China(Nanning)

အသေးစားလုပ်ငန်းများအတွက် တရုတ်နိုင်ငံ၏ အခွန်သက်သာခွင့်များ

Last Updated:

  

တရုတ်နိုင်ငံတွင် အသေးစားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် လုပ်သာကိုင်သာရှိသည့် စီးပွားရေးပတ်ဝန်းကျင်ကို တက်ကြွစွာ ဖန်တီးဆောင်ရွက်ပေးလျက် ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် အငယ်စားနှင့် အသေးစားလုပ်ငန်းများ၏ ဘဏ္ဍာရေးဝန်ထုပ် ဝန်ပိုးများကို လျော့ပါးသက်သာစေသည့်၊ ဘဏ္ဍာရေးအခက်အခဲများကို ဖြေရှင်းပေးသည့် စီမံဆောင်ရွက်မှုများ ပါဝင်ပါသည်။ COVID-19 ကပ်ရောဂါကာလအတွင်း ထိုသို့သော စီမံဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်၍ ဆောင်ရွက်ပေးခဲ့သည်ကို တွေ့ရပါသည်။

တရုတ်နိုင်ငံက အသေးစားလုပ်ငန်းများအတွက် အဓိကဆောင်ရွက်ပေးထားသည့် အခွန်သက်သာခွင့်များတွင် အသေးစားနှင့် အမြတ်အစွန်းနည်းပါးသည့် လုပ်ငန်းများအတွက် ကော်ပိုရိတ်ဝင်ငွေခွန် (corporate income tax - CIT) ဖြတ်တောက်ပေးမှု ၊ အသေးစားလုပ်ငန်းပိုင်ရှင်များအတွက် တစ်သီးပုဂ္ဂလဝင်ငွေခွန် (individual income tax - IIT) လျှော့ချပေးမှု၊ အသေးစား အခွန် ထမ်းများအတွက် တန်ဖိုးဖြည့်အခွန် (value-added tax - VAT) နှင့် အခြားအခွန်အခနှင့် အခကြေးငွေများ သက်သာခွင့်နှင့် အသေးစားနှင့် အငယ်စားလုပ်ငန်းများ၏ ဘဏ္ဍာရေးကုန်ကျစရိတ်များ ပိုမိုသက်သာစေရန် အခွန်စီမံ ဆောင်ရွက်ပေးမှုများ ပါဝင် ပါသည်။

အသေးစားနှင့် အမြတ်အစွန်းနည်းပါးသည့် လုပ်ငန်းများအတွက် ကော်ပိုရိတ်ဝင်ငွေခွန် (corporate income tax - CIT) ဖြတ်တောက်ပေးမှုအနေဖြင့် မကြာသေးမီက တရုတ်နိုင်ငံသည် အသေးစားနှင့် အမြတ်အစွန်းနည်းပါးသည့် လုပ်ငန်းများအတွက် အလုံးစုံအကျုံးဝင်သည့် အခွန်ဖြတ်တောက်ပေးသည့်မူဝါဒကို တိုးမြှင့်ဆောင်ရွက်ပေးခဲ့ပါသည်။ အမြတ်အစွန်းနည်းပါးသည့် လုပ်ငန်းများဟူသည်မှာ ကန့်သတ်ထားခြင်းနှင့် တားမြစ်ထားခြင်းမရှိသည့် အလုပ်များကို လုပ်ကိုင်နေသည့်လုပ်ငန်းများဟု ဆိုလို ပြီး အောက်ဖော်ပြပါအချက် (၃) ချက်နှင့် ညီညွတ်ရပါမည် -

            •      ယွမ်ငွေ (၃) သန်းထက် မကျော်လွန်သည့် နှစ်စဉ်အခွန်စည်းကြပ်နိုင်သည့် ဝင်ငွေရှိခြင်း (ခန့်မှန်း အမေရိကန်ဒေါ်လာ ၄၅၈,၅၀၀ခန့်) 

•       လုပ်သားအင်အား (၃၀၀) ဦးထက် မကျော်လွန်ခြင်း 

•       စုစုပေါင်း ပိုင်ဆိုင်ပစ္စည်းတန်ဖိုး ယွမ်ငွေသန်း (၅၀) (ခန့်မှန်း အမေရိကန်ဒေါ်လာ ၇.၇ သန်းခန့်) ထက် မကျော်လွန်ခြင်း 

