China(Nanning)

လာမည့်ငါးနှစ်အတွင်း နိုင်ငံတော်အဆင့် ထောက်ပို့သယ်ယူပို့ဆောင်ရေး အချက်အချာဖြစ်လာမည့် နန်နင်းမြို့

Last Updated:

ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့တွင် တည်ရှိသော တရုတ် (ကွမ်ရှီး) လွတ်လပ်သောကုန်သွယ်ရေးစမ်းသပ်ဇုန်၏ နန်နင်းအစိတ်အပိုင်းနှင့် တရုတ် နိုင်ငံ၏ အနောက်ဘက် ကုန်းကြောင်းနှင့် ပင်လယ်ရေကြောင်းကုန်သွယ်ရေးစင်္ကြံ တည်ဆောက်ရေးကို မြှင့်တင်ရန်အလို့ငှာ လာမည့် (၅) နှစ်အတွင်း ခေတ်မီ ထောက်ပို့သယ်ယူပို့ဆောင်ရေးစနစ်တစ်ရပ်အား တည်ဆောက်သွားမည်ဟု နန်နင်းအမျိုးသားအဆင့် ထောက်ပို့သယ်ယူပို့ဆောင်ရေး အချက်အချာတည်ဆောက်ရေး အတွက် အကောင်အထည်ဖော်ရေးစီမံကိန်း (၂၀၂၀-၂၀၂၅) အား ထုတ်ပြန်ကြေငြာလိုက်ပါသည်။

၎င်းစီမံကိန်းအား အဆင့်အလိုက် မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ပြီး နန်နင်းအား ပေပုပင်လယ်ကွေ့ထောက်ပို့သယ်ယူပို့ဆောင်ရေးကွန်ယက်နှင့် ဆက်သွယ်သည့် အမျိုးသားအဆင့် ထောက်ပို့သယ်ယူပို့ဆောင်ရေး အချက်အချာဖြစ်လာစေရန်၊ တရုတ်အနောက်တောင်ပိုင်း နယ်စပ်ဒေသတွင် အခက်အခဲတွေ့နေသည့် ထောက်ပို့ သယ်ယူပို့ဆောင်ရေးအကျပ်အတည်းကို ဖြေရှင်းရန်၊ အပြည်ပြည်ဆိုင်ရာ ကုန်းကြောင်း- ပင်လယ်ရေကြောင်း ကုန်သွယ်ရေးစင်္ကြံအသစ် ပေါ်ထွန်းလာစေရန်နှင့် ရပ်ဝန်းနှင့် ပိုးလမ်းမတို့၏ ဝင်ပေါက် ထွက်ပေါက်များကို ဆက်သွယ်ရန် ရည်ရွယ်ဆောင်ရွက်မည်ဖြစ်ပါသည်။

