USA

အမေရိကန်ဒေါ်လာ ၄၈၄ ဘီလီယံ ကယ်ဆယ်ရေးအစီအစဉ် သမ္မတထရမ့်လက်မှတ်ရေးထိုး

Last Updated:

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ဆိုးဝါးစွာ ကူးစက်ပျံ့နှံ့နေချိန်တွင် အသေးစားစီးပွားရေး လုပ်ငန်းများ၊ ဆေးရုံများနှင့် COVID-19 စစ်ဆေးမှုများကို ထောက်ပံ့နိုင်ရန် အမေရိကန်ဒေါ်လာ ၄၈၄ ဘီလီယံသုံးစွဲသွားမည့် ဥပဒေတစ်ရပ်ကို သမ္မတထရမ့်က ၂၀၂၀ပြည့်နှစ်၊ ဧပြီလ ၂၄ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။

အဆိုပါကယ်ဆယ်ရေးအစီအစဉ်တွင်  Paycheck Protection Program အတွက် ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၃၁၀ ဘီလီယံပါဝင်ပြီး ယင်းထောက်ပံ့ငွေများကို အသေးစားစီးပွားရေးလုပ်ငန်းများအား ၎င်းတို့အလုပ်သမားများအား လစာငွေ၊ အိမ်ငှားရမ်းခနှင့် အခြားအသုံးစရိတ်များ အတွက် အသုံးပြုနိုင်ရန်ချေးငွေနှင့် အသေးစားငွေချေးသူများအတွက် အမေရိကန်ဒေါ်လာ ၆၀ ဘီလီယံအသုံးပြုမည်ဖြစ်ပြီး အသေးစားစီးပွားရေးလုပ်ငန်း  စီမံအုပ်ချုပ်မှုဘေးအန္တရာယ် ကူညီရေး ချေးငွေနှင့် ထောက်ပံ့ငွေအတွက် အမေရိကန်ဒေါ်လာ ၆၀ ဘီလီယံသုံးစွဲသွားမည်ဖြစ်ကြောင်း၊ ဆေးရုံများတွင် လူနာများအား အစားအစာကျွေးမွေးရန် ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၇၅ ဘီလီယံ သုံးစွဲသွားမည်ဖြစ်ကြောင်း၊ အမေရိကန် စီးပွားရေးပြန်လည်ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် ဗိုင်းရပ်စ်ပိုး စစ်ဆေးမှု မြှင့်တင်နိုင်ရန် အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံ သုံးစွဲသွားမည်ဖြစ်ကြောင်း သိရပါသည်။

သမ္မတထရမ့်အစိုးရမှ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ကူးစက်မှုကြောင့် ကယ်ဆယ်ရေး အထောက်အပံ့များစီစဉ်ကာ ချေးငွေထုတ်ချေးသော်လည်း အဆိုပါ ချေးငွေ အစီအစဉ်များတွင် ရှုတ်ထွေးမှုပြဿနာများစွာရှိနေပါသည်။ ဆိုင်ခွဲများစွာဖြင့် လုပ်ငန်းလည်ပတ်နေသော စားသောက်ဆိုင်များ၊ ဟိုတယ်များကဲ့သို့ အကြီးစား စီးပွားရေးလုပ်ငန်းတစ်ချို့က ချေးငွေများစွာ ရယူခဲ့ကြသလို တစ်ချို့သော ကုမ္ပဏီများက ဖိအားပေးခံရသဖြင့် ရရှိခဲ့သည့် ချေးငွေကို ပြန်လည်အပ်နှံမှုများလည်း ရှိခဲ့သည့်အတွက် ဘဏ္ဍာရေးဌာနမှ အရေးပေါ်ထောက်ပံ့မှု ပေးသည့်ချေးငွေနှင့် အကျုံးမဝင်သည့် ကုန်သွယ်ရေးကုမ္ပဏီများအတွက် စည်းကမ်းချက်အသစ်များကို ပြန်လည်ထုတ်ပြန်ခဲ့ရသည်ဟု ဆိုပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ အမေရိကန်ပြည်ထောင်စု)

https://thehill.com/homenews/administration/494412-trump-signs-484-coronavirus-relief-package

Category: USA