China(Nanning)

အကောက်ခွန်ရှင်းလင်းရေးလွယ်ကူချောမွေ့စေရန် တိုးမြှင့်ဆောင်ရွက်ပေးနေသည့်ကွမ်ရှီး

Last Updated:

ယခုနှစ်ပထမ (၆) လအတွင်း ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ဆိပ်ကမ်းများ၌ သွင်းကုန်များအတွက် အလုံးစုံ အကောက်ခွန်ရှင်းလင်းချိန်မှာ (၆.၉၄) နာရီဖြစ်ပြီး (၂၀၁၉) ခုနှစ်ကထက် (၄၆.၉၄) ရာခိုင်နှုန်းလျော့နည်းလာပါသည်။ ပို့ကုန်အတွက် အကောက်ခွန်ရှင်းလင်းချိန်မှာ (၁.၂) နာရီသာကြာမြင့်ပြီး၊ နိုင်ငံအဆင့်ပျမ်းမျှဖြစ်သည့် (၁.၂၇) နာရီထက် အနည်းငယ်ပိုမိုမြန်ဆန်သည်ကို တွေ့ရပါသည်။

ထိုကဲ့သို့ အကောက်ခွန်ရှင်းလင်းမှုလုပ်ငန်းစဉ်များ တိုးတက်မြန်ဆန်လာခြင်းမှာ တရုတ်နိုင်ငံတော်အဆင့် စံချိန်စံညွှန်းများနှင့်အညီ ပြတင်းတစ်ပေါက် (single window) ဝန်ဆောင်မှုအား နန်နင်း အကောက်ခွန်ဌာနက တိုးတက်ဆောင်ရွက်ခဲ့သောကြောင့်ဖြစ်ပါသည်။ ထိုကဲ့သို့ ဆောင်ရွက်ခြင်းကြောင့် ဆိပ်ကမ်းစစ်ဆေးရေးဌာနများအားလုံး၏ သမားရိုးကျ အစဉ်လိုက်ထုတ်ပြန်ထားသည့် ဉပဒေ အသက်ဝင်မှုများကို တစ်ပြိုက်နက်တည်း အသက်ဝင်လာစေခဲ့ပြီး အကောက်ခွန်ကြေငြာခြင်းနှင့် စစ်ဆေးခြင်းအချက် အလက်များကို မျှဝေခြင်းကြောင့် တိုးတက်အောင်မြင်လာခဲ့ခြင်းဖြစ်ပါသည်။

ပြတင်းတစ်ပေါက်စနစ်ဆိုသည်မှာ ကုန်သေတ္တာကြေငြာခြင်း၊ အထောက်အထားတင်ပြခြင်း၊ သယ်ယူပို့ဆောင်ရေး ယာဉ်ကြေငြာခြင်း၊ လိုင်စင်လျှောက်ထားခြင်း၊ ပင်ရင်းဒေသ သက်သေခံလက်မှတ် လျှောက်ထားခြင်း၊ လုပ်ငန်းအရည်အသွေးစစ်ဆေးခြင်း၊ စာရင်းအင်းအချက်အလက်ထည့်သွင်းခြင်း၊ ပို့ကုန်အခွန်ပြန်အမ်းခြင်းနှင့် အခွန်အခပေးဆောင်ခြင်းဟူသည့် လုပ်ငန်းတာဝန် (၉) ရပ်အား ပေါင်း စည်းထားခြင်းကို ရည်ညွှန်းခြင်းဖြစ်ပါသည်။

ဆိပ်ကမ်းစီမံခန့်ခွဲရေးနှင့် အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုနှင့် ဆက်စပ်နေသောဌာနများမှ လိုအပ်သည့် စံသတ်မှတ်ထားသည့် စာရွက်စာတမ်းများနှင့် အီလက်ထရောနစ်အချက်အလက်များကို လုပ်ငန်း များက ပြတင်းတစ်ပေါက်စနစ်မှ တစ်ကြိမ်သာပေးပို့ရန် လိုအပ်ပါသည်။ 

ယခုနှစ် ပထမ (၆) လအတွင်း ကွမ်ရှီးလုပ်ငန်းများအားလုံးတို့က ပြတင်းတစ်ပေါက်စနစ်မှတဆင့် ကြေငြာသည့်လုပ်ငန်းစဉ်များ၊ အထောက်အထားများနှင့် သယ်ယူပို့ဆောင်ရေးယာဉ်များကို တင်ပြခဲ့ကြ ပြီး၊ အကောက်ခွန်ရှင်းလင်းရာတွင် စာရွက်စာတမ်းဖြင့် တင်ပြရန် မလိုသည့်နည်းလမ်းဖြင့် တင်ပြခဲ့မှုမှာ စုစုပေါင်း၏ (၉၉.၉၇) ရာခိုင်နှုန်းကျော်ရှိပါသည်။

နန်နင်း အကောက်ခွန်အချက်အလက်စင်တာမှာ hotline ဝန်ဆောင်မှုလုပ်ငန်းစဉ်သို့ ဆက်လက်တိုးတက်ဆောင်ရွက်ထားပြီးလည်းဖြစ်ကာ၊ အကောက်ခွန်ရှင်းလင်းမှုနှင့်ပတ်သက်၍ အွန်လိုင်းပေါ်မှ မေးခွန်းများမေးမြန်းလာပါက ပြန်လည်ဖြေကြားပေး သည့် ဝန်ဆောင်မှုကိုလည်း တည်ထောင်ထားပြီးဖြစ်ပါသည်။

အနာဂတ်တွင် ဆိပ်ကမ်းလုပ်ငန်းဆောင်ရွက်နေသည့် ဌာနများ၏ စွမ်းဆောင်ရည်ကိုထိန်းချုပ်ရန်နှင့် ဆုံးရှုံးနိုင်ခြေကာကွယ်ရေးတို့အား နန်နင်းအကောက်ခွန်ဌာနက ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထို့ပြင် big data ဆန်းစစ်မှုနှင့် လုပ်ငန်းစဉ် တဖန်ပြန်လည်ပြုပြင်ဆောင်ရွက်မှုတို့၏ အထောက်အကူတို့ဖြင့် ထိရောက်သည့် ကုန်သွယ်မှုကြီးကြပ်ရေးအား ခိုင်မာအားကောင်း လာစေရန်၊ လုပ်ငန်းများအတွက် အကောက်ခွန်ရှင်းလင်းသည့် ကုန်ကျစရိတ်ဆက်လက်လျှော့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ en.gxzf.gov.cn (၁၉-၇-၂၀၂၀)

Category: China(Nanning)