တရုတ်နိုင်ငံရှိ အမြတ်ရရှိမှုနည်းပါးသော လုပ်ငန်းအားလုံးမှာ ကော်ပိုရိတ်ဝင်ငွေခွန် (၂၀) ရာခိုင်နှုန်းသက်သာခွင့်ကို ၎င်းတို့အခွန် အခြေခံ၏ လျှော့ပေါ့မှုနှင့်အတူ ရရှိခံစားနိုင်ပါသည်။ အထူးသဖြင့် အမြတ်ရရှိမှုနည်းပါးသည့်လုပ်ငန်းများသည်  အောက်ဖော်ပြပါ တို့ကို ရရှိခံစားနိုင်သည်ဟု သတ်မှတ်ထားပါသည် -

•       (၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ သက်ရောက်မည့်) ယွမ်ငွေ (၁) သန်း (အမေရိကန်ဒေါ်လာ ၁၅၂,၈၀၀ခန့်) ထက် ကျော်လွန်ခြင်းမရှိသည့် အခွန်ကောက်ခံနိုင်သော ဝင်ငွေအတွက် ဝင်ငွေပမာဏ၏ (၁၂.၅) ရာခိုင်နှုန်းအပေါ် CIT (၂၀) ရာခိုင်နှုန်းနှင့်

•     (၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ သက်ရောက်သည့်) ယွမ်ငွေ (၁) သန်းထက် ပို၍ ယွမ်ငွေ (၃) သန်းထက် ကျော်လွန်ခြင်းမရှိသည့် အခွန်ကောက်ခံနိုင်သော ဝင်ငွေအတွက် ဝင်ငွေပမာဏ၏ (၅၀) ရာခိုင်နှုန်း အပေါ် CIT (၂၀) ရာခိုင်နှုန်း

အထက်ဖော်ပြပါ သတ်မှတ်ချက်အရ အမြတ်ရရှိမှုနည်းပါးသော လုပ်ငန်းများ၏ ဝင်ငွေ ယွမ် (၁) သန်းအထိ ပမာဏကို CIT နှုန်းထား (၂.၅) ရာခိုင်နှုန်းနှင့် ဝင်ငွေယွမ် (၁) သန်းနှင့် (၃) သန်းကြားကို CIT နှုန်း (၁၀) ရာခိုင်နှုန်း အခွန်ကောက်ခံမည် ဖြစ်ပါသည်။

အမြတ်ရရှိမှုနည်းပါးသော လုပ်ငန်းများကို အကဲဖြတ်ရာတွင် အုပ်စုအဆင့်အစား သီးခြားစီအကဲဖြတ်သဖြင့် တရုတ်နိုင်ငံရှိ ပြည်ပ မှနိုင်ငံစုံလုပ်ငန်းများ၏ လက်အောက်ခံကုမ္ပဏီလေးများကလည်း CIT ဖြတ်တောက်ပေးမှုမှ အကျိုးရရှိခံစားနိုင်ကြပါသည်။

အသေးစားအခွန်ထမ်းများအတွက် တန်ဖိုးဖြည့်အခွန် (value-added tax - VAT)  သက်သာခွင့်အနေဖြင့် တရုတ်နိုင်ငံသည် အသေးစားအခွန်ထမ်းများကို တန်ဖိုးဖြည့်အခွန် (value-added tax - VAT) အကျိုးခံစားခွင့်ရရှိစေရန် VAT ကောက်ခံသည့်နှုန်းကို လျှော့ချပေးခြင်းနှင့် VAT ကောက်ခံရန်သတ်မှတ်ချက်ကို မြှင့်တင်ပေးခြင်းတို့ကို ပြုလုပ်ပေးထားပါသည်။ အသေးစား အခွန်ထမ်း များဟု ယေဘုယျသတ်မှတ်ရာတွင် နှစ်စဉ် VAT စည်းကြပ်နိုင်သည့် ရောင်းချမှုတန်ဖိုး ယွမ်ငွေ (၅) သန်း (ခန့်မှန်း အမေရိကန် ဒေါ်လာ ၀.၇၇ သန်း) မကျော်သည့် အခွန်ထမ်းများကို သတ်မှတ်ခြင်းဖြစ်ပါသည်။

