China(Nanning)

လန်ချန်း-မဲခေါင်နိုင်ငံများနှင့် စိုက်ပျိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာလာသည့် ကွမ်ရှီး

Last Updated:

လန်ချန်း-မဲခေါင်ဒေသတွင် စိုက်ပျိုးရေးသိပ္ပံနှင့် နည်းပညာဖလှယ်မှုများ၊ စီးပွား ရေးနှင့် ကုန်သွယ်ရေးဖလှယ်မှုများကို မြှင့်တင်ရန်နှင့် စိုက်ပျိုးရေးဆိုင်ရာနှင့် ကျေးလက်ဆိုင်ရာ ကျွမ်း ကျင်မှုများကို လေ့ကျင့်သင်ကြားပေးရန် ရည်ရွယ်၍ လန်ချန်း-မဲခေါင် စိုက်ပျိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးစင်တာ၏ ကွမ်ရှီးရုံးခွဲအား ဇွန်လ (၈) ရက်နေ့တွင် တည်ထောင် လိုက်ပြီဖြစ်ပါသည်။

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအား ၂၀၁၆ ခုနှစ်တွင် ဒေသခွဲပူးပေါင်းဆောင်ရွက်ရေးယန္တရား၏ ပုံစံသစ်တစ်ရပ်အဖြစ် လန်ချန်း-မဲခေါင်မြစ်ဝှမ်းရှိ နိုင်ငံ (၆) နိုင်ငံက ပူးတွဲ လျက်စတင်ခဲ့ပြီး ထိုပူးပေါင်းဆောင်ရွက်မှုမှာ ရပ်ဝန်းနှင့် ပိုးလမ်းမ တည်ဆောက်ရန် ၎င်းနိုင်ငံများအတွက် အရေးပါသည့် ပေါင်းကူးနေရာဖြစ်လာပါသည်။

ကွမ်ရှီးစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဌာန၏ အချက်အလက်များအရ ကွမ်ရှီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် မြန်မာ၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံများတွင် တရုတ်-အာဆီယံ ကောက်ပဲသီးနှံစမ်းသပ်ရေးဌာနနှင့် နိုင်ငံခြား စိုက်ပျိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သရုပ်ပြနယ်မြေများအပါအဝင် စီမံကိန်းများကို အောင်မြင်စွာ အကောင်အထည် ဖော်လျက်ရှိကြောင်း၊ ကွမ်ရှီး၏ လုပ်ငန်းပေါင်း (၅၀) တို့က လန်ချန်း-မဲခေါင်နိုင်ငံများတွင် စိုက်ပျိုးရေးဆိုင်ရာရင်းနှီးမြှုပ်နှံမှုများနှင့် သိပ္ပံနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်မှုများကို စတင်လာခဲ့ပြီး၊ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာသန်း (၉၀၀) ကျော်ရှိပြီဖြစ်ကြောင်း သိရပါသည်။

ဒေသအတွင်း လန်ချန်း-မဲခေါင် ရန်ပုံငွေလယ်ယာစိုက်ပျိုးရေးဆိုင်ရာစီမံကိန်းများ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် အကောင်အထည်ဖော်မှုများကို ဖော်ဆောင်ရန် အသစ်တည်ထောင် လိုက်သည့် ကွမ်ရှီးရုံးခွဲက ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ၊ သိပ္ပံဆိုင်ရာ၊ ကုန်သွယ်ရေးဖလှယ်မှုဆိုင်ရာနှင့် စိုက်ပျိုးရေးနှင့် လန်ချန်း-မဲခေါင်ဒေသတွင် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသများသို့ ဆက်နွယ်နေသည့် အသိပညာများ လေ့ကျင့်သင်ကြားပေးမှုများကို အကောင်အထည်ဖော်ဆောင်သွားမည် ဖြစ်ပါသည်။

၎င်းစင်တာသည် ဒေသတွင်း နိုင်ငံများရှိ စိုက်ပျိုးရေးဆိုင်ရာဌာနများ၏ အဆင့်မြင့်အရာရှိများအကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုကိုလည်း မြှင့်တင်သွားမည်ဖြစ်ပါသည်။

အနာဂတ်တွင် နယ်စပ်ဖြတ်ကျော် စိုက်ပျိုးရေးဆိုင်ရာစီးပွားရေးနှင့် တည်ဆောက်ရေးပေါင်းကူးနေရာတွင် ပူးပေါင်းဆောင်ရွက်ရေးအားဖြင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ အလယ်- တောင်ပိုင်းနှင့် လန်ချန်း- မဲခေါင်နိုင်ငံများအကြား ဉီးဆောင်မှုအခန်းကဏ္ဍတွင် ပါဝင်နိုင်ရန်အတွက်  အကောက်ခွန်နှင့် အခြားဌာနများအကြား ဆက်စပ်မှုကို အားကောင်း ခိုင်မာစေရေး၊  ဒေသအတွင်း၌ ပေါင်းစည်းထားသည့် မူဝါဒများ၊ ရန်ပုံငွေများနှင့် လူ့စွမ်းအားအရင်းအမြစ်များကို ထပ်ဆောင်းနိုင်စေရေးတို့အတွက် လန်ချန်း-မဲခေါင် စိုက်ပျိုးရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုစင်တာ၏ ကွမ်ရှီးရုံးခွဲကို အားထားဆောင်ရွက်သွားမည်ဖြစ်ပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ en.gxzf.gov.cn (၁၅-၆-၂၀၂၀)

Category: China(Nanning)