Thailand

အပြုသဘောဆောင်သောအချက်များက ပို့ကုန်တိုးတက်မှုအတွက်တွန်းအားဖြစ်စေခြင်း

Last Updated:

ကမ္ဘာ့စီးပွားရေး ပြန်လည်ဉီးမော့လာမှု၊ ကွန်တိန်နာမလုံလောက်မှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးတို့အတွက် သက်ဆိုင်ရာများ၏ ဆောင်ရွက်ချက်များကြောင့် ထိုင်း ပို့ကုန်များအနေဖြင့် ၎င်းတို့၏တိုးတက်မှုအရှိန်အဟုန်ကို ထိန်းသိမ်းထားလျှက်ရှိကြောင်းနှင့် ယခုနှစ်ဇန်နဝါရီလတွင် နှစ်အလိုက်၌ ပို့ကုန်တိုးတက်မှု (%) ရရှိခဲ့ကြောင်း သိရှိရပါသည်။

ထိုင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ (..၂၀၂၂) ရက်နေ့ထုတ်ပြန်ချက်အရ အကောက်ခွန်ရှင်းလင်းပြီး ပို့ကုန်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ (၂၁.) ဘီလီယံ ရရှိခဲ့ကြောင်း သွင်းကုန်တင်သွင်းမှုမှာလည်း (၂၀.%) တိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ (၂၃.) ဘီလီယံရရှိခဲ့ကြောင်း၊ ရလဒ်အနေဖြင့် ကုန်သွယ်မှု ပိုငွေ အမေရိကန်ဒေါ်လာ (.၅၂) ဘီလီယံရရှိခဲ့ကြောင်း သိရှိရပါသည်။

ကွန်တိန်နာမလုံလောက်မှုသည် အထူးသဖြင့် လန်ချာဘန်ဆိပ်ကမ်း၊ ဗန်ကောက်ဆိပ်ကမ်းနှင့် အမေရိကန်ဆိပ်ကမ်းများတွင် လျှော့ပါးသွားခဲ့ကြောင်း၊ ပုဂ္ဂလိကကဏ္ဍ အနေဖြင့် အားလပ်ရက်များတွင် အလုပ်ချိန်တိုးမြှင့်ရန်နှင့် ညပိုင်းအလုပ်ချိန်တိုးမြှင့်ဆောင်ရွက်သွားရန် သဘောတူခဲ့ကြကြောင်း သိရှိရပါသည်။

ရုရှားနှင့် ယူကရိန်းတို့အကြား ပြင်းထန်သောပဋိပက္ခများကြောင့် ရေနံဈေးနှုန်းများ မြင့်တက်လာခြင်းကဲ့သို့သော အန္တရာယ်ရှိသည့် အချက်များရှိနေသော်လည်း ဝန်ကြီးဌာနအနေဖြင့် ၎င်း၏ ပို့ကုန်တိုးတက်မှုရည်မှန်းချက်ကို ယခုနှစ်အတွက် (-%) တွင် ဆက်လက်ထိန်းသိမ်းထားလျှက်ရှိနေကြောင်း သိရှိရပါသည်။
ဝန်ကြီးမစ္စတာဂျူရင်က ဝန်ကြီးဌာန၏ အကြီးတန်းအရာရှိများနှင့် ပုဂ္ဂလိကများအကြား
ပူးတွဲတွေ့ဆုံမှုအပြီးတွင် ယူကရိန်းပဋိပက္ခမှာ ထိုင်းကုန်သွယ်မှုအပေါ် များစွာသက်ရောက်မှုမရှိသေးကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ ထိုင်းကုန်သည်ကြီးများအသင်းနှင့် ထိုင်းအမျိုးသားကုန်စည်ပို့ဆောင်ရေး ကောင်စီတို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

ယူကရိန်းနှင့် ရုရှားသို့ ထိုင်းပို့ကုန်များ တင်ပို့မှုမှာ သိပ်အရေးမပါလှဟု ယူဆရကြောင်း၊ ယမန်နှစ်က ရုရှားသို့တင်ပို့မှုမှာ စုစုပေါင်းပို့ကုန်တင်ပို့မှု၏ (.၃၈%) (သို့မဟုတ်) အမေရိကန်ဒေါ်လာ (.၀၂) ဘီလီယံခန့်သာရှိကြောင်း၊ ယူကရိန်းသို့ ပို့ကုန်တင်ပို့မှုမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ (၁၃၅) သန်း (သို့မဟုတ်) ထိုင်း နိုင်ငံ၏ ပြည်ပတင်ပို့မှုစုစုပေါင်း၏ (.၀၅%) သာရှိကြောင်း သိရှိရပါသည်။ ရုရှားနှင့် ယူကရိန်းနိုင်ငံများသို့ တင်ပို့မှုများအနက် တာယာများ၊ ပြုပြင်ထားသော အစား

အစာများ၊ ကျောက်မျက်နှင့် အလှကုန်များ တင်ပို့မှုတွင် သက်ရောက်မှုအနည်းငယ်ရှိနိုင်ကြောင်း သိရှိရပါသည်။

ရေရှည်တွင် ရုရှားနှင့် ယူကရိန်း ပဋိပက္ခကြောင့် ရေနံဈေးကြီးမြင့်ခြင်း၊ ငွေကြေးလွှဲပြောင်းမှုနှင့် ကုန်စည်ပို့ဆောင်မှုကုန်ကျစရိတ်များကို ထိခိုက်နိုင်ကြောင်း  သိရှိရပါသည်။ အဆိုပါပဋိပက္ခ၏  သွယ်ဝိုက်သက်ရောက်မှုကြောင့် ထိုင်းနိုင်ငံအနေဖြင့် စွမ်းအင်ဈေးနှုန်းမြင့်မားမှု (သို့မဟုတ်) သံဗူးများနှင့် ဆောက်လုပ်ရေးပစ္စည်း များအတွက် တင်သွင်းလာသော သံမဏိဈေးနှုန်းများမြင့်မားလာနိုင်ကြောင်း မစ္စတာဂျူရင်၏ အဆိုအရသိရှိရပါသည်။

တိရစ္ဆာန်အစာအတွက် တင်သွင်းသော ဂျုံနှင့် ပြောင်းတင်သွင်းမှု ဈေးနှုန်းများမြင့်တက်လာနိုင်ကြောင်း၊ ရုရှားနှင့် ယူကရိန်းမှာ ကမ္ဘာ့အကြီးဆုံးဂျုံထုတ်လုပ်သူနှင့် ပြည်ပတင်ပို့သူများဖြစ်ကြကြောင်း ပြောကြားခဲ့ပါသည်။

ဝန်ကြီးဌာနအနေဖြင့် အရှေ့အလယ်ပိုင်း၊ အာဖရိကနှင့် လက်တင်အမေရိကကဲ့သို့သော အစားထိုးဈေးကွက်သစ်များ   ရှာဖွေခြင်းဖြင့် အဆိုပါသက်ရောက်မှုများကို ထေမိစေရန် စီမံချက်များကို ပြင်ဆင်ထားပြီးဖြစ်ကြောင်း ဝန်ကြီးမစ္စတာဂျူရင်ကပြောကြားခဲ့ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Source: Bangkok Post

Category: Thailand