ရင်းနှီးမြှုပ်နှံမှု တရုတ်ယွမ်ငွေ (၄၀၀) ဘီလီယံ (အမေရိကန်ဒေါ်လာ ၅၆.၅၅ ဘီလီလံ) တန်ဖိုးရှိ ၎င်းအကောင်အထည်ဖော်ရေးစီမံကိန်းအရ ထောက်ပို့သယ်ယူပို့ ဆောင်ရေးလမ်းကြောင်းများ၊ ထောက်ပို့သယ်ယူပို့ဆောင်ရေးဗဟိုဌာနများ၊ အကြီးစား ထောက်ပို့သယ်ယူပို့ဆောင်ရေးဇုန်များ၊ ကုန်သွယ်ရေးလည်ပတ်ဆောင်ရွက်မှု များ၊ ဖြန့်ဖြူးရေးစင်တာများ၊ သိုလှောင်ရုံများနှင့် သတင်းအချက်အလက်ဖြန့်ဝေသောနေရာများ ဟူသည့်အမျိုးအစား (၇) ရပ်အောက်တွင် စီမံကိန်းပေါင်း (၈၁) ရပ် အပေါ် နန်နင်းက ဗဟိုပြုဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အခြေခံအားဖြင့် ယခုနှစ်အတွင်း နန်နင်းမြို့၌ ကုန်တန်ချိန် (၁) သန်းကျော် တင်ဆောင်လာမည့် ကုန်သေတ္တာများအား ဝန်ဆောင်မှုပေးနိုင်မည့် အဓိကစီမံကိန်းများ ဖြင့် အမျိုးသားအဆင့် ထောက်ပို့သယ်ယူပို့ဆောင်ရေး ကုန်းလမ်းဆိပ်ကမ်းဗဟိုချက်အဖြစ် တည်ဆောက်သွားမည်ဟု မျှော်လင့်သည်။ ၎င်းအခြေခံအဆင့်မှ စတင်လျက် ၂၀၂၅ ခုနှစ်တွင် နှစ်စဉ်ကုန်တန်ချိန် (၁၂) သန်းကျော်အထိ ဝန်ဆောင်မှုပေးနိုင်မည့်  အမျိုးသားအဆင့်် ထောက်ပို့သယ်ယူပို့ဆောင်ရေးအချက်အချာအဖြစ်သို့ အပြည့်အ ဝပြောင်းလဲတည်ဆောက် သွားမည်ဖြစ်ပါသည်။

စီမံကိန်းအရ နန်နင်းမြို့တော်၌ မီးရထားလမ်းများ၊ အဝေးပြေးလမ်းများ၊ လေကြောင်းလမ်းများ၊ သင်္ဘောလိုင်းများနှင့် ထောက်ပို့သယ်ယူပို့ဆောင်ရေး လမ်းကြောင်း များတည်ဆောက်မှုကို အရှိန်မြှင့်တင်ဆောင်ရွက်သွားမည်ဟု သိရပါသည်။  ထို့ပြင် ထိပ်တန်းထောက်ပို့သယ်ယူပို့ဆောင်ရေးလုပ်ငန်းများနှင့် အမြန်ချောပို့လုပ်ငန်း များကိုလည်း မြေယာအသုံးပြုခွင့်ပေးခြင်းနှင့် ဘဏ္ဍာရေးပံ့ပိုးပေးခြင်းတို့ဖြင့် စီမံကိန်းဆောင်ရွက်ရန် ဉီးစားပေးဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ထိုမျှမက မြို့တော်၊ စီရင်စုနှင့် မြို့နယ်အဆင့်များ၌  စတင်အအေးပေးခြင်း၊ သိုလှောင်ခြင်း၊ ထိန်းသိမ်းပေးခြင်းနှင့် အေးခဲထားသောအစားအသောက် ပြုပြင်ထုတ် လုပ်ခြင်းတို့ကဲ့သို့သော အအေးခန်းကုန်သေတ္တာ သယ်ယူပို့ဆောင်ရေး အခြေခံအဆောက် အအုံများကို တိုးမြှင့်ပေးသည့် အအေးခန်းကုန်တင် ထောက်ပို့သယ်ယူ ပို့ဆောင်မှုစနစ်တစ်ရပ်ကို တည်ဆောက်သွားမည်ဖြစ်ကြောင်းသိရပါသည်။ အေးခဲထားသော ကုန်ပစ္စည်းများ ထောက်ပို့သယ်ယူပို့ဆောင်ပေးသည့် ကွင်းဆက်မှတဆင့် ဒေသထွက် အရည်အသွေးမြင့်ကုန်စည်များကို ကူညီပေးရန် အကြီးစားလက်ကားဈေးများအတွင်း အအေးခန်းကုန်စည်ထောက်ပို့သယ်ယူပို့ဆောင်ရေးဇုန်များကိုလည်း ထည့်သွင်းတည်ဆောက်ပေးသွားမည်ဟု သိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ en.gxzf.gov.cn (၂၀-၄-၂၀၂၀)

Category: China(Nanning)