Thailand

အရှေ့ပိုင်းစီးပွားရေးစင်္ကြန် Eastern Economic Corridor (EEC) မူဝါဒကော်မတီသည် ရေ စီမံခန့်ခွဲရေးမဟာဗျူဟာအားအတည်ပြုပေးခဲ့

Last Updated:

အရှေ့ပိုင်းစီးပွားရေးစင်္ကြန် Eastern Economic Corridor(EEC)မူဝါဒကော်မတီသည် ရေလုံလောက်စွာရရှိရေးအတွက် ရေတို ရေရှည်စီမံကိန်းများကို သောကြောနေ့ (၆.၃.၂၀၂၀ ရက် နေ့က) အတည်ပြုပေးခဲ့ပါသည်။ EEC ရုံး၏ အထွေထွေအတွင်းရေးမှူး Kanit Sangsubhan ကရေတိုစီမံကိန်းတွင် Khlong Sapan မှRayongရှိ Prasae ရေလှောင်ကန်သို့ လည်းကောင်း၊ ချာချိုးဆန်Chachoengsao ရှိ Khlong Luang မှ Chon Buri ရှိ Bangphra ရေလှောင်ကန်သို့လည်းကောင်း၊ Chanthaburi ရှိ Wang Tanode မှ Prasae ရေလှောင်ကန်သို့လည်းကောင်း ရေလွဲပြောင်းခြင်းလုပ်ငန်းများပါဝင်ပါသည်။

ပထမစီမံကိန်းမှာ တစ်နေ့လျှင် ရေ(၁၅၀.၀၀၀)ကုဗမီတာဖြည့်ဆည်းထောက်ပံ့ပေးနိုင်ရန် ဖြစ်ပါသည်။ ဒုတိယစီမံကိန်းမှာ တစ်နေ့လျှင်ရေ(၃၀၀,၀၀၀)ကုဗမီတာ ဖြည့်ဆည်းထောက်ပံ့ ပေးနိုင်ရန်ဖြစ်ပြီး တတိယစီမံကိန်းမှာ တစ်နေ့လျှင်ရေ(၁၅-၃၅)သန်း ကုဗမီတာ ဖြည့်ဆည်း ထောက်ပံ့ပေးနိုင်ရန် ခန့်မှန်းထားပါသည်။

Mr.Kanit က အကယ်၍ ဇွန်လတွင်မိုးရွာသွန်းပါက EEC တွင်ရေပေးဝေထောက်ပံ့နိုင်မှုမှာပို ၍လုံလောက်လိမ့်မည်ဖြစ်ကြောင်း၊ အရှေ့ပိုင်းစီးပွားရေးစင်္ကြန် (EEC) ဧရိယာ၏ တစ်နှစ်စာရေ လိုအပ်ချက်မှာ (၂.၄ ဘီလီယံ) ကုဗမီတာဖြစ်ကြောင်း Mr.Kanit က ပြောကြားခဲ့ပါသည်။

အစိုးရအဖွဲ့အနေဖြင့် (၅၂.၈)ဘီလီယံတန်ဖိုးရှိသော ရေဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (၅၃)ခု ပါဝင်သည့် ရေစီမံခန့်ခွဲမှု ရေရှည်စီမံကိန်းအား အတည်ပြုပေးခဲ့ပါသည်။ စက်မှုဆိုင်ရာအမြဲတမ်း အတွင်းဝန် Kobchai Sungsitthisawad က ယခုနှစ်မိုးခေါင်မှုသည် ဆယ်စုနှစ်တစ်ခုအတွင်း အဆိုးဝါးဆုံးအဖြစ် သတ်မှတ်ထားပြီး စက်ရုံများအပေါ်သက်ရောက်မှုရှိနေကြောင်း ၎င်းကသတိ ပေးခဲ့ပါသည်။

အရှေ့ပိုင်းစီးပွားရေးစင်္ကြန် Eastern Economic Corridor(EEC) ၏ အဓိကအစိတ်အပိုင်းပြည်နယ် (၃) ခုဖြစ်သော Rayong Chonburi Chachoengsao တို့ရှိစက်မှု လုပ်ငန်းများအတွက်ပေးဝေရန် ရေ (၃၅သန်း) ကုဗမီတာသာရှိပါသည်။ အစိုးရအနေဖြင့် စီးပွားရေးလုပ်ငန်းများ၏ ရေအသုံးပြုမှုကို (၁၀%) လျှော့ချရန် ပူးပေါင်းဆောင်ရွက်လျှက်ရှိပါသည်။ သို့ရာတွင် မိုးရာသီတွင်ပါ မိုးခေါင်မှုဆက်ဖြစ်ပါက ယခုအစီအမံအနေဖြင့် လည်းလုံလောက်မည် မဟုတ်ပါ။ အစိုးရတာဝန် ရှိသူများအနေဖြင့် အရှေ့ပိုင်းစီးပွားရေးစင်္ကြန် Eastern Economic Corridor(EEC) ဧရိယာရှိ စက်မှုမြေများအားထောက်ပံ့ရန် ရေအရင်းအမြစ်အသစ်များအားရှာဖွေ ရေးအတွက် အရှေ့ပိုင်း ရေအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်စီမံခန့်ခွဲရေး ပုဂ္ဂလိက ကုမ္ပဏီလီမိတက်(Plc) အား ပူးပေါင်းဆောင်ရွက်ရန်တောင်းဆိုခဲ့ပါသည်။

ထိုင်းနိုင်ငံ၏ စက်မှုဇုန်မြေအာဏာပိုင်အဖွဲ့ Industrial Estate Authority of Thailand (IEAT) ၏  အုပ်ချုပ်ရေးမှူး Somchint Piloukက စက်ရုံပေါင်း(၆,၀၃၃)ရှိရာ အရှေ့ပိုင်း စီးပွားရေးစင်္ကြန် Eastern Economic Corridor(EEC)တွင် မိုးခေါင်မှု ကြောင့် လုပ်ငန်း များထိခိုက်စေမှာကိုစိုးရိမ်လျှက်ရှိကြောင်းပြောပြခဲ့ပါသည်။

ရေတိုအစီအမံအနေဖြင့် IEAT သည် ရေအသုံးပြုမှုအား (၁၀%) လျှော့ချရန်၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်သွားရန်၊ ရေအရင်းအမြစ်အသစ်များ ထပ်မံရှာဖွေရန် နှင့်ရေပြန်လည်သန့်စင်စနစ်အသုံးပြုသွားရန်တို့ကို ဆောင်ရွက်သွားရန်မျှော်မှန်းထားပါသည်။

ရေပြတ်လပ်မှုကိုဖြေရှင်းရန်ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် IEAT သည် ပင်လယ်ရေမှနေ၍ Reverse Osmosis System စနစ်ကိုအသုံးပြု၍ ရေချိုထုတ်လုပ်နိုင် မည့် စနစ်တွင် ရင်းနှီးမြုပ်နှံရန် ဖြစ်နိုင်ခြေလေ့လာဆန်းစစ်မှု တစ်ခုကို ရေရှည်အစီအမံအဖြစ် ပြုလုပ်လျှက်ရှိပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

Source:Bangk Post                                                               

Category: Thailand