China(Nanning)

အာဆီယံသို့ ခရီးသည်နှင့် လေကြောင်းကုန်သေတ္တာတင်ပို့မှုလမ်းကြောင်းများ ပိုမိုများပြားလာစေရန် ကွမ်ရှီးဆောင်ရွက်လျက်ရှိ

Last Updated:

၂၀၁၉ ခုနှစ်အတွင်း ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် အရှေ့တောင်အာရှနိုင်ငံများ အသင်း အဖွဲ့ဝင်နိုင်ငံများနှင့် ဒေသတွင်းကူးလူးဆက်နွယ်မှုများတိုးမြှင့်စေရန် ခရီးသည်နှင့် လေကြောင်း ကုန်သေတ္တာပို့ဆောင်သည့် လမ်းကြောင်း ပေါင်း (၂၈) ခုကို ဖွင့်လှစ်ခဲ့ကြောင်း ကွမ်ရှီးလေဆိပ် အုပ်စုက ဇန်နဝါရီလ (၁၉) ရက်နေ့တွင် ထုတ်ပြန်ကြေငြာခဲ့သည်။

မကြာသေးမီနှစ်များအတွင်း နန်နင်းနှင့် ကွေ့လင်းတို့အား အဓိကဝင်ပေါက်လေဆိပ်များ တည်ရှိရာမြို့တော်များအဖြစ် ပြောင်းလဲခဲ့ပြီး၊ အာဆီယံသို့ ရှေးရှုသည့် ကွမ်ရှီး၏ လေကြောင်း ဝင်ပေါက်တည်ဆောက်ရေးဗဟိုချက်မမှာ ပုံပေါ်လာ ခဲ့ပါသည်။ အာဆီယံနိုင်ငံများရှိ မြို့တော်များနှင့် အလည်အပတ်များသောနေရာများကို လေယာဉ်များ ပိုမိုပျံသန်းပြေးဆွဲခဲ့ပါသည်။

နန်နင်းမှ ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ ပြေးဆွဲသည့် လေယာဉ်အရေအတွက်မှာ ရက်တ္တတစ်ပတ် လျှင် (၁၅) စီးမှ (၂၅) စီးသို့ တိုးမြင့်လာခဲ့ပြီး၊ နန်နင်းမှ စင်ကာပူသို့ ယခင်က တစ်ပတ်လျှင် လေယာဉ် (၇) စီးသာပြေးဆွဲခဲ့ရာမှ ယခုအခါ လေယာဉ် (၁၄) စီး ပြေးဆွဲလျက်ရှိပါသည်။ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့သို့ ယခင်က တစ်ပတ်လျှင် လေယာဉ် (၂)စီးသာ ပြေးဆွဲခဲ့ရာမှ ယခုအခါ လေယာဉ်(၅) စီး ပြေးဆွဲလျက်ရှိပါသည်။

မြန်မာနိုင်ငံ၏ မြို့တော် နေပြည်တော်နှင့်ကွမ်ရှီး၊ မန္တလေးနှင့်ကွမ်ရှီး တို့အကြား၊ ကမ္ဘောဒီးယားနိုင်ငံ၏ Sihanoukville  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဆိမ်ကမ်းနှင့် ကွမ်ရှီးတို့အကြား လမ်းကြောင်းအသစ်များ ပြေးဆွဲရန်အတွက်လည်း ၂၀၁၉ ခုနှစ်အတွင်း စတင်ဆွေးနွေးလျက်ရှိပါသည်။

တရုတ်နိုင်ငံ အနောက်ဖက်ရှိ အပြည်ပြည်ဆိုင်ရာ ကုန်းလမ်း-ပင်လယ်ရေကြောင်း ကုန်သွယ်ရေးစင်္ကြံအသစ်၏ အရေးပါသောမြို့တော်ဖြစ်သည်နှင့်အညီ တရုတ်နိုင်ငံ အနောက်ပိုင်းရှိ ဒေသများနှင့် အရှေ့တောင်အာရှနိုင်ငံများအကြား ကွမ်းရှီးကို ဖြတ်လျက် ပူးပေါင်းဆောင်ရွက်နိုင်ရန် လေကြောင်းလမ်းအသစ်များကို ကွမ်ရှီးက စတင်ဆောင်ရွက်ပေးနေခြင်းဖြစ်ပါ သည်။ လန်ကျိုး-နန်နင်း-စင်ကာပူ လေကြောင်းလမ်းစတင်ရာ၌ ဂန်းဆုလေကြောင်း ဆက်သွယ် ရေးအုပ်စုနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

နန်နင်းနှင့် ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းတို့အကြား ကုန်သေတ္တာတင်ဆောင်သည့် လမ်းကြောင်းကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလအတွင်း စတင်ပြေးဆွဲခဲ့ပြီး၊ ကွမ်ရှီးနှင့် အာဆီယံနိုင်ငံများ အကြား ကုန်သေတ္တာပို့ဆောင်ရေးကို ပါဝင်ဖြည့်ဆည်းပေးလျက် ရှိပါသည်။

၂၀၁၉ ခုနှစ်အတွင်း နန်နင်း Wuxu အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ အာဆီယံနိုင်ငံများနှင့် လေကြောင်းချိတ်ဆက်မှုကြောင့် ခရီးသည် (၁) သန်းကျော် ဝင်ရောက်ခဲ့ကြောင်း စာရင်းများအရ သိရပါသည်။

 

ရင်းမြစ်၊ en.gxzf.gov.cn

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: China(Nanning)