China(Beijing)

လူမှုဘဝများ၊ အလုပ်အကိုင်များအပေါ် အကာအကွယ်ပေးနိုင်မည့် စီးပွားရေးမူဝါဒများ ကျင့်သုံးသွားမည်ဟု ပြောကြားခဲ့ခြင်း

Last Updated:

နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စီးပွားရေးလုပ်ငန်းများအား ကုစားပေးနိုင်ရန် တရုတ်နိုင်ငံသည် အလုပ်အကိုင်များ ဖန်တီးပေးနိုင်ရေး၊ ပြည်သူလူထု၏ လူနေမှုဘဝများ အကာအကွယ်ပေးရေးတို့အား ဦးတည်သည့် စီးပွားရေးမူဝါဒများအား ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံအနေဖြင့် အထောက်အကူရရှိစေရန် ဆောင်ရွက်ပေးမည့် မူဝါဒများသည် ကြီးမားသော အခြေခံအဆောက်အဦတည်ဆောက်ရေးစီမံကိန်းများအတွက် မဟုတ်ကြောင်း၊ အထောက်အပံ့အဖြစ် ပေးအပ်မည့် ရန်ပုံငွေ(၇၀)ရာခိုင်နှုန်းအား ပြည်သူလူထု၏ စားသုံးမှုတိုးတက်လာစေရန်နှင့် ဈေးကွက်ဝယ်လိုအား တိုးတက်လာစေရန် ဝင်ငွေတိုးတက်လာအောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ နိုင်ငံ၏ စီးပွားရေးဖွဲ့စည်းတည်ဆောက်ပုံသည် သိသာစွာ ပြောင်းလဲခဲ့ပြီး စားသုံးမှုသည် ဖွံ့ဖြိုးတိုးတက်မှု၏ အဓိက မောင်းနှင်အား ဖြစ်လာခဲ့ကြောင်း၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများသည် အလုပ်အကိုင်များ၏ (၉၀)ရာခိုင်နှုန်းကျော်အား ဖန်တီးပေးနိုင်ကြောင်း၊ Covid-19 ရောဂါပျံ့နှံ့မှုအား ထိန်းချုပ်ကာကွယ်ရေးအတွက် အစိုးရအနေဖြင့် အမေရိကန်ဒေါ်လာ (၂၈၀)ဘီလီယံအား အထူးစာချုပ်အဖြစ် အသုံးပြုသွားမည်ဖြစ်ကြောင်း၊ လတ်တလောမြင့်တက်လာသည့် ဘဏ္ဍာငွေလိုငွေပြမှုနှင့် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုအား ထိန်းချုပ်နိုင်ရေးအတွက် အထူးငွေတိုက်စာချုပ်များမှ ရရှိသည့် ရန်ပုံငွေများအား ဒေသန္တရအစိုးရများထံသို့ လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း၊ ဗဟိုအစိုးရအနေဖြင့် မဖြစ်မနေ သုံးစွဲရန် လိုအပ်ခြင်းမရှိသည့် အသုံးစရိတ်များအား ထက်ဝက်သို့ လျှော့ချသွားမည်ဖြစ်ကြောင်း၊ အလားတူပင် ထိရောက်သည့် ရင်းနှီးမြှပ်နှံမှုများအား တိုးချဲ့မည်ဖြစ်ကြောင်း၊ ယခုနှစ်အတွက် Covid-19 ရောဂါထိန်းချုပ်နိုင်ရန် အထူးငွေတိုက်စာချုပ်များနှင့်အတူ ဒေသန္တရအစိုးရများအတွက် အထူးစာချုပ်အဖြစ် အမေရိကန်ဒေါ်လာ(၂၂၃.၆)ဘီလီယံတန်ဖိုး ထပ်မံတိုးမြှင့်ပေးခြင်းဖြင့် အခြေခံအဆောက်အဦသစ်များ၊ မြို့ပြပုံစံအသစ်များ၊ ပြည်သူလူထု၏ နေထိုင်မှုဘဝအား အကျိုးရှိစေမည့် အဓိကစီမံကိန်းများအား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ၊ ဝန်ကြီးချုပ် Li Keqiang မှ (၂၈.၅.၂၀၂၀)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ရပ်၌ ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

 

 

ရင်းမြစ်: https://www.chinadaily.com.cn/a/202005/28/WS5ecf95d4a310a8b2411593fb.html

( မြန်မာစီးပွားရေးသံမှူး၊ ပေကျင်းမြို့)

Category: China(Beijing)