တရုတ်နိုင်ငံတွင် ဝူဟန်မြို့၌   COVID-19 ကပ်ရောဂါစတင်ဖြစ်ပွားစဉ်ကတည်းက ဟူပေပြည်နယ်မှ အသေးစားအခွန်ထမ်းများ အတွက် VAT ပေးဆောင်မှုမှ ကင်းလွတ်ခွင့်ပြုခြင်းနှင့် အခြားဒေသများမှ အသေးစားအခွန်ထမ်းများအတွက် VAT လျှော့ချပေး ခြင်းတို့ကို ပြုလုပ်ပေးခဲ့ပါသည်။

လက်ရှိတွင် ၂၀၂၁ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ (ဟူပေပြည်နယ်နှင့် ၎င်းပြည်နယ် ပြင်ပရှိ) အသေးစား VAT အခွန်ထမ်းများအားလုံးအတွက် VAT ကောက်ခံသည့်နှုန်းထားကို (၃) ရာခိုင်နှုန်းသတ်မှတ်ထားပြီး၊ စည်းကြပ်ရာတွင်မှု လျှော့ပေါ့ပေးထားသည့် (၁) ရာခိုင်နှုန်းဖြင့်သာ ပြုလုပ်ပါသည်။  VAT  ကို ကြိုတင်ပေးဆောင်လိုပါကလည်း (၁) ရာခိုင်နှုန်းဖြင့်သာ ကြိုတင်ပေးဆောင်ထားနိုင်ပါသည်။ 

သတ်မှတ်ချက်ကို တိုးမြှင့်ပေးသည့်အနေဖြင့် တရုတ်နိုင်ငံသည် ၂၀၂၁ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ ကာလအတွက် အသေးစား VAT အခွန်ထမ်းများအတွက် VAT ကင်းလွတ်ခွင့်သတ်မှတ်ချက်ကိုလည်း မြှင့်တင်ခဲ့ပါ သည်။ ယခင်က VAT သတ်မှတ်ချက်ကို တစ်လလျှင် ယွမ် (၁) သိန်း (ခန့်မှန်းအမေရိကန်ဒေါ်လာ ၁၅,၂၀၀) (သို့မဟုတ် သုံးလ တစ်ဖြတ်လျှင် ယွမ် (၃) သိန်း/ အမေရိကန်ဒေါ်လာ ၄၅,၈၀၀) သတ်မှတ်ခဲ့ရာမှ တစ်လလျှင် ယွမ်ငွေ (၁) သိန်းခွဲ (ခန့်မှန်း အမေရိ ကန်ဒေါ်လာ ၂၃,၂၄၀) (သို့မဟုတ် သုံးလတစ်ဖြတ်လျှင် ယွမ်ငွေ (၄) သိန်းခွဲ/ အမေရိကန်ဒေါ်လာ ၆၉,၇၀၀) ဟု တိုးမြှင့်သတ်မှတ် ပေးပါသည်။

တစ်နည်းအားဖြင့် အကယ်၍ အသေးစားအခွန်ထမ်းများ၏ တစ်လရောင်းချမှု ယွမ်ငွေ (၁) သိန်းခွဲအောက် ဖြစ်ခဲ့ပါက  VAT ပေး ဆောင်ရန် မလိုအပ်တော့ပါ။

ပညာရေးကုန်ကျစရိတ်နှင့် အခြားအခွန်အကောက် လျှော့ပေါ့ပေးမှုများအနေဖြင့် တရုတ်နိုင်ငံ၏ အမျိုးသားပညာရေး ကုန်ကျ စရိတ်များကို အခွန်ထမ်းတစ်ဦး၏ VAT အမှန်တကယ်ပေးဆောင်မှုနှင့် စားသုံးသူအခွန်ပေါ်တွင် အခြေခံ၍ တွက်ချက်ပါသည်။

လက်ရှိအချိန်၌ လစဉ်ရောင်းချငွေမှာ ယွမ်ငွေ (၁) သိန်း (သို့မဟုတ် သုံးလတစ်ဖြတ် ယွမ် (၃) သိန်း) ထက် ကျော်လွန်ခြင်းမရှိပါက ပညာရေးကုန်ကျစရိတ်နှင့် ရေလှောင်တမံတည်ဆောက်ရေးရန်ပုံငွေများမှ ကင်းလွတ်ခွင့်ပြုပါသည်။

ပညာရေးစရိတ်များမှ ကင်းလွတ်ခွင့်များအပြင် ပြည်နယ်များအတွင်း ကောက်ခံသည့် အခြားအခွန်များနှင့် ကုန်ကျစရိတ်များမှ ကင်းလွတ်ခွင့်ပြုပေးထားသည်များလည်း ရှိပါသည်။

