China (HongKong)

ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ၌ Mask များထုတ်လုပ်ရန် ပံ့ပိုးမှုများစီစဉ် ဆောင်ရွက်နေခြင်းနှင့် လျှောက်ထားသည့်လုပ်ငန်း (၉၀) ရာခိုင်နှုန်းမှာ စံသတ်မှတ်ချက် များနှင့် ကိုက်ညီမှုမရှိခြင်း

Last Updated:

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပျံ့နှံ့မှုကြောင့် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ အစိုးရမှ ဟောင်ကောင်ဒေသတွင်း၌ Mask များ ထုတ်လုပ်နိုင်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိပါသည်။ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသရှိ ဟောင်ကောင်ကုန်သွယ် ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (HKPC)မှ ကြီးမှူး၍ Mask ထုတ်လုပ်ရန် ထောက်ပံ့ငွေများပံ့ပိုးခြင်း အစီအစဉ်အား ဆောင်ရွက်မည်ဖြစ်ပြီး Mask ထုတ်လုပ်မည့် လုပ်ငန်းများမှ ထောက်ပံ့ငွေများ လျှောက်ထားမှုအား ဟောင်ကောင် ကူးသန်းရောင်းဝယ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဗျူရိုမှ တာဝန်ယူအတည်ပြုပေးမည်ဖြစ်ကြောင်း၊ အဆိုပါပံ့ပိုးမှု အစီအစဉ်အား လျှောက်ထားမည့် ကုမ္ပဏီအနေဖြင့် ဟောင်ကောင်၌ ထုတ်လုပ်မှုအတွက်သုံးမည့် ပစ္စည်းကိရိယာများ၊ ကုန်ကြမ်းပစ္စည်းများ၊ ထုတ်လုပ်မှု ဆောင်ရွက်ရန် နေရာငှားရမ်းထားခြင်း၊ ထုတ်လုပ်မှု ဆောင်ရွက်ရန်သန့်ရှင်းသည့် အခန်းရှိရန်နှင့် ထုတ်လုပ်မှုလမ်းကြောင်း တစ်ခုလျှင် Mask (၅၀၀,၀၀၀) သိန်းထုတ်လုပ်နိုင်ရန်လိုအပ်ပါသည်။ ဟောင်ကောင် ဒေသတွင်း Mask များပြတ်လပ်မှုမှ ကာကွယ် နိုင်ရန် ကမ္ဘာ့ကပ်ရောဂါကာကွယ်ရေးရန်ပုံငွေဖြင့် ထုတ်လုပ်မှုများလျင်မြန်စွာ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန် ဟောင်ကောင်ဒေသတွင်း Mask ထုတ်လုပ်ရန် ထောက်ပံ့ငွေများပံ့ပိုးပေးမှုအစီအစဉ်ဖြင့် ဟောင်ကောင်ဒေါ်လာ (၃၀) ဘီလီယံ ပံ့ပိုးသွားမည်ဖြစ်ကြောင်း၊ အဆိုပါ ထောက်ပံ့ငွေများပံ့ပိုးမှု အစီအစဉ်အား ၂-၃-၂၀၂၀ ရက်နေ့မှ စတင်၍ ၃၁-၁၂-၂၀၂၀ ရက်နေ့အထိ လျှောက်ထားနိုင်ပါသည်။ လျှောက်ထားသူသည် လျှောက်လွှာပုံစံနှင့်အတူသက်ဆိုင်ရာ ထောက်ခံချက်စာရွက် စာတမ်းများ၊ လက်ရှိလုပ်ကိုင်နေသည့် စက်ရုံ၏အချက်အလက်များ၊ စက်ပစ္စည်းကိရိယာများနှင့် ကုန်ကြမ်းပစ္စည်းများ၏ အချက်အလက်များအား ဖော်ပြလျှောက်ထားရမည်ဖြစ်ကြောင်း၊ လျှောက်ထားသူ တစ်ဦးချင်းစီအတွက် ပထမဆုံး ထုတ်လုပ်မှု အစီအစဉ်အတွက် ဟောင်ကောင်ဒေါ်လာ (၃) ဘီလီယံ ပံ့ပိုးပေးသွားမည်ဖြစ်ပြီး ထပ်မံထုတ်လုပ်မည့် ဒုတိယထုတ်လုပ်မှုအစီအစဉ်အတွက် ဟောင်ကောင်ဒေါ်လာ (၂) ဘီလီယံပံ့ပိုးသွားမည်ဖြစ်ပါသည်။ ပထမဦးဆုံးထုတ်လုပ်သည့် ထုတ်လုပ်မှု (၂၀) ခု အတွက် ထောက်ပံ့ပေးသွားမည်ဖြစ် ကြောင်း၊ အဆိုပါ ပံ့ပိုးမှုငွေမှ ထုတ်လုပ်မှုအတွက် အသုံးပြုသည့် ပစ္စည်းကိရိယာများ၊ ထုတ်လုပ်မည့်နေရာ၊ အခန်းသန့်ရှင်းမှုများနှင့် စမ်းသပ်မှုအတွက် ကုန်ကျစရိတ်များလည်း အကျုံးဝင်မည်ဖြစ်ကြောင်း၊ ထုတ်လုပ်မှု ကုန်ကျစရိတ် အားလုံးပေါင်းဖြစ်သည့်  ကုန်ကြမ်းပစ္စည်း တစ်ခုချင်းစီ၏ ကုန်ကျစရိတ်၊ နေရာငှားရမ်းခနှင့် Mask တစ်ခုချင်းစီ၏ ထုတ်လုပ်မှု ကုန်ကျစရိတ် တို့ကိုပေါင်း၍ Mask ဈေးနှုန်း သတ်မှတ်သွားမည်ဖြစ်ပါသည်။ အရည်အသွေး အဆင့်အတန်း ကောင်းမွန်ရန် ကုမ္ပဏီမှ လိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး အစိုးရအဖွဲ့မှ တစ်လလျှင် (၂) ကြိမ် အရည်အသွေးစစ်ဆေးသွားမည် ဖြစ်ပါသည်။ Mask တစ်ခုချင်းစီ၏ ထုတ်လုပ်မှု ကုန်ကျစရိတ် စုစုပေါင်းမှာ ဟောင်ကောင်ဒေါ်လာ (၀.