China (HongKong)

ဟောင်ကောင်လေဆိပ်အာဏာပိုင်မှ ဟောင်ကောင်ဒေါ်လာ (၃၅) ဘီလီယံချေးငွေရရှိရန် ဘဏ် (၂၁) ခုနှင့် လက်မှတ်ရေးထိုးခြင်း

Last Updated:

ဟောင်ကောင်လေဆိပ်အာဏာပိုင် (Airport Authority Hong Kong -AA) သည် ဟောင်ကောင်ဒေါ်လာ (၃၅) ဘီလီယံအား (၅) နှစ်ကြာချေးယူရန် ဒေသတွင်းနှင့် နိုင်ငံတကာ ဘဏ်များဖြစ်သည့် China Development Bank Hong Kong Branch ၊  Bank of China (Hong Kong ) Limited ၊ Sumitomo Mitsui Banking Corporation ၊  Australia and New Zealand Banking Group Limited ၊ The Hongkong and Shanghai Banking Corporation Limited ၊ Standard Chartered Bank (Hong Kong) Limited ၊  Industrial and Commercial Bank of  China (Asia) Limited ၊ Bank of Communications Co., Ltd. Hong Kong Branch ၊ Agricultural  Bank of China Limited Hong Kong Branch ၊ Citi  ၊ Chiyu Banking Corporation Limited ၊ The Bank of Nova Scotia,Hong Kong Branch ၊ Crédit Agricole Corporate and Investment Bank  ၊ China Everbright Bank Co., Ltd., Hong Kong Branch ၊ CMB Wing Lung Bank Limited ၊ Dah Sing Bank, Limited ၊ DBS Bank Ltd. ၊ Hang Seng Bank Limited ၊ Mizuho Bank, Ltd. ၊ Oversea-Chinese Banking Corporation Limited နှင့် Shanghai Commercial Bank Ltd. အစရှိသည့် ဘဏ် (၂၁) ခုနှင့် လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ‌အဆိုပါချေးငွေမှ ဟောင်ကောင်လေဆိပ် ပြေးလမ်းကြောင်းအသစ်၊ တက္ကစီလမ်းကြောင်းအသစ်၊ ခရီးသည်များသွားလာရန် ဂိတ်အသစ်၊ ခရီးသည်များ အလိုအလျောက် ရွေ့လျားသွားလာနိုင်သည့်စက်၊ ဝန်စည်စလွယ်အိတ်များ ထိန်းချုပ်သည့်စနစ် တို့နှင့် အခြားသော အခြေခံအဆောက်အအုံပစ္စည်းများ တည်ဆောက်မည့် Three-runway Systems (3RS) စီမံကိန်း အပါအဝင် AA ၏ ငွေလုံးငွေရင်း အသုံးစရိတ်အတွက်  အသုံးပြုသွားမည်ဖြစ်ကြောင်း၊ COVID-19 ဖြစ်ပွားနေသော ကာလဖြစ်သော်လည်း AAအားချေးငွေပံ့ပိုးကူညီမှုမှာ AA  အပေါ် ယုံကြည်မှုရှိပြီး ဟောင်ကောင် အပြည်ပြည်ဆိုင်ရာလေဆိပ်၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရန် အလား အလာကောင်းများဖြစ်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ဘဏ်အသိုက်အဝန်းမှလည်း ဟောင်ကောင်၏ အနာဂတ်အပေါ် ယုံကြည်မှုရှိသည်ကို တွေ့ရှိရကြောင်း၊ COVID-19 ကြောင့် ဟောင်ကောင် လေဆိပ် ရေရှည်ရပ်တည်နိုင်ရန်ကိုသာမက 3RS အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်း ထိခိုက်မှုများရှိကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၆ ရက်နေ့ ထုတ် South China Morning Post သတင်းစာ ၌ “ Airport Authority Signs HK$ 35 Billion Loan Facilities with 21 Banks” ခေါင်းစဉ်ဖြင့်ရေးသားဖော်ပြထားပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)