China(Nanning)

အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်မှုများအတွက် “တစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးသည့်စင်တာ”အား နန်နင်း Wuxu လေဆိပ်၌ ဖွင့်လှစ်ခဲ့သည့် ကွမ်ရှီး

Last Updated:

အပြည်ပြည်ဆိုင်ရာ ကုန်စည်ထောက်ပံ့ပို့ဆောင်မှုများအတွက် “တစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးခြင်း” အား နန်နင်း Wuxu လေဆိပ် Terminal ရှိ (၁၁,၈၂၀)  အကျယ်အဝန်းရှိသည့်နေရာတွင်  Guangxi Airport Management Group ကစုစုပေါင်း ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ယွမ်ငွေသန်း (၆၀) (အမေရိကန်ဒေါ်လာ ၈.၄၉သန်း) ဖြင့်  စတင်ဆောင်ရွက်ပြီဖြစ်ပါသည်။ ၎င်းစီမံကိန်းအား  လေကြောင်းဖြင့် တင်ဆောင်လာသည့် သွင်းကုန်ပို့ကုန်ကုန်သေတ္တာများအား အကောက်ခွန်ရှင်းလင်းခြင်း၊ အပြည်ပြည်ဆိုင်ရာ လေကြောင်းကုန်တင်မှုများဆောင်ရွက်ခြင်းတို့အတွက် လုပ်ငန်းဝန်ဆောင်မှုပေးရန်နှင့် လိုအပ် သည့် ပံ့ပိုးဝန်ဆောင်မှုများပေးရန် တို့ အတွက် ရည်ရွွယ်ပြုလုပ်ခြင်းဖြစ်ပါသည်။

၎င်းဝန်ဆောင်မှုစင်တာတွင် ကုန်သေတ္တာစုစည်းခြင်းနှင့် သယ်ယူပို့ဆောင်ခြင်း၊ ထုတ်ယူခြင်း၊ အကောက်ခွန်ရှင်းလင်းခြင်း၊ ကုန် ပစ္စည်းစစ်ဆေးခြင်းနှင့် စီမံခန့်ခွဲရေးလိုင်စင် အတည်ပြုချက်ရယူ လျှောက် ထားခြင်းတို့အတွက်  အဆင့်အမျိုးမျိုးပါဝင်သည့် ဌာနများအား  ပေါင်းစည်းတည်ထောင်ပေးထားခြင်းဖြစ်ပါသည်။

မကြာသေးမီနှစ်များအတွင်း နန်နင်းလေဆိပ်၌ လေကြောင်းဖြင့် ကုန်စည်ပို့ဆောင်မှုများ (အထူးသဖြင့် အပြည်ပြည်ဆိုင်ရာ လေကြောင်းကုန်စည်ပို့ဆောင်မှုများ)မှာ တဖြည်းဖြည်း တိုးတက်လာလျက်ရှိပါ သည်။  ယခုနှစ် ဇန်နဝါရီလမှ မေလအတွင်း နန်နင်း Wuxu လေဆိပ်အကောက်ခွန်ဌာနက ပို့ကုန်သွင်းကုန် ကုန်သေတ္တာတန်ချိန်ပေါင်း (၂၆၈၄.၈၉) တန်အား ကြီးကြပ်ခဲ့ရပြီး ယခင်နှစ်ကထက် (၁၆၉.၂) ရာခိုင်နှုန်းတိုးတက်ခဲ့သည် ကိုတွေ့ရပါသည်။ ယင်းအကောက်ခွန်ဌာနက အကောက်ခွန်ရှင်းလင်းပေးမှုပေါင်း (၂၆၉၀) အား ကိုင်တွယ်ခဲ့ရကာ ယခင်နှစ်ကထက် (၅၇.၅) ရာခိုင်နှုန်းတိုးတက်လာခဲ့ခြင်းဖြစ်ပါ သည်။

ယခုကဲ့သို့ “တစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးသည့်စင်တာ” အား ဖွင့်လှစ် ပေးခဲ့မှုမှာ အကောက်ခွန်ရှင်းလင်းမှု ထိရောက်မှုနှင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေမှုအဆင့်တို့အား ပိုမိုတိုးတက်စေလာခြင်း ဖြစ်ပါသည်။  သွင်းကုန်ပို့ကုန်အကောက်ခွန် ရှင်းလင်းမှုများအား ပိုမိုထိရောက်လျင်မြန်စွာဆောင်ရွက်နိုင်ရန် အကောက်ခွန်ရှင်းလင်းသည့်လုပ်ငန်းများ၊ အပြည်ပြည်ဆိုင်ရာ သင်္ဘောတင်ပို့သည့်ကုမ္ပဏီများ နှင့် ကုန်စည်တင်ပို့သည့်ကုမ္ပဏီများ ဤစင်တာသို့ ဝင်ရောက်လာကြမည်ဟု မျှော်မှန်းထားပါသည်။  

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ en.gxzf.gov.cn (၂-၇-၂၀၂၀)

Category: China(Nanning)