China(Nanning)

လော်ဆစ်ဖန်မြစ်ခရုခေါက်ဆွဲ၏ (၁၀)နှစ်တာ အောင်မြင်မှုခရီး

Last Updated:

အဝါရောင်ခရုအသားပြုတ်ရည်ဖြင့်ချက်၍ မျှစ်ချဉ်ရနံ့ဖောက်ထားသော၊ ခေါက်ဆွဲပေါ်တွင် ပဲပြားခြောက်၊ မြေပဲနှင့် အခြားအရွက် နှင့် ချဉ်ဖတ်များကိုဖြူး၍ စားသုံးရသော၊ ငရုတ်သီးနှင့် အချဉ်ဓာတ်တို့ကို အချိုးညီညီပေါင်းစပ် ထည့်သွင်းထားသော လော်ဆစ်ဖန် မြစ် ခရုခေါက်ဆွဲမှာ အရသာထူးခြားကောင်းမွန်ပါသည်။

မြစ်ခရုခေါက်ဆွဲအား (၁၉၇၀) ခုနှစ်နှောင်းပိုင်းကာလများတွင် စတင်စားသုံးလာခြင်းဖြစ်ကာ၊  လွန်ခဲ့သည့် (၁၀) နှစ်တိုင်အောင် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မြို့ငယ်လေးဖြစ်သော လျိုကျိုးမြို့၏လမ်းများပေါ်တွင် ရောင်းချသည့် ဈေးပေါသော စားသောက်ဖွယ်အဖြစ် ရပ်တည်ခဲ့ပါသည်။ သို့ရာတွင် (၂၀၁၂) ခုနှစ်၌ A Bite of China တီဗွီအစီအစဉ်၌ လော်ဆစ်ဖန်ခေါက်ဆွဲ အား ရိုက်ကူးဖော်ပြခဲ့ပြီး၊  လျိုကျိုးမြို့တွင် တိတ်တဆိတ်စားသုံးခဲ့သော ခေါက်ဆွဲမှာ နိုင်ငံ၏ထူးခြားသောစားသောက်ဖွယ်အဖြစ် ရုတ်ချည်းနာမည်ကျော်လာခဲ့ပါသည်။ ထို့နောက်ပိုင်း၌ လူအများက လျိုကျိုးသို့သွားရောက်၍ ခေါက်ဆွဲကို မြည်းစမ်းကြည့်လာကြ သဖြင့် ကြီးမားသော စီးပွားရေးအခွင့် အလမ်းဖြစ်လာခဲ့ပါသည်။

(၂၀၁၅) ခုနှစ်အတွင်း လော်ဆစ်ဖန်မြစ်ခရုခေါက်ဆွဲရောင်းချမှုကို တိုးတက်လာစေရန် ထပ်မံမြှင့်တင်ပေးသည့်အနေဖြင့် လျိုကျိုး မြို့က  လျိုကျိုးမြစ်ခရုခေါက်ဆွဲပြည်တွင်း စံချိန်စံညွှန်းနှင့် အသစ်ထုပ်ပိုးထားသည့် လော်ဆစ်ဖန်မြစ်ခရုခေါက်ဆွဲ ပြည်တွင်းစံချိန် စံညွှန်းတို့ကိုသတ်မှတ်ခဲ့ပါသည်။ ၎င်းစံသတ်မှတ်ချက်တွင် အပိုင်း (၁၀) ပိုင်းခွဲခြားထားပြီး၊ အမယ်ခွဲပေါင်း (၅၅) ခုပါဝင်ပါသည်။ ၎င်းစံသတ်မှတ်ချက်တို့ဖြင့် ခေါက်ဆွဲထုတ်လုပ်ရာတွင် လိုအပ်ချက်များနှင့် ထည့်သွင်းရမည့် ကုန်ကြမ်းများနှင့် ပစ္စည်းများအတွက် အသေးစိတ် ကုန်ပစ္စည်းသရုပ်ခွဲဖော်ပြချက်များ၊ နည်းပညာဆိုင်ရာလိုအပ်ချက်များကို သတ်မှတ်ထားရှိပါသည်။ ထို့ပြင် လျိုကျိုး လော်ဆစ်ဖန်အသင်းကိုလည်း ဖွဲ့စည်းတည်ထောင်ထားပါသည်။

မကြာသေးမီက လော်စစ်ဖန်မြစ်ခရုခေါက်ဆွဲအား အွန်လိုင်းမှ ကူးသန်းရောင်းဝယ်မှုကြောင့် အရသာအသစ်အဖြစ် လူကြိုက်ပိုမို များလာပါသည်။ လျိုကျိုးလော်ဆစ်ဖန်အသင်းဉက္ကဌ Ni Xiaoyang ၏ ဇွန်လအတွင်း Economic Daily သို့ ပြောကြားချက်အရ လော်ဆစ်ဖန်ခေါက်ဆွဲအမျိုးအစားအားလုံးအား အင်တာနက်ပေါ်မှ ထိုးဖောက်နိုင်ခြင်း မရှိသေးကြောင်း၊  ပြည်နယ်အစိုးရ၏ အစီ အစဉ်ကြောင့် ယခုနှစ်ပိုင်းမှ ပိုမိုဖွံ့ဖြိုးလာခြင်းဖြစ်ကြောင်း သိရပါသည်။

လျိုကျိုးမြို့သည် ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ စုစုပေါင်းစီးပွားဖြစ် ကုန်ထုတ်လုပ်မှုတွင် လေးပုံတစ်ပုံခန့်ပါဝင်သော အရေးပါသည့် စက်မှုကုန်ထုတ်လုပ်သည့် မြို့ဖြစ်ပါသည်။ ၎င်းမြို့မှာ တရုတ်နိုင်ငံရှိ မော်တော်ယာဉ်အများဆုံးထုတ်လုပ်သော မြို့ (၅) မြို့အနက် တစ်မြို့လည်းဖြစ်ကာ ယခင်နှစ်က မော်တော်ယာဉ်အစီးရေ (၂.၅) သန်းခန့် ရောင်းချခဲ့ရပါသည်။

လျိုကျိုးမြူနီစီပယ်အစိုးရ၏ ကူးသန်းရောင်းဝယ်ရေးဗျူရိုမှ ဒုတိယညွှန်ကြားရေးမှူး Jia Jiangong က တရုတ်နိုင်ငံတွင် ရောင်းချ ရသော မော်တော်ယာဉ် (၁၀) စီးအနက် (၁) စီးမှာ လျိုကျိုးမြို့မှဖြစ်သော်လည်း လျိုကျိုးမြို့မှာ တစ်နိုင်ငံလုံး၌ လူသိများသည့်မြို့ ဖြစ်သည်ဟု ပြောကြား၍မရကြောင်း၊ လော်စစ်ဖန်မြစ်ခရုခေါက်ဆွဲနာမည်ကျော်လာခြင်းမှှာ လျိုကျိုးမြို့ နာမည်ကျော်လာခြင်းနှင့် အလားတူဖြစ်ကြောင်း၊ ပြီးခဲ့သည့်နှစ်အတွင်း ၎င်းလုပ်ငန်းအတွင်း ယွမ်ငွေ (၆) ဘီလီယံခန့် ပါဝင်ဖြည့်ဆည်းပေးခဲ့ရာ ယွမ်ငွေ (၅၀၀) ဘီလီယံဖိုးထုတ်လုပ်မှုပြုနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ China Daily (၆-၉-၂၀၂၀)

Category: China(Nanning)