India (Delhi)

အိန္ဒိယနိုင်ငံ၌ APIs ဆေးဝါးများအား ကန့်သတ်ကုန်စည်အဖြစ်မှ ပြန်လည်ဖယ်ရှားပေးခဲ့ခြင်း

Last Updated:

အိန္ဒိယနိုင်ငံ၌ ပါရာစီတမော၊ ဗီတာမင် ဘီ-၁၊ ဘီ-၆ နှင့် ဘီ-၁၂ စသည်တို့ အပါအဝင် 8- digit HS Code လိုင်းပေါင်း ၂၆ ခုရှိ ပဋိဇီဝဆေးဝါး (Active Pharmaceutical Ingredient - API) များအား ကန့်သတ်ကုန်စည်အဖြစ် အစိုးရက ၃.၃.၂၀၂၀ နေ့၌ အမိန့်ကြော်ငြာစာ ထုတ်ပြန်လျက် သတ်မှတ်ထား ခဲ့ပါသည်။

ယခုအခါ အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနရှိ ပြည်ပကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနက အဆိုပါ HS Code လိုင်းပေါင်း ၂၆ ခုရှိ ဇီဝလှုံ့ဆော်မှုရှိသည့်ဆေးပစ္စည်း APIs များအနက်မှ Paracetamol နှင့် Formulations made of Paracetamol ဆေးဝါး ၂ မျိုးကို ချန်လှပ်၍ ကျန်ဆေးဝါး ၂၄ မျိုးအား ပြည်ပသို့လွတ်လပ်စွာ တင်ပို့ခွင့်ပြုသည့်ကုန်စည်များအဖြစ်သို့ ပြန်လည်ပြောင်းရွှေ့ သတ်မှတ်လိုက်ကြောင်းဖြင့် ၆.၄.၂၀၂၀ နေ့တွင် အမိန့်ကြော်ငြာစာ အမှတ် ၂/၂၀၁၅-၂၀၂၀ ကို ထုတ်ပြန်လျက် ဖြေလျော့ပေးခဲ့ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ အိန္ဒိယနိုင်ငံ)

Source:     Notification No. 2/2015-2020 dated 6th Apr 2020 of Directorate General of Foreign Trade, Ministry of Commerce and Industry of India

Category: India (Delhi)