China(Nanning)

အာရှနိုင်ငံများအတွင်း သင်္ဘောတင်ပို့နေသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် eShipAsia platformအား စတင်မိတ်ဆက်

Last Updated:

ပြေးဆွဲနေသောလမ်းကြောင်း၊ တဆင့်ပြန်လည်ပို့ဆောင်မည့်အချိန်နှင့် ကုန်ကျစရိတ်တို့အပေါ်တွင် အခြေခံ၍ သင်္ဘောတင်ပို့မှုတိုင်းအား အကောင်းဆုံးဖြစ်စေရန် အာရှနိုင်ငံများအချင်းချင်း သင်္ဘောတင်ပို့သူများအကြား ဆောင်ရွက်၍ရနိုင်မည့် eShipAsia ဟူသော အွန်လိုင်း ထောက်ပို့သယ်ယူပို့ဆောင်ရေး ကြားခံနေရာတစ်ရပ် ကို စတင်မိတ်ဆက်လိုက်ပါသည်။

အာရှနိုင်ငံများအချင်းချင်း ကုန်သွယ်ရေးပြုလုပ်မှုသည် ကမ္ဘာပေါ်တွင် ကုန်သွယ်မှုအများဆုံးပြုလုပ်သည့် နိုင်ငံအစုများတွင် တစ်ခုအပါအဝင်ဖြစ်ကြပြီး လျင်မြန်စွာ တိုးတက်ပြောင်းလဲနေကာ  ထိရှလွယ်သော ဈေးကွက်လည်းဖြစ်ကြောင်း၊ ထို့ကြောင့်  အကောင်းဆုံးပို့ဆောင်ရေးနည်းလမ်းများကို ရှာဖွေရန် သင်္ဘောတင်ပို့သူများအတွက် စိန်ခေါ်မှုများဖြင့် ကြုံတွေ့စေပြီး အချိန်များစွာကြာမြင့်စေလျက်ရှိကြောင်း K&N Asia Pacific ၏ ဒုတိယဉက္ကဌ Casper Ellerbaek က မှတ်ချက်ပြုပြော ကြားခဲ့ပါသည်။

eShipAsia ပေါ်တွင် သင်္ဘောတင်ပို့သူများအား နိုင်ငံပေါင်း (၂၀) သို့ဆက်သွယ်ပေးထားပြီး တင်ပို့မည့်ဆိပ်ကမ်းနှင့် ဆိုက်ရောက်မည့်ဆိပ်ကမ်း ယှဉ်တွဲမှုပေါင်း (၂,၂၂၀)၊ ပို့ဆောင်နေသည့် သင်္ဘောလိုင်းပေါင်း (၅၄) ခုနှင့် ဝန်ဆောင်မှုပေးနေသည့် အဝန်းအဝိုင်း (၇၅၀၀) တို့၏ ထွက်ခွာမည့်အချိန်ဇယားများနှင့် နှုန်းထားများကို ချက်ချင်းနှိုင်းယှဉ် ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။

ပေးဆောင်ရမည့် ကုန်ကျစရိတ်များအားလုံးအပေါ် အခြေခံ၍ ချက်ချင်းထုတ်ပေးထားသည့် နှိုင်းယှဉ်ကြည့်နိုင်သော ဈေးနှုန်းကိုးကားချက်များမှာ အပြည့်အဝ ပွင့်လင်းမြင်သာမှုရှိမည်ဖြစ်ပြီး အဆင့်မြင့်အွန်လိုင်းမှ ခြေရာခံကြည့်ရှုနိုင်သော လုပ်ဆောင်ချက် များကိုလည်း ထည့်သွင်းထားရှိရာ သင်္ဘောတင်ပို့သူများက ၎င်းတို့၏ သင်္ဘောအခြေအနေအား မည်သည့်အချိန်တွင်မဆို သိရှိနိုင်မည်ဖြစ်ပါသည်။

စမ်းသပ်ကာလအတွင်း အသုံးပြုကြည့်သူများက အာရှနိုင်ငံများ အပြန်အလှန် သင်္ဘောတင်ပို့မှုအား အကောင်းဆုံးချိတ်ဆက်ပေးနိုင်သည့် ကြားခံနေရာ ဖြစ်သောကြောင့် ပိုမိုကောင်းမွန်သော ဆုံးဖြတ်ချက်များကို ပိုမိုလျင်မြန်စွာပြုလုပ်ပေးနိုင်ကြောင်း အတည်ပြုပြောကြားခဲ့ကြကြောင်း၊  ကျွန်ုပ်တို့၏ ဝန်ဆောင်မှုအဆင့်များနှင့် အပြိုင်အဆိုင်ပေးကြသည့် နှုန်းထားများအပေါ်  စက္ကန့်ပိုင်းအတွင်း  လုပ်ငန်းစဉ်ပြုလုပ်ပေးခြင်းဖြင့် ကျွန်ုပ်တို့၏ ဖောက်သည်များအတွက် ထူးခြားသောဒစ်ဂျစ်တယ် အတွေ့ အကြုံ အား ပံ့ပိုးပေးနိုင်သဖြင့် ဝမ်းမြောက်ဝမ်းသာဖြစ်ရကြောင်း K&N Asia Pacific ၏ ဉက္ကဌ Jens Drewesက ရှင်းလင်းပြောကြားခဲ့ပါသည်။

၎င်းနည်းပညာဉီးဆောင်အသုံးပြုထားသည့် ကြားခံနေရာအား စင်္ကာပူ၊ မလေးရှား၊ ထိုင်း၊ ဂျပန်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယားနှင့် တရုတ်ပြည်မကြီးတို့တွင် အသုံးပြုနိုင်မည်ဖြစ်ပြီး ၎င်းနိုင်ငံများ၏ ဘာသာစကားများဖြင့်ပါ အသုံးပြုနိုင်မည် ဖြစ်ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ newsroom.kuehne-nagel.com  (၈-၄-၂၀၂၀)

Category: China(Nanning)