China (HongKong)

အမေရိကန်နိုင်ငံသည် ဟောင်ကောင်ဒေသအပေါ် ပိတ်ဆို့မှုများမရှိနိုင်ကြောင်း အစိုးရ အဖွဲ့အကြံပေး၏ အမေရိကန်သို့သွားရောက်သည့် ခရီးစဉ်အပြီးပြောကြားခြင်း

Last Updated:

 ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ၌ ၂၀၁၉ ခုနှစ်၊ ဇွန်လမှစတင်၍ တရားခံ လွှဲပြောင်းပေးရေး ဥပဒေမူကြမ်းအား ဆန့်ကျင်သည့် အစိုးရဆန့်ကျင် ဆန္ဒပြမှုများ ကြောင့် ဟောင်ကောင်လူ့အခွင့်အရေးဆိုင်ရာနှင့် ပတ်သက်သည့် ဥပဒေမူကြမ်းအား အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်မှ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့ခြင်းနှင့်စပ်လျဉ်း၍ ဟောင်ကောင်မှ အဖွဲ့ဝင် (၇) ဦးပါ အစိုးရအဖွဲ့အကြံပေးအဖွဲ့မှ အမေရိကန်သို့ သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ၁၉၉၂ ဥပဒေအရ ဟောင်ကောင်ဒေသ၏ကုန်သွယ်ရေး၊နိုင်ငံရေးနှင့် သံတမန်ရေးရာကိစ္စရပ်များအား ကိုင်တွယ်ဆောင်ရွက်ရာ၌ တရုတ်ပြည်မကြီး၌ ဆောင်ရွက်နေမှုများနှင့် မတူညီ ကြောင်း၊ လူ့အခွင့်အရေးဆိုင်ရာဥပဒေနှင့် စပ်လျဉ်း၍ကိုင်တွယ်ဆောင်ရွက်ရန် ၁၉၉၂ ဥပဒေအရ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ၏ နိုင်ငံရေး၊သံတမန်ရေးရာနှင့်စီးပွားရေးအပေါ် ဝါရှင်တန်မှ အကဲဖြတ်ဆန်းစစ်မှုများအား ပုံမှန်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအပေါ် ပိတ်ဆို့မှုများ ဆောင်ရွက်လျှင် အမေရိကန်၏ အတိုးနှုန်းများအပေါ်သက်ရောက်မှုများရှိနိုင်သည်ကို အမေရိကန်ဘက်မှလည်း နားလည်ထားကြောင်း၊ သို့ဖြစ်ရာ ဟောင်ကောင်အစိုးရအကြံပေးအဖွဲ့ အမေရိကန်သို့ သွားရောက်သည့် ခရီးစဉ်အတွင်း တွေ့ဆုံဆွေးနွေးမှု အပြီး၌ အမေရိကန်နိုင်ငံအနေဖြင့် ဟောင်ကောင်အထူး အုပ်ချုပ်ရေးဒေသအပေါ် ပိတ်ဆို့မှုများ မရှိနိုင်ကြောင်း ၁၀-၃-၂၀၂၀ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ “ United States unlikely to impose sanctions on Hong Kong, cabinet advisers say after visit”  ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)