၅၀) ဒေါ်လာအောက် လျော့နည်းနေပါက ဟောင်ကောင် အစိုးရမှ ဟောင်ကောင်ဒေါ်လာ (၀.၆၀) ဒေါ်လာ ထပ်မံဖြည့်စွက် ပေးပြီး Mask တစ်ခုကို ဟောင်ကောင် ဒေါ်လာ (၁.၁၀) ဒေါ်လာဖြင့် ဝယ်ယူဈေးနှုန်း သတ်မှတ်၍ ဝယ်ယူမည်ဖြစ်ကြောင်း၊ ထုတ်လုပ်မှု ကုန်ကျစရိတ်ပေါင်းမှာ ဟောင်ကောင်ဒေါ်လာ (၂.၀) ဒေါ်လာဖြစ်ပါက ဟောင်ကောင်အစိုးရမှ ဟောင်ကောင် ဒေါ်လာ (၀.၄၀) ဒေါ်လာ ထပ်မံပေါင်း၍ Mask တစ်ခု၏ ဈေးနှုန်းမှာ ဟောင်ကောင်ဒေါ်လာ (၂.၄၀) ဒေါ်လာ သတ်မှတ်မည်ဖြစ်ကြောင်း၊  ၂၀၂၀ ပြည့်နှစ် မကုန်ခင် စီးပွားဖြစ် အမြောက်အမြား ထုတ်လုပ်သွားမည်ဖြစ်ကြောင်း၊ ဟောင်ကောင်အစိုးရမှ တစ်နှစ်အတွင်း လစဉ် Mask (၂) သန်းအား Mask တစ်ခုလျှင် ဟောင်ကောင်ဒေါ်လာ (၃) ဒေါ်လာဖြင့် ဝယ်ယူရန် ခန့်မှန်းထားရှိပါသည်။  Mask (၂) သန်း ကျော်ထုတ်လုပ်နိုင်ပါက ပိုလျှံ သည့် Mask များအား ဟောင်ကောင်ဒေသ ရှိဥပဒေရေးရာအကြံပေးအဖွဲ့များ၊ ဆေးဘက်ဆိုင်ရာအသင်းများနှင့် ဒေသခံ လက်လီအရောင်းဆိုင်များအား ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ သို့သော် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချခွင့် မပြုကြောင်း၊ ထုတ်လုပ်မှုဆောင်ရွက်ရန် သန့်ရှင်းသည့် အခန်းရရှိရန်မှာ ကြီးမားသည့် အတားအဆီးအခက်အခဲဖြစ်နေကြောင်း ထုတ်လုပ်သူများမှ ပြောကြားကြောင်း၊ Mask လုပ်ငန်း (၆၃) ခုမှ အဆိုပါထောက်ပံ့မှု အစီအစဉ် အားလျှောက်ထားရာလုပ်ငန်း (၂) ခုသာ စံသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိပြီး(၉၀) ရာခိုင်နှုန်းမှာ သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိသောကြောင့် ထောက်ပံ့ငွေရရှိနိုင်ခြင်းမရှိကြောင်း၊ Mask ထုတ်လုပ်ရန် လုပ်ငန်း (၁၃) ခုမှ ဆောင်ရွက်လျှက်ရှိသည့်အနက် လုပ်ငန်း (၆) ခုမှာ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလတွင်စတင် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ လုပ်ငန်း (၃) မှာ ပစ္စည်းအမှာစာများ ကြိုတင်လက်ခံခြင်းများ ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ကျန်ရှိသော လုပ်ငန်း (၆) ခုအနက်မှ လုပ်ငန်း(၁) ခုမှာ မေလတွင် စတင်ထုတ်လုပ်နိုင်ရန် ဆောင်ရွက်လျှက်ရှိပြီး လစဉ်အရေအတွက် (၄) မီလီယံ ထုတ်လုပ်ရန် ခန့်မှန်းထားကြောင်း၊ ဟောင်ကောင်ဒေသ၊ Tuen Mun ရှိ Dubbed Mask Factory သည် ၁၁-၃-၂၀၂၀ ရက်နေ့က စတင်၍ ပစ္စည်းအမှာစာများ ကြိုတင်လက်ခံလျှက်ရှိပြီး ဝယ်ယူသူ (၁၀၀,၀၀၀) ဦးခန့်ရှိကြောင်းနှင့် ၂၈-၃-၂၀၂၀ ရက်နေ့ အစောဆုံးဖြင့် Mask များအား ဝယ်ယူသူများထံသို့ ပေးပို့သွားနိုင်မည်ဖြစ်ကြောင်း ၁၅-၃-၂၀၂၀ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ “More than 90 per cent of applicants to Hong Kong government’s subsidy for mask production fail to meet standards” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)