၀၀) အား ကယ်ဆယ်မှုများပြုလုပ်ခဲ့ရပြီး လူ (၁၀) ဉီးသေဆုံးကာ (၁၄) ဉီး ပျောက်ဆုံး နေပါသည်။ ထို့ပြင် အိမ်ခြေပေါင်း (၁၀၀) ခန့် ပြိုကျကာ အိမ်ခြေ (၈,၀၀၀) ကျော်မှာ ပျက်စီးမှုများ ကြုံတွေ့နေရကြောင်း၊ ရေကြီးမှုကြောင့်  စီးပွားရေးအပေါ် တိုက်ရိုက်သက်ရောက် မှု ကြောင့် ယွွမ်ငွေ သန်း (၈၈၀)ခန့် (အမေရိကန် ဒေါ်လာ ၁၂၄ သန်းခန့်) ဆုံးရှုံးမှုရှိကြောင်း သိရပါသည်။

ကွမ်တုန်းပြည်နယ်သည် လျှပ်စစ်ကုန်ပစ္စည်းများ၊ အထည်အလိပ်များနှင့် သားရေထည် အသုံးအဆောင်များ၊ ဟိုတယ်လုပ်ငန်းသုံးပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများနှင့် ကြွေထည် ပစ္စည်းများ၊ ရှေးဟောင်းနှင့် ကျောက်စိမ်းလက်ဝတ်ရတနာများ၊ ရုံးသုံးပစ္စည်းများ၊ နာရီနှင့် မျက်မှန်ကဲ့သို့သော လူသုံးကုန်ပစ္စည်းများ၊ အရုပ်နှင့် လက်ဆောင်ပစ္စည်းများ၊ မီးအလှဆင် သည့်ပစ္စည်းများကြောင့် လူသိများသည့် ပြည်နယ်ဖြစ်ပါသည်။ ပုလဲမြစ်ပေါ်တွင်တည်ရှိပြီး၊ ဟောင်ကောင်၏ မြောက်ဘက်၊ အနောက်မြောက်ဘက်တို့နှင့် (၁၂၀) ကီလိုမီတာခန့်၊ မကာအို၏ မြောက်ပိုင်းနှင့် (၁၄၅) ကီလိုမီတာခန့် နီးကပ်စွာသည့်ပြည်နယ်ဖြစ်ကာ တရုတ်နိုင်ငံတောင်ပိုင်းရှိ လူနေအထူထပ်ဆုံး ပြည်နယ်ဖြစ်ပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ ဆင်ဟွာ (၁၅-၆-၂၀၂၀)

Category: China(Nanning)