China (HongKong)

အမျိုးသားလုံခြုံရေးဥပဒေ၏ နိုင်ငံရေးစိန်ခေါ်မှုများကြောင့် ဟောင်ကောင်ဒေသရှိ နိုင်ငံတကာ ကုမ္ပဏီများ မပြိုလဲအောင်ထိန်းထားရမည်

Last Updated:

ဘဏ်လုပ်ငန်းတွင် အင်အားကြီးမားသည့် HSBC ဘဏ်သည်ပင်လျှင် အသစ်ပြဋ္ဌာန်းလိုက်သော အမျိုးသားလုံခြုံရေးဥပဒေကြောင့် အခက်အခဲအကျပ်အတည်းများနှင့် ရင်ဆိုင်နေရသဖြင့်ဟောင်ကောင်ဒေသရှိ နိုင်ငံတကာလုပ်ငန်းများအနေဖြင့် လှုပ်ရှား ဆောင်ရွက်နိုင်သည့် အခန်းကဏ္ဍများနည်းပါးပြီး နိုင်ငံရေးနှင့် ပတ်သက်သည့် စိန်ခေါ်မှုမြင့်တက်မှုရှိနိုင်ကြောင်း၊ အာရှ-ပစိဖိတ်ဘဏ်မှ ဟောင်ကောင် ဒေသအတွက် အမျိုးသားလုံခြုံရေး ဥပဒေအားအတည်ပြုခြင်းနှင့် ပတ်သက်၍ ပေကျင်းအား ပံ့ပိုးကူညီခဲ့မှု အပေါ် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးမှ စွပ်စွဲပြောဆိုပြီးနောက်ပိုင်း အဆိုပါ သတိပေးချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း၊ ကုန်သွယ်မှုအထူးအခွင့်အရေးကို ပြန်လည်ရုတ်သိမ်းရန် ခြိမ်းခြောက်နေမှုများကို ရှောင်ရှားပေးရန် ပေကျင်းမှ အမေရိကန်အား ပြောကြားခဲ့ကြောင်း၊ တရုတ်ပြည်မကြီးအပေါ် စီးပွားရေးပိုင်းဆိုင်ရာ အလွန်အကျွံ မှီခိုခြင်းနှင့် ကွန်မြူနစ်ပါတီလွှမ်းမိုးမှုများရှိသည့် အခြေခံသဘောတရားများအပေါ် အကာအကွယ်‌ ပေးမှုမပြုရန် အမေရိကန်မှ အခြားနိုင်ငံများသို့ တိုက်တွန်း ပြောကြားခဲ့ ကြောင်း၊ အဆိုပါဖြစ်စဉ်မှာ HSBC  မှ ပေကျင်းအပေါ် အလေးထားမှုမရှိသည်ကို ပြသရာရောက်မည်ဖြစ်ကြောင်း၊ ၂၈-၅-၂၀၂၀ ရက်နေ့တွင် တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် ဥပဒေပြု လွှတ်တော်မှ အတည်ပြုခဲ့သည့် ခွဲထွက်ရန်ကြိုးပမ်းမှု၊ နိုင်ငံဖြိုခွဲရန် ပေါင်းစည်း‌ဆောင်ရွက်မှု၊ အကြမ်းဖက်မှုနှင့်‌ ဟောင်ကောင်ဒေသအရေးကိစ္စများအား ပြင်ပမှဝင်ရောက်စွက်ဖက်မှုမှ တားဆီးရန်  ပြဋ္ဌာန်းသည့် အမျိုးသားလုံခြုံရေးဥပဒေမှာတစ်နိုင်ငံ၊ စနစ်နှစ်မျိုး (One Country ၊ Two Systems) ကို အဆုံးသတ်သွားနိုင် ကြောင်း၊ ဟောင်ကောင်ရှိ စီးပွားရေးလုပ်ငန်း အင်အားကြီးသည့် Standard Charter Bank Jardines expressed ကလည်း ယခင်ရက်သတ္တပတ်က အဆိုပါဥပဒေအား ထောက်ခံကြောင်း ထုတ်ဖော် ပြောကြားခဲ့ကြောင်း၊ အခြားသော ကုမ္ပဏီများမှလည်း အလားတူထောက်ခံမှု များပြုလုပ်ရန်မျှော်လင့်လျက်ရှိကြောင်း၊ နိုင်ငံခြားကုမ္ပဏီများအနေဖြင့် ဟောင်ကောင်ဒေသရှိ လုပ်ငန်းများမှ ဝင်ငွေအမြောက်အမြား ရရှိစေရေးအတွက် မူဝါဒများချမှတ်မှုအပေါ် ပံ့ပိုးကူညီမှုပေးရန် ဒေသအကြီးအကဲမှ ပြောကြားပါက ၎င်းတို့အနေဖြင့် ငြင်းဆိုနိုင်မည် မဟုတ်ကြောင်း၊ ငြင်းဆိုပါကလည်း ၎င်းတို့၏ လုပ်ငန်းများဒေသမှ ပြန်ထွက်သွားခိုင်းသင့်ကြောင်း၊ Cathay Pacific နှင့် HSBC တို့အနေဖြင့် နိုင်ငံရေးမူဝါဒများကြောင့် လုပ်ငန်းဆောင်ရွက်နိုင်မှု အခွင့်အလမ်းနည်းပါးမှုများနှင့် ရင်ဆိုင်နိုင်ရသောကြောင့် ၎င်းတို့အနေဖြင့် နိုင်ငံရေးရာကိစ္စများနှင့် ပတ်သက်၍ သတိထား ဆောင်ရွက် သင့်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁၁ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Denise Tsang က “Why International Firms in Hong Kong must now brace for political risks” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)