China(Nanning)

အလုပ်သမားနေ့ ရုံးပိတ်ရက်ကာလအတွင်း တရုတ်ပြည်တွင်းခရီးသွားလာမှု ယခုနှစ်အတွက် ပထမဆုံးအကြိမ် အမြင့်ဆုံးဖြစ်လာနိုင်

Last Updated:

မေလ (၁) ရက်နေ့မှ (၅) ရက်နေ့အထိကာလအတွင်း ကျရောက်မည့် တရုတ်နိုင်ငံ၏ အလုပ်သမားနေ့အားလပ်ရပ်မှာ COVID-19 ဖြစ်ပွားပြီးနောက် ပြည်တွင်းအခြေ အနေ တိုးတက်လာသည့်အနေအထားတွင် ယခုနှစ်အတွက် ပထမဆုံးအချိန် တရုတ်နိုင်ငံ တဝှမ်းခရီးသွားလာမှု အမြင့်ဆုံးသို့ရောက်နိုင်ကြောင်း မျှော်မှန်းထားကြပါ သည်။ နိုင်ငံ၏ အဓိကခရီးသွားလာမှုဝန်ဆောင်မှုပေးသောနေရာမှ ရရှိသောစာရင်းအရ ခရီးသွားလာမှုပေါင်း သန်း (၉၀) ပြုလုပ်ကြမည်ဖြစ်ကာ ဧပြီလဆန်းက ပွဲတော်ရက်ဖြစ်သည့် သင်္ချိုင်းကန်တော့ပွဲ (Qingming) ကာလထက် နှစ်ဆပိုမိုများလာမည်ဖြစ်ပါသည်။

တရုတ်၏ ကပ်ရောဂါအား အောင်နိုင်ခဲ့မှုကြောင့် ယခုကဲ့သို့ ခရီးသွားကဏ္ဍပြန်လည် နာလန်ထူလာခြင်းဖြစ်ကြောင်း အကောင်းဘက်မှ ရှုမြင်မှုများရှိလာကြသော်လည်း ယခုကဲ့သို့ ခရီးသွားလာမှုများမှာ အောက်တိုဘာလအတွင်း ကျရောက်မည့် အမျိုးသား နေ့ အားလပ်ရက်တိုင်အောင် မူလအခြေအနေသို့ ပြန်လည်ရောက်နိုင် ခြင်းမရှိသေးသည်ကို လေ့လာသိရှိရပါသည်။

တစ်ဖက်တွင်မူ COVID-19 ကူးစက်မှုမှာ ရှိနေသေးခြင်းကြောင့် ယခုကဲ့သို့ ပြည်နယ်ဖြတ်ကျော် ခရီးသွားလာမှုများပြုမည့်အပေါ် အချို့ပုဂ္ဂိုလ်များက စိုးရိမ်နေကြပါ သည်။ ခရီးသွားလာသူအများစုမှ (ဆွေမျိုးများ၏) အိမ်များတွင်သာ နေကြမည်ဖြစ်၍ အများပြည်သူ သွားလာလည်ပတ်တတ်သော နေရာများသို့ လည်ပတ်မှုမပြုကြ သောကြောင့် စိုးရိမ်ဖွယ်မရှိကြောင်း တုန့်ပြန်ပြောဆိုမှုများလည်းရှိနေပါသည်။

ရှန်ဟိုင်းတွင် နေထိုင်သူများမှာ ခရီးအများဆုံးသွားလာမည့်သူများဖြစ်ကြပြီး ဘေကျင်းမြို့မှသူများ၏ ခရီးသွားလာရန်စီစဉ်ထားမှုမှာ တတိယနေရာတွင်ရှိပါသည်။ အားလပ်ရက်တွင် ခရီးထွက်မှုများ စနစ်တကျဖြစ်စေရန်နှင့် စိတ်ချလုံခြုံမှုရှိစေရန် အမျိုးသားကျန်းမာရေးကော်မရှင်နှင့် ယဉ်ကျေးမှုနှင့် ခရီးသွားဝန်ကြီးဌာနတို့က ဧပြီလ (၁၃) ရက်နေ့၌ ကြေငြာချက်ထုတ်ပြန်ခဲ့ပါသည်။ ၎င်းကြေငြာချက်အရ အဖွဲ့လိုက်ကစားမည့် အားကစားပွဲများအတွက် ပြင်ပနေရာများကိုသာဖွင့်လှစ်ပေးထားမည်ဖြစ် ပြီး အဆောက်အအုံများကို ပိတ်ထားဉီးမည်ဖြစ်ကြောင်း၊ အားကစားတစ်ရပ်လျှင် မူလလက်ခံနိုင်မှု၏ (၃၀) ရာခိုင်နှုန်းကိုသာ ပြုလုပ်ခွင့်ပေးမည်ဖြစ်ကြောင်း၊ လည်ပတ်သူများအနေဖြင့် လူထူထပ်သောနေရာများတွင် မိမိကိုယ်ကိုကာကွယ်သောအနေဖြင့် နှာခေါင်းစည်းများကို လိုက်နာဝတ်ဆင်ကြရန် ညွှန်ကြားထားကြောင်း သိရပါသည်။

တရုတ်နိုင်ငံတွင် ပြည်တွင်းခရီးသွားလာမှုများကို ပြန်လည်ခွင့်ပြုထားပြီးဖြစ်သော်လည်း နိုင်ငံခြားသို့ သွားရောက်မှုများမှ တားမြစ်ထားဆဲဖြစ်ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ Global Times (၂၄-၄-၂၀၂၀)

Category: China(Nanning)