China (HongKong)

အသေးစားစီးပွားရေး လုပ်ငန်းများအတွက် ကူညီပံ့ပိုးမှုများ ဆောလျှင်စွာ ပေးအပ်သွား မည်ဖြစ်ကြောင်း ပြောကြားခြင်း

Last Updated:

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့် စီးပွားရေးလုပ်ငန်းများကျဆင်းမှုမှ ကာကွယ်နိုင်ရန် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ (SME)အား ၂၀၂၀ ပြည့်နှစ်၊ ဧပြီလကုန်တွင် ဟောင်ကောင်အစိုးရ၏ အာမခံချက်ဖြင့် အပြည့်အဝငွေချေး ပေးခြင်းအားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အလုပ်လက်မဲ့ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရန် ယာယီအလုပ်အကိုင်များ အပါအဝင်အလုပ်အကိုင်များပိုမိုရရှိရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ဆောင်ရွက်ခြင်းဖြင့် ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက် ပျံ့နှံ့မှုကြောင့်သာမက ကမ္ဘာလုံးဆိုင်ရာဈေးကွက်နှင့် ဆီဈေးနှုန်းစစ်ပွဲတို့ကြောင့် ဖြစ်ပေါ်နေသည့် အခက်အခဲများအားလည်း တုံ့ပြန်နိုင်မည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းများတိုးတက်ရန်၊ ပြည်သူများစားသုံးနိုင်မှုတိုးတက်စေရန်နှင့် ငွေကြေးကဏ္ဍ တည်ငြိမ်မှုရှိစေရန် ဟောင်ကောင်အစိုးရအနေဖြင့်  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စီးပွားရေးကျဆင်းမှုအား သက်သာစေရန်အတွက် အထောက်အပံ့ဖြစ်စေရန် ဟောင်ကောင်စီးပွားရေးလုပ်ငန်းများအား အကာ အကွယ်ပေးရန် ဟောင်ကောင်ဒေါ်လာ (၁၈.၃) ဘီလီယံပံ့ပိုးသွားမည်ဖြစ်ကြောင်း ၂၆-၂-၂၀၂၀ ရက်နေ့တွင်ပြောကြားခဲ့ကြောင်း၊ အသေးစားနှင့် အလတ်စား လုပ်ငန်းတစ်ခုချင်းစီအတွက် ဟောင်ကောင်ဒေါ်လာ (၂) မီလီယံစီဖြင့် စုစုပေါင်း ဟောင်ကောင်ဒေါ်လာ (၂၀) ဘီလီယံ ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း၊ SME  လုပ်ငန်းများ အတွက်ရာနှုန်းပြည့်ထောက်ခံငွေထုတ်ချေးပေးမည့် အစီအစဉ်အတွက်ဧပြီလကုန်အထိ ကောင်စီအဆင့်၊ ငွေကြေးကော်မတီတို့နှင့် ဆွေးနွေးမှုများအား ပြုလုပ်ပြီး မေလတွင်ထုတ်ချေးပေး နိုင်မည်ဟု မျှော်လင့် ကြောင်း၊ ပြည်သူများ စားသုံးမှုတိုးမြှင့်ရန်လည်း ၂၀၂၀ ပြည့်နှစ်၊ ဧပြီလကုန်အထိ အသက် (၁၈) နှစ်ပြည့် ပြီးသူများအား တစ်ဦးလျှင် ဟောင်ကောင်ဒေါ်လာ ၁၀,၀၀၀ စီထောက်ပံ့ပေးရန်အတွက်လည်း ဆောင်ရွက်လျှက်ရှိရာ ခန့်မှန်းချေလူဦးရေ (၇) သန်းခန့်ရှိနိုင်ကြောင်း၊ ဌာနဆိုင်ရာအထူးလုပ်ငန်းအဖွဲ့မှဘဏ်များနှင့် တွေ့ဆုံဆွေးနွေးရာ အဆိုပါကိစ္စဆောင်ရွက်ရန်မှာ (၃) လခွဲခန့်  အချိန်ယူဆောင်ရွက်နိုင်ဖွယ်ရှိသည်ဟုသိရှိရကြောင်း၊ အလုပ်အကိုင်တွက် စွမ်းဆောင်ရည်မြှင့် သင်တန်းတက်ရောက် ရန်အခွင့်အလမ်းများရရှိရေးလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဟောင်ကောင်အစိုးရ၏ လက်ရှိအရင်းအမြစ်များဖြင့် ယာယီအလုပ်အကိုင်များရရှိနိုင်ရန် အထူးလုပ်ငန်းအဖွဲ့မှ ဆောင်ရွက်လျှက်ရှိကြောင်း၊ အစိုးရမှ လူနေအိမ်များဆောက်လုပ်မှု တိုးတက်ရန်လာမည့် ၂၀၂၁ ခုနှစ်တွင် မြေနေရာများ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ စီးပွားရေးတည်ငြိမ်မှုမရှိသော်လည်း နောင်လာမည့်နှစ်အနည်းငယ်အတွင်း အိမ်ခြံမြေဈေးနှုန်းများတည်ငြိမ်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟောင်ကောင်ဘဏ္ဍာရေး ဝန်ကြီး Mr. Paul Chan Mo-po ကပြောကြားခဲ့မှုများအား  ၁၂-၃-၂၀၂၀ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ “Speedy Help Promised for Small Business” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)