ပြည်နယ်အစိုးရများက အသေးစားအခွန်ထမ်းများအား ဝင်ငွေအခြေခံ၏ (၅၀) ရာခိုင်နှုန်းအတွင်း အခွန် (၆) မျိုးနှင့် အခကြေးငွေ (၂) မျိုးကောက်ခံခြင်းမှ လျှော့ပေါ့ပေးထားပါသည်။ ၎င်းတို့မှာ ရင်းမြစ်အခွန်၊ မြို့ပြထိန်းသိမ်းရေးအခွန်နှင့် တည်ဆောက်ရေး အခွန်၊ ပိုင်ဆိုင်မှုအခွန်၊ မြို့ပြမြေယာအသုံးပြုခွန်၊ တံဆိပ်ခေါင်းခွန် (အာမခံကိစ္စများဆောင်ရွက်မှုအပေါ် တံဆိပ်ခေါင်းခွန် ဆောင်ရ သည်မှအပ)၊ ရေသွင်းမြေအသုံးပြုခွန်၊ ပညာရေးအသုံးစရိတ်နှင့် ပြည်နယ်ပညာရေးအသုံးစရိတ်များ ဖြစ်ပါသည်။

 အသေးစားလုပ်ငန်းပိုင်ရှင်များအတွက် တစ်ဦးချင်းဝင်ငွေခွန် မက်လုံးများအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိကာလအတွင်း တစ်ဦးချင်းပိုင် လုပ်ငန်းများနှင့် ဖက်စပ်လုပ်ငန်းများက တစ်ဦးချင်းဝင်ငွေခွန် ကင်းလွတ်ခွင့်အချို့ကို ခံစားနိုင်ပါသည်။

စီးပွားရေးဆောင်ရွက်ရာမှ ရရှိလာသည့်ဝင်ငွေများမှာ ယွမ်ငွေ (၁) သန်းထက်မကျော်ပါက တစ်ဦးချင်းဝင်ငွေခွန်လျှော့ပေါ့ပေးမှုကို (၅၀) ရာခိုင်နှုန်းအထိ ခံစားနိုင်ပါသည်။ ထို့ပြင် ၂၀၂၁ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှစ၍ တစ်ဦးတည်းပိုင်လုပ်ငန်းများ၊ ဖက်စပ် လုပ်ငန်းများမှာ ကုန်သေတ္တာသယ်ယူပို့ဆောင်ရေး VAT ပြေစာများထုတ်ပေးချိတ်တွင် တစ်ဦးချင်းဝင်ငွေခွန် ကြိုတင်ပေးဆောင် ရန် မလိုအပ်တော့ပါ။

အသေးစားလုပ်ငန်းများ၏ ဘဏ္ဍာရေးအသုံးစရိတ်များ နည်းပါးစေရန် ဆောင်ရွက်ပေးသည့် အခွန်စီမံဆောင်ရွက်မှုများအနေဖြင့် အသေးစားနှင့် အငယ်စားလုပ်ငန်းများ၏ ရန်ပုံငွေများမြင့်မားလာစေရန် ကူညီသောအားဖြင့် လယ်သမားများ၊ အသေးစားလုပ်ငန်း များ၊ အငယ်စားလုပ်ငန်းများနှင့် တစ်ဦးချင်းပိုင်လုပ်ငန်းများသို့ ထုတ်ချေးထားသည့် အသေးစားချေးငွေများမှ ရရှိလာသည့် အတိုး ဝင်ငွေများအပေါ် VAT ပေးဆောင်ခြင်းမှ ဘဏ္ဍာရေးအဖွဲ့အစည်းများကို ကင်းလွတ်ခွင့်ပြုထားပါသည်။ ထို့ပြင် အသေးစား (သို့မဟုတ်) အငယ်စားလုပ်ငန်းများနှင့် ဘဏ္ဍာရေးအဖွဲ့အစည်းများအကြား လက်မှတ်ရေးထိုးထားသည့် ချေးငွေစာချုပ်များ အပေါ် တံဆိပ်ခေါင်းခွန်ပေး ဆောင်ခြင်းမှ ကင်းလွတ်ခွင့် ပြုထားပါသည်။

၎င်းစီမံဆောင်ရွက်မှ (၂) မျိုးလုံးမှာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ အသက်ဝင်မည် ဖြစ်ပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ China Briefing (၁၇-၁-၂၀၂၂)

  

Category: China(Nanning)