Thailand

လောင်စာဆီကုန်ကျစရိတ်များ မြင့်တက်လာသည်နှင့်အမျှ စက်သုံးဆီဈေးနှုန်းများ ပြန်လည်ပြင်ဆင်ရန် ထိုင်းစက်မှုလုပ်ငန်းရှင်များအသင်းချုပ် (FTI) က တောင်းဆိုခြင်း

Last Updated:

ထိုင်း  စက်မှုလုပ်ငန်းရှင်များအသင်းချုပ် (FTI) က ကမ္ဘာ့ရေနံဈေးနှုန်းမြင့်တက်မှု၏ သက်ရောက်မှုကို ပိုမိုကောင်းမွန်စွာ ဖြေရှင်း နိုင်ရန်အတွက် ပြည်တွင်းစက်သုံးဆီဈေးနှုန်းဖွဲ့စည်းပုံကို ပြန်လည်ပြင်ဆင်ပေးရန် အစိုးရကိုတောင်းဆိုလိုက်ကြောင်း သိရှိရပါ သည်။

ဈေးနှုန်းဖွဲ့စည်းပုံအသစ်တစ်ခု ဖန်တီးရန်အတွက် စွမ်းအင်ဌာနမှ တာဝန်ရှိသူများအနေဖြင့် မည်ကဲ့သို့သော ပြောင်းလဲမှုများ ပြုလုပ်သင့်သည်ကို အသေးစိတ်ဖေါ်ပြမထားသော်လည်း မူဝါဒရေးဆွဲသူများအား လူနေမှုစရိတ်နှင့် ဘတ်ဂျက်ကန့်သတ်ချက်များ ကို သေချာချိန်ဆရန် တိုက်တွန်းထားကြောင်း သိရှိရပါသည်။

အစိုးရအနေဖြင့် ၎င်း၏ဝန်ထုပ်ဝန်ပိုးကို သက်သာစေပြီး ပြည်သူအများ၏ ဝန်ထုပ်ဝန်ပိုးကို တစ်ပြိုင်နက်တည်းလျှော့ချနိုင်စေရန် သေချာစေရမည်ဖြစ်ကြောင်း FTI ၏ ဒုတိယဉက္ကဌ Jriengkrai Thiennukul က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။ ယခု သီတင်းပတ်အစောပိုင်းက အမေရိကန်အနေဖြင့် ရုရှားမှ ရေနံတင်ပို့မှုအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန် စဉ်းစားနေကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီးနောက်၊ ကမ္ဘာ့ရေနံဈေးနှုန်းသည် ယခုသီတင်းပတ်အစောပိုင်းတွင် တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၁၃၀) သို့ အရှိန်အဟုန်ဖြင့်မြင့်တက်ခဲ့ပြီးနောက် ကမ္ဘာ့ရေနံ ဈေးနှုန်းဆက်လက်မြင့်တက်မည်ကို စိုးရိမ်လျှက်ရှိကြပြီး မှန်ကန် သော ဖြေရှင်းဆောင်ရွက်မှုလိုအပ်ကြောင်း သိရှိရပါသည်။

ရုရှားသည် ကမ္ဘာ့ထိပ်တန်းရေနံတင်ပို့ရောင်းချသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး တစ်နေ့လျှင် ရေနံစည်ပေါင်း (၄-၅) သန်း (သို့မဟုတ်) ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့မှု၏ (၅-၆%) ဝန်းကျင်ခန့် ထောက်ပံ့ပေးနေကြောင်း Thai Oil Plc မှလေ့လာသုံးသပ်သူများထံမှ သိရှိရပါသည်။

ကမ္ဘာ့ရေနံဈေးအနေဖြင့် တစ်စည်လျှင် (၁) ဒေါ်လာတက်လာပါက ထိုင်းနိုင်ငံ၏ ပြည်တွင်းလက်လီဈေးနှုန်းအနေဖြင့် တစ်လီတာ လျှင်  (၀.၂၅) ဘတ်အထိ  တက်သွားမည်ဖြစ်ကြောင်း Mr. Kriengkrai က ပြောကြားချက်အရသိရှိရပါသည်။

အစိုးရအနေဖြင့် စက်သုံးဆီရန်ပုံငွေမှ  ထောက်ပံ့ငွေများကို အသုံးပြုပြီး ပြည်တွင်းဒီဇယ်ဆီဈေးနှုန်းများကို ထိန်းချုပ်လျှက်ရှိနေ ကြောင်း၊ ဒီဇယ်ဆီ အထူးကုန်စည်ခွန်ကို တစ်ဝက်တိတိ အချိန်သုံးလကြာ ဖြတ်တောက်ခြင်းဖြင့် ဈေးနှုန်းများကို တစ်လီတာလျှင် ဘတ်ငွေ (၃၀) အောက်ရှိစေရန် ဆောင်ရွက်လျှက်ရှိကြောင်း၊ မော်တော်ယာဉ်သုံးစွဲသူများထံမှ ဒီဇယ်ဆီအတွက် အထူးကုန်စည်ခွန် အနေဖြင့် တစ်လီတာလျှင် (၅.၉၉) ဘတ်ကောက်ခံလေ့ရှိကြောင်း သိရှိရပါသည်။

Thammasat တက္ကသိုလ်မှ ဘောဂဗေဒပညာရှင် Praipol Koomsap က အစောပိုင်းတွင် အစိုးရသည် Benzine အား (၃) ဘတ် ယာယီအခွန်ဖြတ်တောက်ပေးရန်အတွက် အကြံပြုတင်ပြခဲ့ကြောင်း၊ အီသနောနှင့် Benzine ရောထားသော Gasoline နှင့် Gasohol တို့၏ အထူးကုန်စည်ခွန်မှာ တစ်လီတာလျှင် (၅.၂-၅.၈၇) ဘတ်ရှိကြောင်း သိရှိရပါသည်။

လောင်စာရန်ပုံငွေမှာ  လက်လီဈေးနှုန်များကို   ကာလကြာရှည်စွာ   ထောက်ပံ့ပေးနိုင်လိမ့်မည်မဟုတ်ကြောင်း ၎င်းကပြောကြား ခဲ့ပါသည်။ ရုရှား- ယူကရိန်း ပဋိပက္ခ ပြင်းထန်လာသည်နှင့်အမျှ ဇယ်ဆီဈေးသည် တစ်လီတာလျှင် ဘတ် (၃၀) ကျော်လွန်လာနိုင် ပြီး Benzine သည် တစ်လီတာလျှင် (၅၀) ဘတ် ကျော်လာနိုင်ကြောင်း၊ အများသူငါ သယ်ယူပို့ဆောင်ရေးနှင့် Car-Pooling ပြုလုပ်ခြင်းတို့ဖြင့် လူအများအနေဖြင့် စွမ်းအင်ကို  ပိုမိုချွေတာသင့်သည်ဟု Mr. Kriengkraiကပြောကြားခဲ့ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Bangkok Post

Category: Thailand