USA

အမေရိကန် ဗဟိုဘဏ်က ၎င်း၏ရန်အတိုးနှုန်း ထက်ဝက်လျှော့ချသော်လည်း စတော့တန်ဖိုး များကျဆင်း

Last Updated:

အမေရိကန်ဗဟိုဘဏ်က ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် စီးပွားရေးကျဆင်းနိုင်သည့်အတွက် အမေရိကန်ဗဟိုဘဏ်က ၎င်း၏ရန်အတိုးနှုန်းကို ၁ ရာခိုင်နှန်းနှင့် ၁.၂၅ ရာခိုင်နှုန်းအကြားထိ ထက်ဝက်လျှော့ချလိုက်တယ်လို့ မတ်လ ၂ ရက်နေ့ ကကြေညာလိုက်ပါသည်။

အမေရိကန်ဗဟိုဘဏ်၏ ကြေညာချက်ထွက်ပေါ်ပြီးနောက် အမေရိကန်၏ စတော့ရှယ်ယာများနှင့် အစိုးရငွေတိုက်စာချုပ်တန်ဖိုးများ ကျဆင်းခဲ့သည့်တွက် ငွေကြေးစီမံသူများသည် ဗိုင်းရပ်စ်ကြောင့် စီးပွားရေးကျဆင်းမည်ကို စိုးရိမ်ကြောက်လန့် နေကြသည်။

အမေရိကန်ဗဟိုဘဏ်၏ ကြေညာချက်ထွက်ပေါ်ပြီး ကနဦးတွင် စတော့တန်ဖိုးများ မြင့်တက်ခဲ့ကြောင်း၊ Dow Jones Industrial တန်ဖိုးသည် ၃၀၀ ပွိုင့်ကျော်မြင့် တက်ခဲ့ပြီး ၁၅ မိနစ်အတွင်း  ပြန်လည်ကျဆင်းလာရာ ၈၀၀ ပွိုင့်နီးပါး၊ ၃ ရာခိုင်နှုန်းထိကျဆင်းနေကြောင်း၊ S&P 500 သည် ၂.၈ ရာခိုင်နှုန်းနှင့် Nasdaq Composite သည်လည်း ၃ ရာခိုင်နှုန်းအသီးသီး ကျဆင်းနေကြောင်းသိရပါသည်။

ဗဟိုဘဏ်ဥက္ကဌ ဖြစ်သူ Mr. Jerome Powell က အမေရိကန်၏ စီးပွားရေးသည် အခြေခံအားဖြင့် စိန်ခေါ်မှုအန္တရာယ်ရှိလာနိုင်သည့်ဟု ခန့်မှန်းသည့်အတွက် စီးပွားရေးဆက်လက်ခိုင်မာနေစေရေးအတွက် ၎င်းတို့အနေနှင့် လုပ်နိုင်သည့်အပိုင်းက ဆောင်ရွက်ခြင်းဖြစ်သည်ဟု သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင်ပြောကြားခဲ့ ပါသည်။

မိမိတို့အနေနှင့် ဘဏ်အတိုးနှုန်းလျှော့ချလိုက်ခြင်းသည် ရောဂါကူးစက်မှုနှုန်းကို လျှော့ချနိုင်မှုမရှိကြောင်းနှင့် စီးပွားရေးယန္တယား၏ ပျက်ပြားသွားသည့် ထောက်ပံ့ ပို့ဆောင်မှုကို တည့်မတ်အဆင်ပြေသွားအောင်ဆောင်ရွက်နိုင်မည်မဟုတ်ကြောင်းကို သိရှိထားသော်လည်း မိမိတို့၏လုပ်ဆောင်ချက်သည် စီးပွားရေးခိုင်မာလာ အောင် အဓိပ္ပါယ်ပြည့်ဝစွာဖြင့် ထောက်ပံ့မြှင့်တင်ပေးနိုင်မည်ဟု ယုံကြည်ကြောင်းဆိုပါသည်။ ပိုမိုတိတိတိကျကျဆိုလျှင် အိမ်ထောင်စုများနှင့် စီးပွားရေးလုပ်ငန်းများ ယုံကြည်ချက်ပိုမိုရှိလာစေပြီး စီးပွားရေးလုပ်ဆောင်မှုများ အပေါ်သက်ရောက်မှုရှိစေသည့် ငွေကြေးတင်းကြပ်မှုကိုရှောင်ရှားနိုင်ပြီး အဆင်ပြေနိုင်သော ငွေကြေး အခြေအနေဖြစ်ပေါ်စေရန် အထောက်အကူပေးနိုင်သည်ဟုဆိုပါသည်။

မတ်လ ၂ ရက်နေ့တွင် အမေရိကန်ဗဟိုဘဏ်၏ ဘဏ်တိုးနှုန်းလျှော့ချသည့် ကြေညာချက် ထွက်ပေါ်ပြီးနောက် သမ္မတထရမ့်က ဒီထက်ပိုမိုဆောင်ရွက်ရန် လိုနေသေးကြောင်း၊ ပိုမိုအဆင်ပြေချောမွေ့ရန် ထပ်မံလျှော့ချသင့်ကြောင်း ၎င်း၏ တွစ်တာ စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

 

(မြန်မာစီးပွားရေးသံမှူး၊ အမေရိကန်နိုင်ငံ)

https://www.wsj.com/articles/federal-reserve-cuts-interest-rates-by-half-percentage-point-11583247606

Category: USA