China(Nanning)

လာမည့်ငါးနှစ်အတွင်း ကွမ်ရှီး၏ နယ်စပ်ဂိတ်များအားလုံးကို အဝေးပြေးလမ်းများဖြင့် ချိတ်ဆက်သွားရန်ရှိ

Last Updated:

ယခုအခါ ကွမ်ရှီး၏ နယ်စပ်ဂိတ် (၉) ခုအနက် (၄) ခုတို့မှာ အဝေးပြေးလမ်းများဖြင့် ချိတ်ဆက်ထားပြီးဖြစ်ကာ၊ ကျန် (၅) ခုထံသို့လည်း အဝေးပြေးလမ်းများမှ ဝင်ရောက်နိုင်ရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီဖြစ်ပါသည်။

Dongzhong ၊ Yueyu နှင့် Pingmeng ဂိတ်များသို့ ဆက်သွယ်ထားသည့် အဝေးပြေးလမ်းများမှာ ၂၀၂၄ ခုနှစ်တွင်လည်းကောင်း၊  Aidian သို့ ဆက်သွယ်ထားသည့် အဝေးပြေးလမ်းမှာ ၂၀၂၃ ခုနှစ်တွင်လည်းကောင်း စတင်၍ အသုံးပြုနိုင်တော့မည် ဖြစ်ပါသည်။

ဗီယက်နမ်နှင့် ကီလိုမီတာ (၅၀၀) ကျော် နယ်နိမိတ်ချင်းထိစပ်နေသည့် ချုံးကျို (Chongzuo) တွင် နယ်စပ်ဂိတ်ပေါက် (၅) ပေါက်ရှိသည့်အနက် (၂) ပေါက်သာ အဝေး ပြေးလမ်းနှင့် ဆက်သွယ်ထားကြောင်း၊ လာမည့် (၅) နှစ်အတွင်း ဂိတ်ပေါက်အားလုံးကို အဝေးပြေးလမ်းများနှင့် ချိတ်ဆက်သွားမည်ဖြစ်ကြောင်း၊ ချုံးကျိုမှာ အာဆီယံ နှင့် တရုတ်ကို ဆက်သွယ်ပေးထားသည့် အဆင်အပြေဆုံးဝင်/ ထွက်ပေါက်ဖြစ်ကြောင်း၊ ယခုကဲ့သို့ သယ်ယူပို့ဆောင်ရေးအထောက်အကူများကို အကောင်းဆုံးဖြစ်စေ ရန် ဆောင်ရွက်ပေးခြင်းမှာ ချုံးကျိုနှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ကူညီပေးရာလည်းရောက်ကြောင်း ချုံးကျို ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်မှ Li Li က မှတ်ချက်ပြုပြောကြားပါသည်။

ပြီးခဲ့သည့် (၅) နှစ်အတွင်း ချုံးကျိုမြို့၏ ပို့ကုန်သွင်းကုန်ပမာဏ နှစ်စဉ်တိုးတက်မှုနှုန်းမှာ (၈) ရာခိုင်နှုန်းခန့်ဖြစ်ပြီး၊ ၂၀၂၀ ပြည့်နှစ်အတွင်း ကုန်သွယ်မှုတန်ဖိုး ယွမ်ငွေ (၁၈၄.၃) ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၈.၉ ဘီလီယံခန့်) ရှိခဲ့ကြောင်း သိရပါသည်။

ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ချုံးကျိုမြို့သည် ပို့ကုန်သွင်းကုန် ပမာဏအားဖြင့် (၁၂) နှစ်ဆက်တိုက် ထိပ်တန်းနေရာတွင် ရှိခဲ့ပြီး၊ ပို့ကုန်ပမာဏအားဖြင့် (၁၄) နှစ်ဆက်တိုက် ထိပ်တန်းနေရာတွင် ရှိခဲ့ကြောင်း သတင်းရရှိပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ en.gxzf.gov.cn (၂-၁၂-၂၀၂၁)

Category: China(Nanning)