China(Nanning)

လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ထုတ်လုပ်မှုများအတွက် ပံ့ပိုးကူညီပေးရန် တရုတ်ဝန်ကြီးချုပ် အလေးအနက်ပြောကြား

Last Updated:

ယခုနှစ်အတွင်း တရုတ်နိုင်ငံ၏ နှစ်စဉ်ကောက်ပဲသီးနှံထွက်ရှိမှုကို ကီလိုဂရမ် (၆၅၀) ဘီလီယံထက် ကျော်လွန်စေရန် လယ်ယာ စိုက်ပျိုးရေးဆိုင်ရာထုတ်လုပ်မှုများအတွက် ပိုမို၍ ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် မစ္စတာလီခကျင်းက ဖေဖော်ဝါရီလ (၃) ရက်နေ့တွင် ရှန်တုန်းပြည်နယ်၌ ကျင်းပခဲ့သည့် နွေဦးရာသီလယ်ယာစိုက်ပျိုးရေးဆိုင်ရာ ထုတ်လုပ်မှု အမျိုးသားအဆင့် ညီလာခံ၌ အလေးအနက်ပြောကြားခဲ့ပါသည်။

လက်ရှိအချိန်တွင် ဂျုံပျိုးပင်ပေါက်များဖွံ့ဖြိုးမှုမှာ အားနည်းနေသေးကြောင်း၊ အပင်ရောဂါများ၊ ပိုးမွှားကျရောက်မှုများနှင့် ရာသီ ဥတုဆိုးရွားပြင်းထန်မှုများကို ကြိုတင်သိမြင်ကာကွယ်၍ နွေရာသီအထွက်နှုန်းပိုလျှံစေရန် ဆောင်ရွက်သင့်ကြောင်း၊ လယ်ယာ စိုက်ပျိုးရေးထုတ်လုပ်မှုအတွက် ပံ့ပိုးကူညီမှုပေးခြင်း၊ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ သွင်းအားစုများကို အာမခံပေးမှုများနှင့် ၎င်းတို့ ၏ဈေးနှုန်းများကို တည်ငြိမ်စေခြင်းနှင့် နွေဦးကာလ လယ်ယာစိုက်ပျိုးရေးကို ကောင်းမွန်စွာစတင်ဆောင်ရွက်နိုင်ရန် သေချာစေ ခြင်းတို့ဖြင့် ပိုမိုအားထုတ်ကြိုးပမ်းသွားရန်လိုအပ်ကြောင်း ဝန်ကြီးချုပ်က ညီလာခံတွင် တိုက်တွန်းပြောကြားခဲ့ပါသည်။

အဆိုပါညီလာခံတွင် တက်ရောက်ခဲ့သည့် ဒုတိယဝန်ကြီးချုပ် မစ္စတာဟူချွန်းဟွာကလည်း စီးပွားရေးနှင့် လူမှုဘဝဖွံ့ဖြိုးမှုများ တည်ငြိမ်စေရေး ပံ့ပိုးကူညီပေးရန် မျိုးစေ့နှင့် လယ်ယာစိုက်ပျိုးရေးသွင်းအားစုများကို သေသေချာချာပံ့ပိုးပေးရန် အရေးကြီးကြောင်း အလေးအနက်ပြောကြားခဲ့ပြီး၊ သဘာဝဘေးအန္တရာယ်များကျရောက်မှုကြောင့် ဆုံးရှုံးရခြင်းကို လျော့ပါးသက်သာစေရန်နှင့် ပဲပုပ်နှင့် ဆီထွက်သီးနှံများကို တိုးမြှင့်ထုတ်လုပ်ရန် ယခုနှစ် လယ်ယာစိုက်ပျိုးရေးရည်မှန်းချက်ဖြစ်သည့် ပျိုးပင်များကို အပြည့်အဝစိုက်ပျိုး ရေးအားပြည့်မီစေရန် အားထုတ်ကြိုးပမ်းသင့်ကြောင်း တိုက်တွန်းခဲ့ပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

 ရင်းမြစ်၊ Xinhua (၁၄-၂-၂၀၂၂)

Category: China(Nanning)