India (Delhi)

အိန္ဒိယနိုင်ငံ၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ထပ်တိုးမတ်ပဲတန်ချိန် ၂.၅ သိန်း တင်သွင်းခွင့် ကာလထပ်မံတိုးမြှင့်သတ်မှတ်ခြင်း

Last Updated:

အိန္ဒိယနိုင်ငံအစိုးရသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် မတ်ပဲတန်ချိန် ၂.၅ သိန်းအား တိုးမြှင့်တင်သွင်းခွင့်ပြုထားရာတွင် ၎င်းမတ်ပဲများ နောက်ဆုံးထားတင်သွင်းရမည့် ကာလအား ၃.၃.၂၀၂၀ နေ့တွင် ကုန်သွယ်ရေး အသိပေးချက်အမှတ် ၅၄/၂၀၁၉-၂၀ ဖြင့် ၃၀.၄.၂၀၂၀ ရက်နေ့ အထိလည်းကောင်း၊ တစ်ဖန် ၁၆.၄.၂၀၂၀ ရက်နေ့၌ ကုန်သွယ်ရေးအသိပေးချက်အမှတ် ၀၄/ ၂၀၂၀-၂၁ ဖြင့် ၁၅.၅.၂၀၂၀ ရက်နေ့ အထိလည်းကောင်း ပြင်ဆင်သတ်မှတ်ခဲ့ပါသည်။

သို့ရာတွင် မြန်မာနိုင်ငံ၌ COVID-19 ဗိုင်းရပ်စ်ကူးစက်မှု တားဆီးထိန်းချုပ်နိုင်ရန်အတွက် ဆက်သွယ်သွားလာမှု တားမြစ်ကန့်သတ်ထားသည့် ကာလအတွင်း ကုန်စည်များ သယ်ယူပို့ ဆောင်ရန် အခက်အခဲရှိသဖြင့် အဆိုပါသတ်မှတ်ချက်အပေါ် ၃၀.၆.၂၀၂၀ နေ့အထိ တင်သွင်း ခွင့်ကာလ တိုးမြှင့်ပေးပါရန် မြန်မာနိုင်ငံရှိ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာန ထံသို့ ၅.၅.၂၀၂၀ နေ့တွင် မေတ္တာရပ်ခံခဲ့ ပါသည်။

ယခုအခါ အဆိုပါမတ်ပဲတန်ချိန် ၂ သိန်း ၅ သောင်းအား အချိန်မီတင်သွင်းနိုင်ရန် ခက်ခဲသဖြင့် တင်သွင်းခွင့်သက်တမ်းတိုးမြှင့်ပေးရန် မေတ္တာရပ်ခံမှုများအရ ၎င်းမတ်ပဲများ အိန္ဒိယနိုင်ငံ ရှိဆိပ်ကမ်းသို့ နောက်ဆုံးထားရောက်ရှိရမည့် နေ့ရက်အား ၃၁.၅.၂၀၂၀ နေ့သို့ တိုးမြှင့်လိုက်ကြောင်းနှင့် ထပ်မံအချိန် တိုးမြှင့်တောင်းခံခြင်းကို လက်ခံဆောင် ရွက်မည် မဟုတ်ကြောင်း ဖေါ်ပြလျက် အိန္ဒိယပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ၁၃.၅.၂၀၂၀ ရက်နေ့၌ ကုန် သွယ်ရေးအသိပေးချက်အမှတ် ၁၀/၂၀၂၀-၂၀၂၁ ဖြင့် ထုတ်ပြန်ခွင့်ပြုခဲ့ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ အိန္ဒိယနိုင်ငံ)

Source: Trade Notice No. 10/2020-2021 dated 13th May 2020 of Directorate General of Foreign Trade, Ministry of Commerce and Induatry of India

Category: India (Delhi)