Japan

အလုပ်မှ ထုတ်ပယ်ခြင်းနှင့် အလုပ်ခန့်ထားမှုမှ ရပ်ဆိုင်းလိုက်သည့် လုပ်သားဦးရေ ၂၆၀၀၀ ကျော် အထိ ရှိလာကြောင်း ဂျပန်နိုင်ငံ၊ ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေး၀န်ကြီးဌာနက ကြေငြာခဲ့

Last Updated:

ဂျပန်နိုင်ငံ၊ ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက ကိုရိုနာကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် အလုပ်မှ ထုတ်ပယ်လိုက်ခြင်းနှင့် အလုပ်ခန့်ထားမှုမှ ရပ်ဆိုင်းလိုက်သည့် လုပ်သားဦးရေသည် (ယခုဇွန်လ ၁၉ ရက်နေ့အထိ စာရင်းဇယား များအရ) ၂၆၅၅၂ ဦးအထိရှိလာကြောင်းကို ဇွန်လ ၂၃ ရက်နေ့တွင် ထုတ်ပြန် ခဲ့ပါသည်။

လုပ်ငန်းအမျိုးအစားအလိုက် ခွဲခြားကြည့်မည်ဆိုပါက ဟိုတယ်နှင့် တည်းခိုခန်းလုပ်ငန်းများမှ ထုတ်ပယ်/ခန့်ထားမှုရပ်ဆိုင်းလိုက်ခြင်းသည် အများဆုံးဖြစ်ပြီး စားသောက်ဆိုင်လုပ်ငန်း၊ အခြားသောလုပ်ငန်းများမှာ ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ အငှားယာဉ်မောင်း လုပ်ငန်းနှင့် Sightseeing buses ဝန်ဆောင်မှုလုပ်ငန်းများ ဖြစ်ကြကြောင်း သိရပါသည်။

ဒေသအလိုက် ခွဲခြမ်းကြည့်လျှင် တိုကျိုမြို့တွင် လုပ်ငန်းမှ ထုတ်ပယ်/ခန့်ထားမှုရပ်ဆိုင်းလိုက်မှုများ အများဆုံတွေ့ရပြီး အခြားသောဒေသများဖြစ်ကြသည့် အိုဆာကာ၊ ဟိုကိုင်းဒိုး၊ ဟျိုးဂိုးနှင့် ဖူကူအိုကာ ခရိုင်တို့တွင်လည်း အလားတူအခြေအနေများ ရပ်ဆိုင်ရ ကြောင်းသိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

Category: Japan