China(Nanning)

အရည်အသွေးမြင့် ဖွံ့ဖြိုးမှုဆီသို့ ပြောင်းလဲနေသည့် တရုတ်နိုင်ငံ

Last Updated:

တရုတ်နိုင်ငံသည်  လက်ရှိအချိန်တွင် အခက်အခဲများနှင့် ရင်ဆိုင်နေရသော်လည်း ၎င်း၏ပို့ကုန်မောင်းနှင်သည့်ဖွံ့ဖြိုးမှုမှ ပြည်တွင်းပြည်ပဈေးကွက်၏ ပေါင်းစည်းမှုကိုမြှင့်တင်ရန် ပြောင်းလဲဆောင်ရွက် လာမှုက အရည်အသွေးမြင့်ဖွံ့ဖြိုးမှုကို အားကောင်းခိုင်မာစေလျက် ကမ္ဘာလုံးဆိုင်ရာယှဉ်ပြိုင်နိုင်စွမ်းတွင် အကျိုးကျေးဇူးအသစ်များ အားဖြည့်လာစေရေးအတွက် ပြောင်းလဲလာမှုကို သရုပ်ဖော်ပြသနေ ပါသည်။

တစ်ခုနှင့်တစ်ခု အပြန်အလှန်ချိတ်ဆက်ပံ့ပိုးမှုပြုနေသည့် ပြည်တွင်းနှင့် အပြည်ပြည်ဆိုင်ရာစီးပွားရေးကွန်ယက်များနှင့် ဖွံ့ဖြိုးမှုပုံစံအသစ်ဆီသို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အလွန်ကြီးမားသော ပြည်တွင်းဈေးကွက်၏ အကျိုးကျေးဇူးများကို အပြည့်အဝ ပါဝင်ဆောင်ရွက်နိုင်ခွင့်ရစေရန် တရုတ်ဘက်က တံခါးဖွင့်ပေးရန်လိုအပ်ကြောင်း ဇူလိုင်လ (၂၁) ရက်နေ့က ပြည်တွင်းပြည်ပကုမ္ပဏီများမှ အဆင့်မြင့် အမှုဆောင်အရာရှိ များနှင့် ကျင်းပပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲ၌ တရုတ်သမ္မတ မစ္စတာရှီကျင်းဖျင်က ပြောကြားခဲ့ပါသည်။

လုပ်ငန်းစဉ်အတွင်း တရုတ်နိုင်ငံက မိမိပြည်တွင်းဝယ်လိုအားအလားအလာကို အပြည့်အဝဖော်ထုတ်နိုင်ရန်၊ ပြည်တွင်းနှင့် ပြည်ပဈေးကွက်များအကြား ပိုမိုကောင်းမွန်သောချိတ်ဆက်မှုဖြစ်ပေါ်ရန်နှင့် သိပ္ပံနှင့် နည်းပညာတွင် တီထွင်ဆန်းသစ်မှုများကို ဉီးစားပေးရန်  ပြင်ပကမ္ဘာသို့ ပိုမိုကျယ်ပြန့်စွာ တံခါးဖွင့်ပေးသွားမည်ဖြစ်ကြောင်း သမ္မတရှီက ပြောကြားထားပါသည်။

တရုတ်နည်းပညာလုပ်ငန်းကြီးဖြစ်သည့် Lenovo၏ ဉက္ကဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ Yang Yuanqingက ယခုကျင်းပသော အစည်းအဝေး၌ ဈေးကွက်ယုံကြည်မှုကိုမြှင့်တင်ရန် ပိုမိုအရေးပါပုံအား အစိုးရဘက်က သိရှိဆောင်ရွက်နေပုံကို ပြသလျက်ရှိကြောင်း၊ ဒစ်ဂျစ်တယ်နည်းပညာဘက်နှင့် စက်မှုကုန်ထုတ်လုပ်မှုတွင် စက်ကိရိယာအပြည့်အဝအသုံးပြုပြီး ဉာဏ်တုအသုံးပြုသည့်ဘက်သို့ ဖွံ့ဖြိုးမှု များကို မြှင့်တင်သွားရန် အားထုတ်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း မှတ်ချက်ပြုပြောကြားခဲ့ပါသည်။

တရုတ်နိုင်ငံ၏ ပြည်တွင်းဈေးကွက်စနစ်တည်ဆောက်မှုနှင့် ပြည်ပဈေးကွက်များတိုးချဲ့မှုကိုပေါင်းစပ်ရန် ဖွံ့ဖြိုးမှုပုံစံအသစ်စီမံဆောင်ရွက်ခြင်းက ၎င်း၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကြံ့ခိုင်အားကို ခိုင်မာ အားကောင်းစေရုံသာမက ကမ္ဘာ့စီးပွားရေးအတွက် ကြီးမားသော တိုးတက်မှုအခွင့်အလမ်းများကိုလည်း အထောက်အကူပြုပေးနိုင်မည်ဖြစ်ကြောင်း Yangက ပြောကြားခဲ့ပါသည်။

