China (HongKong)

ဟောင်ကောင်ဒေသရှိ VICTORIA’s Secret ဆိုင် ပိတ်သိမ်းလိုက်ခြင်း

Last Updated:

COVID-19 ဖြစ်ပွားမှုနှင့် အစိုးရဆန့်ကျင်ဆန္ဒပြမှုများကြောင့် ခရီးသွားလုပ်ငန်းအပေါ် ထိခိုက်မှုကြောင့် ဟောင်ကောင်ဒေသ၊ Causeway Bay ၌ဖွင့်လှစ်ထားသော အမေရိကန် လက်လီအရောင်းဆိုင် VICTORIA’s Secret ဆိုင်ပိတ်သိမ်းခဲ့ကြောင်း၊ လက်လီ ရောင်းချမှုများ ကောင်းမွန်နိုင်သည့် အခြေအနေမရှိသောကြောင့် နာမည်ကြီးကုန်အမှတ်တံဆိပ်ဆိုင်အများစုမှာ ပိတ်သိမ်းကြမည်ဖြစ်ကြောင်း၊ COVID-19 အားထိန်းချုပ်နိုင်ခဲ့လျှင်ပင် ရောဂါမဖြစ်ပွားခင် အချိန်ကကဲ့သို့ ဈေးကွက်ပြန်လည်ကောင်းမွန်ရန် မဖြစ်နိုင်ကြောင်း၊ စီးပွားရေးလုပ်ငန်းများ ကျဆင်းကာ ဆိုင်ခန်းပိုင်ရှင်များနှင့် ငှားရမ်းသူများ အပေါ်လည်း ထိခိုက်မှုများရှိနေကြောင်း၊ တရုတ်ပြည်မကြီးဈေးကွက်အတွက် ရည်ရွယ်သည့်နာမည်ကြီး နိုင်ငံတကာကုန်အမှတ် တံဆိပ်ဆိုင်များသည် တရုတ်ပြည်မကြီး၌ တိုက်ရိုက်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း၊ ဟောင်ကောင်၌ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလတွင် လက်လီရောင်းချမှုမှာ (၃၆.၁) ရာခိုင်နှုန်း လျော့ကျခဲ့ပြီး ခရီးသွားများ လာရောက်မှုမှာ (၉၉.၉) ရာခိုင်နှုန်းလျော့ကျခဲ့ကြောင်း၊ ဟောင်ကောင်၌ လက်လီရောင်းချမှုများ၊ အစားအစာနှင့် အဖေျာ်ယမကာ ရောင်းချမှုများနှင့် ဈေးလျှော့ရောင်းချမှုများလည်း လျော့နည်းလာကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၆ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Sandy Li က“ VICTORIA’s Secret HK Flagship Closes Doors” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

 

Category: China (HongKong)