Thailand

သားသတ်ရုံတွင်အာဖရိကဝက်အဖျားရောဂါ(African Swine Fever) တွေ့ရှိကြောင်း ထိုင်းအစိုးရပြောကြားခြင်း

Last Updated:

ထိုင်းအာဏာပိုင်များအနေဖြင့် နာ့ခွန်းပထုန် (Nakhon Pathom) ပြည်နယ်ရှိ သားသတ်ရုံတစ်ခုတွင် စုဆောင်းထားသောနမူနာများမှ အာဖရိကဝက်အဖျားရောဂါ (African Swine Fever) ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း မွေးမြူရေးဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ်က (၁၁.၁.၂၀၂၂) ရက်နေ့တွင် ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲ တွင်  ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

နာ့ခွန်းပထုန် (Nakhon Pathom) ပြည်နယ်ရှိ သားသတ်ရုံတစ်ခုတွင် စုဆောင်းထားသည့်နမူနာများမှ အာဖရိကဝက်အဖျားရောဂါ (African Swine Fever) ကို စစ်ဆေးတွေ့ရှိခဲ့သည်ဟု အာဏာပိုင်များက ပြောကြားခဲ့ကြောင်း၊ ၎င်းမှာ နိုင်ငံ၏ ပထမဆုံးသော တရားဝင်အတည်ပြုသည့်ရောဂါဖြစ်ကြောင်း သိရှိရပါသည်။

မကြာသေးမီ ရက်သတ္တပတ်များအတွင်း အဆိုပါရောဂါကြောင့် ထိုင်းဝက်များအား ရှင်းလင်းနေကြောင်း ထင်ကြေးပေးမှုများကြီးထွားလာပြီး သတင်းကိုဖုံးဖိထား သည်ဟု စွပ်စွဲမှု များပေါ်ထွက်ခဲ့ပြီးနောက် အာဏာပိုင်များအနေဖြင့် စုံစမ်းစစ်ဆေးမှုကို စတင်ခဲ့ခြင်းဖြစ်ပါသည်။
ဝက်မွေးမြူထားသော  ပြည်နယ်များရှိမွေးမြူရေးခြ (၁၀) ခုနှင့် သားသတ်ရုံ (၂) ခုတို့မှ သွေးနမူနာများအပါအဝင်  စုဆောင်းကောက်ယူထားသည့်  နမူနာ (၃၀၉) ခု အနက် နမူနာတစ်ခုမှ
အာဖရိကဝက်အဖျားရောဂါ (African Swine Fever) ကို  စစ်ဆေးတွေ့ရှိခဲ့ကြောင်း မွေးမြူရေးဖွံ့ဖြိုးတိုးတက်မှုဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် Mr.Sorravis Thaneto က ပြောကြားခဲ့ခြင်းဖြစ်ပါသည်။

မိမိတို့အနေဖြင့် နမူနာတစ်ခုမှ  အာဖရိကဝက်အဖျားရောဂါ (African Swine Fever) ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း (၁၁.၁.၂၀၂၂) ရက်နေ့တွင် ကျင်းပသည့် သတင်း စာရှင်းလင်းပွဲတွင် မွေးမြူရေးဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် Mr.Sorravis Thaneto ကပြောကြားခဲ့ပါသည်။

အာဏာပိုင်များအနေဖြင့် မကြာသေးမီနှစ်များအတွင်း ဉရောပနှင့် အာရှတစ်ခွင်တွင် ပျံ့နှံ့ဖြစ်ပွားခဲ့ကာ ဝက်ကောင်ရေ သန်းရာနှင့်ချီ၍ သေဆုံးခဲ့သော ပြင်းထန်သည့် ရောဂါဖြစ်ပွားမှုကို နှစ်အတော်ကြာငြင်းဆိုခဲ့ပြီးနောက် ယခုကဲ့သို့ အတည်ပြုခဲ့ခြင်းဖြစ်ပါသည်။

Kasetsart တက္ကသိုလ်ဓါတ်ခွဲခန်းမှ ပြီးခဲ့သည့်လက   အိမ်မွေးတိရစ္ဆာန်ဝက်သေတွင် ရေဂါပိုးတွေ့ရှိကြောင်း ပထမဉီးဆုံးအစီရင်ခံတင်ပြခဲ့ပြီး ရက်များမကြာမီတွင် ယခုကဲ့သို့ အတည်ပြုချက် ထွက်ပေါ်ခဲ့ခြင်းဖြစ်ပါသည်။

အာဏာပိုင်များအနေဖြင့် နမူနာတွေ့ရှိသည့်နေရာ၏ (၅) ကီလိုမီတာအချင်းဝက်အတွင်းကို ရောဂါဖြစ်ပွားမှုဇုန်အဖြစ် ကြေငြာမည်ဖြစ်ကာ ဝက်များရွှေ့ပြောင်းသွား လာမှုကို ကန့်သတ်မည်ဖြစ်ကြောင်း၊ ရောဂါကူးစက်ခံရသည်ဟု သံသယရှိသည့် တိရစ္ဆာန်များကို သတ်ပစ်ရန် စဉ်းစားမည်ဖြစ်ကာ ထိခိုက်ခံစားရသည့် မွေးမြူရေးခြံ များအတွက် လျှော်ကြေးငွေများပေးအပ်သွားမည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ် Mr.Sorravis Thaneto ကပြောကြားခဲ့ပါသည်။

အစိုးရအနေဖြင့် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (OIE) သို့လည်း ရောဂါပိုးတွေ့ရှိကြောင်း တရားဝင်အကြောင်းကြားသွားမည်ဟု မွေးမြူရေးဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောကြားခဲ့ကြောင်း အဆိုပါသတင်းတွင် ဖေါ်ပြထားပါသည်။
အာဖရိကဝက်အဖျားရောဂါနှင့်  အခြားဗိုင်းရပ်စ်ရောဂါပိုးမွှားများအားကာကွယ်ရန် ယမန်နှစ်ကဝက်များကို သုတ်သင်ရှင်းလင်းခဲ့သည့် ပြည်နယ် (၅၆) ခုရှိ အသေး စားမွေးမြူရေးခြံများအတွက် လျှော်ကြေးငွေဘတ် (၅၇၄) သန်းအား (၁၁.၁.၂၀၂၂) ရက်နေ့တွင် အတည်ပြုပေးခဲ့ကြောင်းလည်း သိရှိရပါသည်။  ယမန်နှစ် မတ်လမှ အောက်တိုဘာလအတွင်း သုတ်သင်ရှင်းလင်းခဲ့သည့် ဝက်
အကောင်ရေ (၁၅၉,၀၀၀) ကျော်အတွက် မွေးမြူရေးသမား (၅,၀၀၀) ခန့်နီးပါးကို လျှော်ကြေးမပေးရသေး ကြောင်း အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Source: Bangkok Post

                https://www.bangkokpost.com/thailand/general/2245759/govt-says-african-swine-fever-detected-in-slaughterhouse

Category: Thailand