ယခင်ကကျင့်သုံးခဲ့သည့် ပို့ကုန်ဉီးစားပေးဖွံ့ဖြိုးမှုပုံစံအောက်၌ တရုတ်နိုင်ငံက ကုန်ကျစရိတ်သက်သာသော စက်ရုံထုတ်လုပ်မှုမှတဆင့် ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးဖြစ်လာစေရန် တက်လှမ်းနိုင်ခဲ့ပါ သည်။ ယခုအခါ ၎င်းအနေအထားကိုအခြေခံ၍ ဆက်လက်ချီတက်သွားရန်ဖြစ်ပြီး နောက်ထပ်ခြေလှမ်းအဖြစ် ပိုမိုနက်နဲသော ပြုပြင်ပြောင်းလဲမှုများနှင့် တံခါးဖွင့်လှစ်ပေးမှုမှတဆင့် ကမ္ဘာ့စီးပွားရေး အတွင်း ထပ်မံပေါင်းစည်းသွားမည်ဖြစ်ကြောင်း၊ နောက်ထပ်ဆောင်ရွက်မည့် ဖွံ့ဖြိုးမှုပုံစံအသစ်တွင် တရုတ်ပြည်တွင်းဈေးကွက်အပေါ် အာရုံစိုက်လျက် ပြည်တွင်းလိုအပ်ချက်အား ပြည့်မီစေရေးဆောင် ရွက်သွားမည်ဖြစ်ကြောင်း တရုတ်သမ္မတက ပြောကြားခဲ့ပါသည်။

လက်ရှိကာလ၌ တရုတ်နိုင်ငံ၏ ယှဉ်ပြိုင်နိုင်စွမ်းရှိသော အကျိုးကျေးဇူးများ၏ ရင်းမြစ်မှာ လုပ်ခလစာသက်သာသည့် ထုတ်လုပ်မှုမှသည် အလွန်ကြီးမားသော ပြည်တွင်းဈေးကွက်နှင့် ကြီးမားသော ဈေးကွက်ဝယ်လိုအားဆီသို့ ကူးပြောင်းလျက်ရှိပါသည်။  ကမ္ဘာ့စီးပွားရေးတွင် တရုတ်ဈေးကွက်နှင့် တရုတ်လုပ်ငန်းများနှင့် ဆက်ဆံရေးမှာ အလွန်အရေးပါလာပါသည်။ ထို့ကြောင့် ဈေးကွက်ရှာဖွေနေပြီး အရည်အသွေးမြင့် နိုင်ငံခြားစက်မှုကုန်ထုတ်လုပ်သူများက တရုတ်ဈေးကွက်အတွင်းဝင်ရောက်ရန် ကြိုးပမ်းနေကြကြောင်း သိရပါသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်ရင်းနှီးမြှုပ်နှံနိုင်စေရေး အတွက် ယခင်ကန့်သတ်ထားသည့် လုပ်ငန်းများကိုလည်း ဖြေလျှော့ပေးလာလျက်ရှိပါသည်။

တရုတ်နိုင်ငံဘက်မှ ၎င်း၏နိုင်ငံသားပိုမိုငယ်ရွယ်သူများအား ကမ္ဘာလုံးဆိုင်ရာလုပ်ငန်းများတွင်  အမှုဆောင်အရာရှိများဖြစ်လာစေရေးနှင့် ၎င်းလုပ်ငန်းများထံမှ လေ့လာသင်ယူစေရေးအပေါ် အားပေးမြှင့် တင်ဆောင်ရွက်လျက်ရှိပါသည်။

ကမ္ဘာ့ဇီဝဆေးဝါးလုပ်ငန်းကြီးဖြစ်သည့် AstraZeneca၏ အပြည်ပြည်ဆိုင်ရာ အမှုဆောင်အရာရှိချုပ် ဒုတိယဉက္ကဌနှင့် တရုတ်နိုင်ငံ၏ ဉက္ကဌဖြစ်သော Leon Wangက တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်နှင့် ဖွံ့ဖြိုးမှုအလားအလာများတွင် ကုမ္ပဏီဘက်မှ ယုံကြည်မှုရှိကြောင်း ပြောကြားခဲ့ပါသည်။

Wang ၏ ပြောကြားချက်အရ AstraZeneca က တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးမှုအား စီမံကိန်းများမှတဆင့် ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ ၎င်းအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင် နိုင်ငံစုံ ဆေးဝါးဆိုင်ရာလုပ်ငန်းများအတွက် ပေါင်းကူးအဖြစ် တက်ကြွစွာပါဝင်မည်ဖြစ်ကာ၊  “ကျန်းမာသော တရုတ် ၂၀၃၀” ဖြစ်ပေါ်လာစေရန်နှင့် တရုတ်၏ ဆန်းသစ်တီထွင်မှုများကို ကမ္ဘာ့အဆင့်သို့တက်လှမ်း နိုင်ရေး ကူညီပေးမည်ဖြစ်ကြောင်း သိရပါသည်။

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ China Daily (၂၃-၇-၂၀၂၀)

Category: China(Nanning)