China (HongKong)

ဟောင်ကောင်ဒေါ်လာအနေဖြင့် ငွေကြေးစနစ်များ၏ရိုက်ခတ်မှုများမှ လုံခြုံမှုရှိကြောင်း ဟောင်ကောင်ဘဏ္ဍာရေးဝန်ကြီးက ပြောကြားခဲ့ခြင်း

Last Updated:

ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းကြားမှ စီးပွားရေးလုပ်ငန်းများ ရှင်သန်နိုင်ရန် အရန် ဘဏ္ဍာငွေအား သုံးစွဲရမည် ဖြစ်သော်လည်း ဟောင်ကောင်ဒေါ်လာသည် မည်သည့်ငွေကြေးစနစ်များ၏ ရိုက်ခတ်မှုမျိုးမှမဆို ခံနိုင်ရည်ရှိကြောင်း၊ ဘဏ္ဍာရေးလိုငွေ ဟောင်ကောင်ဒေါ်လာ (၃၀၀) ရှိမည်ဖြစ်ကြောင်း၊ အရန်ဘဏ္ဍာ ဟောင်ကောင်ဒေါ်လာ (၁.၁) ထရီလီယံမှ ဟောင်ကောင် ဒေါ်လာ (၈၀၀) ဘီလီယံ ဖြစ်နိုင်ကြောင်း၊ အဆိုပါ ပမာဏမှာ အစိုးရမှ နိုင်ငံတော်အတွက် အသုံးပြုသည့် (၁၅) လစာ အသုံးစရိတ်နှင့် ညီမျှကြောင်း၊ အစိုးရမှ ထောက်ပံ့သည့် အစီအစဉ်အတွက် ဟောင်ကောင်ဒေါ်လာ (၁၃၇) ဘီလီယံ သုံးစွဲရမည်ဖြစ်ပြီး ဘဏ္ဍာလိုငွေ ဟောင်ကောင် ဒေါ်လာ (၂၇၆.၆) ဘီလီယံ ဖြစ်နိုင်ကြောင်းနှင့် ဂျီဒီပီ၏ (၉.၅) ရာခိုင်နှုန်းရှိနိုင်ကြောင်း၊ ဘဏ္ဍာနှစ်ကုန်အထိ ဟောင်ကောင်ဒေါ်လာ (၃၀၀) ဘီလီယံ ဖြစ်နိုင်ကြောင်း၊ စီးပွားရေးကျဆင်းမှု များဖြစ်ပြီး၊ဒေသ၏ဝင်ငွေများလည်း လျော့ကျနိုင်ကြောင်း၊ သို့သော်ဟောင်ကောင်ဒေါ်လာသည် မည်သည့်ငွေကြေး ရိုက်ခိုက်မှု မျိုးကိုမဆို ခံနိုင်ရည်ရှိကြောင်း၊ ဂျီဒီပီ (၁.၅) ရာခိုင်နှုန်း လျော့ကျနိုင်ကြောင်း၊ အလုပ်အကိုင်နေရာများ ထိန်းသိမ်းထားနိုင်ရန် ထောက်ပံ့မှုများ ဆောင်ရွက်နေ သော်လည်း အလုပ်လက်မဲ့နှုန်းမှာ မြင့်တက်နေမည်ဖြစ်ကြောင်း၊ စာချုပ်များ ထုတ်ပေးခြင်းဖြင့် ဘဏ္ဍာရန်ပုံငွေ မြှင့်တင်ရန်မှာ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းကို အားလျော့စေမည် ဖြစ်သော ကြောင့် ဟောင်ကောင်ဘဏ္ဍာရေးဝန်ကြီး၏ ယူဆချက်ကို ဆန့်ကျင်ကြကြောင်း၊ အစိုးရအနေ ဖြင့် အရန်ဘဏ္ဍာငွေ အပေါ်ကိုသာ အားပြုမှီခိုမနေဘဲ အခြားသော ငွေကြေးရရှိနိုင်မည့် အရင်းအမြစ်များကို စီစဉ်ဆောင်ရွက်သင့်ကြောင်း၊ ဟောင်ကောင်ငွေကြေးမှာ ၁၉၈၃ ခုနှစ်မှ စတင်၍ အမေရိကန် ဒေါ်လာလဲလှယ်နှုန်းနှင့် ကွာခြားမှု သိပ်မရှိကြောင်း၊  ဟောင်ကောင်ငွေကြေး အာဏာပိုင်အဖွဲ့မှလည်း အမေရိကန် တစ်ဒေါ်လာလျှင် ဟောင်ကောင် ဒေါ်လာ (၇.၇၅) နှင့် (၇.၇၈) တို့တွင် ထိန်းထားရန် မျှော်လင့်ကြောင်း၊ ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားပြီး အမေရိကန် ငွေကြေးစနစ်အား ထိခိုက်မည်ဆိုပါက ဟောင်ကောင်၌ အမေရိကန်ဒေါ်လာ   ပိုင်ဆိုင်မှုများ မြင့်တက်ရန် ဒေသအစိုးရ အနေဖြင့် ကောင်းမွန်စွာ ပြင်ဆင်ထားပြီး ဖြစ်ကြောင်း၊ အမေရိကန် ဘဏ္ဍာရေးဌာနမှ ထုတ်ပေးထားသော Debt Securities အား အသုံးပြုရန် ၂၀၂၀ ပြည့်နှစ် ဧပြီလ ပထမပတ်အတွင်း အမေရိကန် အရန်ဘဏ္ဍာငွေအဖွဲ့နှင့် ဟောင်ကောင်ငွေကြေး အာဏာပိုင်အဖွဲ့တို့ သဘောတူညီချက်အရ ဟောင်ကောင်ဘဏ်များသို့ အမေရိကန်ဒေါ်လာများ ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ နေ့စဉ်ငွေကြေးလွှဲပြောင်းမှုများ၊ ငွေလဲလှယ်နှုန်းနှင့် အနာဂတ် ငွေကြေးဈေးကွက်ကို အစိုးရမှ စောင့်ကြည့်လျက်ရှိကြောင်း၊ ငွေကြေးလုံလောက်မှု ရှိစေရန် ဒေသတွင်းဘဏ်များတွင် ဟောင်ကောင် ဒေါ်လာ (၄၄၀) ဘီလီယံနှင့် နိုင်ငံခြားငွေကြေး အရန် ရန်ပုံငွေ အမေရိကန် ဒေါ်လာ (၄၄၀) ဘီလီယံကျော်ရှိကြောင်း၊ တရုတ်ပြည်မကြီး၏ စီးပွားရေး တိုးတက်မှုနှုန်း မှာ အပေါင်းလက္ခဏာ ပြနေသော်လည်း နှေးကွေးနေကြောင်း၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့နှင့်ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျဆင်း နိုင်သည်ဟု ခန့်မှန်းထားခြင်းတို့ကြောင့် အစိုးရအနေဖြင့် အကောင်းဆုံးကို မျှော်လင့်ထားသော်လည်း အဆိုးဆုံးအတွက်လည်း ပြင်ဆင်ထားသင့်ကြောင်း၊ မဟာပင်လယ်ကွေ့ စီးပွားရေးဒေသ (Greater Bay Area-GBA) ဖွံ့ဖြိုးတိုးတက်မှုလမ်ကြောင်းသစ် နှင့်ဟောင်ကောင်ဒေသအနေဖြင့် မိမိဘာသာ ရပ်တည်နိုင်မည်ဟု မျှော်လင့်ထားကြောင်း၊ အသက်အာမခံလုပ်ငန်းတွင် ကမ္ဘာ့ထိပ်တန်းနေရာတစ်ခုတွင် တည်ရှိသည့် Prudential သည် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလက M&G နှင့် လုပ်ငန်းခွဲထွက်ပြီးနောက် ဟောင်ကောင်၌ အခြေချလုပ်ကိုင်ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ သို့သော် အတိုက်ခံ ဥပဒေပညာရှင်များက တရားစီရင်ရေးကောင်စီတွင် ဥပဒေ ပြုရေးတို့အား နှောင့်ယှက်မှုရှိနိုင်သောကြောင့် Prudential ရွှေ့ပြောင်းမှုအပေါ်တွင် သက်ရောက်မှုရှိနိုင်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအတွက် သက်သာမှု အစီအစဉ်အား ၁၇-၄-၂၀၂၀ ရက်နေ့ တွင် အတည်ပြုပေးရန် ဥပဒေပညာရှင်များအား တိုက်တွန်းခဲ့ကြောင်း၊ အဆိုပါ အစီအစဉ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သည့် ကာလအတွင်း ဟောင်ကောင်ဒေသအတွက် လုံလောက်မှုမရှိနိုင်ကြောင်း၊ အလုပ်လက်မဲ့နှုန်းများ မြင့်တက်နေမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းများအတွက်လည်း ယုံကြည်မှုများ လျော့နည်းနေမည်ဖြစ်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် စီးပွားရေးလုပ်ငန်းများ သက်သာမှု အစီအစဉ်အတွက် အဓိကအပိုင်းမှာ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် စီးပွားရေးအပေါ် နှစ်ဝက်ခန့်ထိခိုက်မှုအတွက် အလုပ်သမားများ၏ လစာအား ပံ့ပိုးပေးနိုင်ရန် ဖြစ်ကြောင်း၊ အလုပ်သမားများတွင် မှီခိုနေသည့် မိသားစုများ ရှိသောကြောင့် အလုပ်သမားများ အား အလုပ်အကိုင်များ ဆက်လက် ထိန်းထားနိုင်ရန်ဖြစ်သည်ဟု ဟောင်ကောင်ဘဏ္ဍာရေး ဝန်ကြီး Mr. Paul Chan Mo-Po မှ ပြောကြားခဲ့ကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၆ ရက် နေ့ ထုတ် South China Morning Post  သတင်းစာ၌ Olga Wong Lilian Cheng တို့က “HK Dollar Safe from any attack, Chan Says” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)