China (HongKong)

ဟောင်ကောင်ဒေသ၏ ဝင်ငွေနှင့် အမြတ်မှာ ကျဆင်းနေပြီး မကြာခင်ကာလအတွင်း စီးပွားရေး လုပ်ငန်းများ သိသာစွာကျဆင်းနိုင်ကြောင်း ဈေးအရောင်းစင်တာများနှင့် ဟိုတယ်လုပ်ငန်းများ လုပ်ကိုင်သည့် Wharf REIC ကပြောကြားခဲ့ခြင်း

Last Updated:

ဟောင်ကောင်ဒေသရှိ ဈေးဝယ်စင်တာများနှင့် ဟိုတယ်လုပ်ငန်းများလုပ်ကိုင်သည့် Wharf REIC ကပြောကြားရာတွင် ဟောင်ကောင်ဒေသ၏ စီးပွားရေးမှာ မကြာခင် ကာလအတွင်း ဆိုးရွားစွာ ကျဆင်းပြီး စိုးရိမ်ဖွယ်အခြေအနေ ဖြစ်နေကြောင်း၊ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် စီးပွားရေးကျဆင်းမှုမှာ (၃) လ သို့မဟုတ်  (၆) လ သို့မဟုတ် (၉) လ အထိ ကြာမြင့်နိုင်မည်ကို ၎င်းတို့အနေဖြင့် မခန့်မှန်းနိုင်ကြောင်း၊ ၂၀၁၉ ခုနှစ်အတွင်း အစိုးရ ဆန့်ကျင်ဆန္ဒပြမှုကြောင့် ဟောင်ကောင်ဒေသ၌ အဓိက ဈေးဝယ်နေရာများဖြစ်သည့် Harbour City ၊ Time Square ၊ Causeway Bay နှင့် Tsim Sha Tsui တို့၌ (၃) ရာခိုင်နှုန်း လျော့ကျခဲ့ ကြောင်း၊ Wharf REIC ၏ ဝင်ငွေမှာ (၃) ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း၊ ဟောင်ကောင်ဒေသ၏ လက်လီရောင်းချရမှုမှာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် (၁၉.၄) ရာခိုင်နှုန်းမှ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလတွင် (၂၁.၄) ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း၊ လက်လီအရောင်းဆိုင်များ၏ အခန်းငှားရမ်းခမှာ ၈၀ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ယခုနှစ် တစ်နှစ်ပတ်လုံး တွင် ရောင်းအားများ ကျဆင်းနေမည်ဖြစ်ပြီး အခန်းပိုင်ရှင်များအနေဖြင့် အခန်းငှားရမ်းခအား တစ်သတ်မတ်တည်း သတ်မှတ်ငှားရမ်းရန် မဖြစ်နိုင်ကြောင်း၊ ၂၀၁၉ ခုနှစ်၏ လက်လီရောင်းချမှုများတွင် Harbour City မှ (၂၃.၀) ရာခိုင်နှုန်းနှင့် Time Square မှ (၁၉) ရာခိုင်နှုန်း အသီးသီးကျဆင်းခဲ့ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် ၂၀၂၀ ပြည့်နှစ် ပထမလေးလပတ်နှင့် ဒုတိယလေးလပတ် အတွင်း စီးပွားရေး ဆက်လက်ကျဆင်းနေမည် ဖြစ်ကြောင်း ၅-၃-၂၀၂၀ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ “ Hong Kong outlook ‘pathetic’, ‘dire’ in near term, mall and hotel operator Wharf REIC says as it reports in revenue, profit”  ခေါင်းစဉ် ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)