USA

သွင်းကုန်ခွန်နောက်ကျပေးဆောင်မှုကို ကိစ္စရပ်အလိုက်အတည်ပြုမည်ဟု အမေရိကန်အကောက်ခွန် ပြောကြား

Last Updated:

အမေရိကန် အစိုးရအနေနှင့် သွင်းကုန်ခွန်ပေးဆောင်မှု ယာယီနောက်ကျပေးဆောင်ခြင်းကို ကိစ္စရပ်အလိုက် အတည်ပြုသွားမည်ဖြစ်ကြောင်း သွင်းကုန်လုပ်ငန်း ရှင်များကို ပြောကြားလိုက်ပါသည်။ ပြည်တွင်း သံမဏိထုတ်လုပ်သူများနှင့် အခြားသော ကုန်စည်ထုတ်လုပ်သူများက နိုင်ငံခြား ဖြစ်ထုန်ကုန်များအပေါ် သွင်းကုန် ခွန်ပေးဆောင်ရာတွင် ဖြေလျှော့ပေးနေခြင်းကို ကန့်ကွက်ဆန့်ကျင်ကြသည့်အတွက် အမေရိကန်အကောက်ခွန်မှလည်း သွင်းကုန်ခွန် နောက်ကျပေးဆောင်ခွင့် ပြုခြင်းကို ပြန်လည်စဉ်းစားသွားမည်ဟု ပြည်တွင်းကုမ္ပဏီများကို မကြာသေးမီရက်များက အကြောင်းကြားစာ ပေးပို့ခဲ့ပါသည်။

ကိုရိုနာဗိုင်းရပ်စ် အပြင်းအထန် ပျံ့နှံ့နေခြင်းကြောင့် ဘဏ္ဍာရေးဝန်ကြီးဌာနကိုယ်စား သွင်းကုန်ခွန်များ စည်းကြပ်ပေးနေသည့်အေဂျင်စီမှ ထုတ်ပြန်သည့် အကြောင်း ကြားစာအရ အကောက်ခွန်ဌာနက သွင်းကုန်ခွန်နှင့် အခွန်၊ အခများအတွက် ငွေပေး ဆောင်မှုကို ကိစ္စရပ်အလိုက် နောက်ကျပေးဆောင်မှုကို ခွင့်ပြုသွားမည် ဖြစ်ပါသည်။

စီးပွားရေးလုပ်ငန်းကြီးများက တရုတ်နိုင်ငံမှသွင်းကုန်များနှင့် ကမ္ဘာတစ်ဝန်းမှ တင်သွင်းလာသည့် သံမဏိနှင့်အလျူမီနီယံထုတ်ကုန်များအပေါ် စည်းကြပ်သည့်  မြင့်မားသောသွင်းကုန်ခွန်များကို ပယ်ဖျက်ပေးရန် တောင်းဆိုကြသည့်အတွက် သွင်းကုန်ခွန်များကို ကိစ္စရပ်အလိုက် နောက်ကျပေး ဆောင်ရန် လက်ခံလိုက်ခြင်း ဖြစ်ပါသည်။ သို့သော် ပြည်တွင်းသံမဏီထုတ်လုပ်သူများက ယင်းကဲ့သို့ အခွန်များ နောင်ကျပေးဆောင်မှုကို ဆန့်ကျင်သည့်စာများ အကောက်ခွန်ဌာနသို့ မတ်လ ၂၅ ရက်နေ့က ပေးပို့ခဲ့ကြသည်။

သမ္မတထရမ့်အစိုးရနှင့် ဥပဒေပညာရှင်များက ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့နေသည့်ကာလအတွင်း စီးပွားရေးကျဆင်းရပ်တန့်သွားနိုင်သည့် ငွေကြေးပြဿနာများကို နည်းလမ်းမျိုးစုံဖြင့် စဉ်းစားဖြေရှင်း လျက်ရှိပါသည်။ ပြည်တွင်းအခွန်မှလည်း ၂၀၁၉ ခုနှစ် အတွက် လူပုဂ္ဂိုလ်တစ်ဦးချင်းစီ အခွန်များ နောက်ဆုံးပေးသွင်းရမည့် ဧပြီ ၁၅ ရက်နေ့အစား ဇူလိူင် ၁၅ ရက်နေ့သို့ ရွှေ့ဆိုင်းသတ်မှတ်ခဲ့ပါသည်။ ယခုချိန်ထိ သမ္မတထရမ့်နှင့် အစိုးရအဖွဲ့မှ ကုန်သွယ်ရေးကျွမ်းကျင်သူများက သွင်းကုန်ခွန် သက်ညှာပေးရန် လိုလားမှုမရှိသေးကြောင်း ဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ အမေရိကန်ပြည်ထောင်စု)

Source The Wall Street Journal

Category: USA