China(Beijing)

သံသတ္တုရိုင်းတင်သွင်းမှုအပေါ် စစ်ဆေးသည့် လုပ်ထုံးလုပ်နည်းများ ပြင်ဆင်သတ်မှတ်လိုက်ခြင်း

Last Updated:

တရုတ်နိုင်ငံသည် ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရန် ရည်ရွယ်၍ နိုင်ငံ၏ဆိပ်ကမ်းများ၌ တင်သွင်းခဲ့သည့် သံရိုင်းသတ္တုများအား ပိုမိုထိရောက်သည့် လုပ်ထုံးလုပ်နည်းများ အသုံးပြု ၍ စစ်ဆေးသွားမည့် စဉ်းမျဉ်းသစ်များအား တရုတ်နိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့မှ ထုတ်ပြန်ခဲ့ကြောင်း၊ တရုတ်နိုင်ငံ၊ အကောက်ခွန်အာဏာပိုင်အဖွဲ့သည် နိုင်ငံအတွင်းသို့ တင်သွင်းလာသည့် သံသတ္တုရိုင်းများနှင့်ပတ်သက်၍ ယခင် အသုတ် လိုက်ကွင်းဆင်း၍ မဖြစ်မနေစစ်ဆေးမှုများ ဆောင်ရွက်ခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁ ရက်နေ့တွင် စတင်အသက်ဝင်မည့် ကြီးကြပ်ကွပ်ကဲရေးဆိုင်ရာ စည်းမျဉ်းအသစ်များအရ ကုန်သည် (သို့) တင်သွင်းသူများ၏ တောင်းဆိုချက်အရ လိုအပ်သည့်အခါမှသာ အန္တရာယ် ပေးတတ်သည့် အဆိပ်ကဲ့သို့ ဒြပ်စင်များပါဝင်မှုအား စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါ ကြေညာချက်သည် ဩစတြေးလျနိုင်ငံအနေဖြင့် တရုတ်နိုင်ငံအတွင်း ဖြစ်ပွားခဲ့သည့် COVID- 19 ကူးစက်ပျံ့နှံ့မှုနှင့်ပတ်သက်၍ စွပ်စွဲပြစ်တင်ဝေဖန်မှုများကြောင့် နှစ်နိုင်ငံအကြား ဆက်ဆံရေးတင်းမာလျက်ရှိသည့် အချိန်၌ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ် အတွင်း တရုတ်နှင့် ဩစတြေးလျနိုင်ငံအကြား သံသတ္တုရိုင်းတင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၆၃ ဘီလီယံရှိခဲ့ကြောင်း၊ ယခုကဲ့သို့ နှစ်နိုင်ငံကြား ဆက်ဆံရေးတင်းမာလာမှုကြောင့် ဩစတြေးလျမှ သံသတ္တုရိုင်းတင်ပို့သူများအနေဖြင့် အခက်အခဲများနှင့် ကြုံတွေ့ရမည်ဟု လေ့လာသုံးသပ်သူများမှ ခန့်မှန်းတွက်ချက်ထားကြောင်း၊ မကြာသေးမီကပင် တရုတ်နိုင်ငံ သည် ဩစတြေးလျနိုင်ငံမှ အမဲသားတင်သွင်းမှုအား အရည်အသွေးနှင့်ပတ်သက်သည့် ပြသနာရပ်များကြောင့် အများအပြားဆိုင်းငံ့ထားခဲ့ကြောင်း၊ အလားတူပင် ၁၈ လကြာ စုပုံတင် သွင်းမှုကို တန်ပြန်ခြင်းနှင့် ထောက်ပံ့မှုများတန်ပြန်ခြင်းတို့ ဆောင်ရွက်ပြီးနောက်ပိုင်းတွင် ဩစတြေးလျမှ မုယောစပါးတင်သွင်းမှုအား အကောက်ခွန်နှုန်း ၈၀ ရာခိုင်နှုန်းပေးဆောင် ရန် ရုတ်တရက်ပြင်ဆင်သတ်မှတ်ခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်အတွင်း၌ တရုတ်နိုင်ငံသည် သံသတ္တုရိုင်းတန်ချိန် ၁.၀၇ ဘီလီယံတင်သွင်းခဲ့ပြီး အဆိုပါ တင်သွင်းမှုများအနက် ဩစတြေးလျ နိုင်ငံမှ တန်ချိန် ၆၆၅ သန်း၊ ဘရာဇီးနိုင်ငံမှ တန်ချိန် ၂၂၉ သန်း အသီးသီးပါဝင်ခဲ့သည့်အတွက် တရုတ်နိုင်ငံသို့ တင်သွင်းလျက်ရှိသည့် သံသတ္တုရိုင်းများအနက် ၆၂ ရာခိုင်နှုန်းသည် ဩစတြေးလျမှ တင်သွင်းခြင်းဖြစ်ကြောင်း သိရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ပေကျင်းမြို့)

ရင်းမြစ်။    Global Times Newspaper (19-5-2020)

Category: China(Beijing)