Japan

အိုဆာကာဒေသရှိ စီးပွားရေးလုပ်ငန်းများ ပြန်လည်လည်ပတ်ဆောင်ရွက်နိုင်ရန် ကိုယ်ပိုင် စံညွှန်းများ သတ်မှတ်ဆောင်ရွက်ခဲ့

Last Updated:

ဗဟိုအစိုးရအနေဖြင့် အရေးပေါ် အခြေအနေကို မေလ ၃၁ ရက်နေ့အထိ သက်တမ်း ထပ်မံတိုးချဲ့မှုကြေငြာခဲ့ပြီးနောက်  ဂျပန်နိုင်ငံ အနောက်ပိုင်း အိုဆာကာဒေသ အုပ်ချုပ်ရေးမှူးက ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ဖြစ်ပွားနေချိန်အတွင်း တားမြစ်ကန့်သတ်ချက်များ တဖြည်းဖြည်းရုတ်သိမ်းရန် မေလ ရက်နေ့က အိုဆာကာဒေသ၏ လုပ်ငန်းအဖွဲ့အစည်းအဝေးကို ကျင်းပကာ ကိုယ်ပိုင်စံညွှန်းများ ချမှတ်ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရပါသည်။

အိုဆာကာဒေသ၏ အုပ်ချုပ်ရေးမှူး Mr. Yoshimura Hirofumi က တားမြစ်ကန့်သတ်ချက်များကို ဖြေလျော့ဆောင်ရွက်ရန် ရှင်းလင်းပြတ်သားသည့် ဦးတည်ချက်တစ်ခုရှိရန် လိုအပ်ပါကြောင်း၊ ထို့အတွက် ၎င်း၏ ဒေသအနေဖြင့် "အိုဆာကာမော်ဒယ်" ဆိုနိုင်သည့် စံတစ်ခုကို ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ကန့်သတ်ချက်များအား ဖြေလျော့ပေးရန် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့် ပြည့်မီကိုက်ညီမှုမရှိပါက  အိုစာကာဒေသ အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ဒေသအတွင်းနေထိုင်သူများအား မလိုအပ်ဘဲ အပြင် မထွက်ကြရန် ဆက်လက်တောင်းဆိုသွားမည်ဖြစ်ပြီး ပွဲစီစဉ်သူများ၊ ဖျော်ဖြေရေးနှင့် အားကစားအဆောက်အအုံများကို မေလကုန်အထိ ဆက်လက်ပိတ်ထားရန် တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရပါသည်။

အိုဆာကာ အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် သတ်မှတ်ထားသည့် စံညွှန်း ချက်အနေဖြင့် ပထမအချက်အတွက် ရောဂါပိုးကူးစက်မှုလမ်းကြောင်း အတိအကျမသိရသော ကူးစက်မှုအသစ်အရေအတွက် တစ်ရက်လျှင် ၁၀ ဦးအောက် ရောက်ရှိသွားရမည်ဖြစ်ပါကြောင်း၊ ဒုတိယအချက်အနေဖြင့် သံသယလူနာ စစ်ဆေးမှုများတွင် ကူးစက်ခံထားရကြောင်း အဖြေထွက်ရှိတဲ့နှုန်းမှာ % အောက် ရောက်ရှိရမည်ဖြစ်ပါကြောင်းနှင့် တတိယအချက်မှာ ပြင်းထန်လက္ခဏာရှိသည့် လူနာများ ဆေးရုံတက်ရောက်သည့်နှုန်းမှာ  ၆၀ %  အောက်တွင် ရှိနေရမည်ဖြစ်ကြောင်း စသည်ဖြင့် သတ်မှတ်ထားပါသည်။

ထို့အပြင် အဆိုပါ စံသတ်မှတ်ချက်အားလုံး ရက်ဆက်တိုက်ကိုက်ညီပြည့်မီမှသာ ဖြေလျော့ဆောင်ရွက်မည်ဖြစ်ကြောင်း သိရပါသည်။ စီးပွားရေးလုပ်ငန်းများကို ပြန်လည်ဖွင့်လှစ်ဆောင်ရွက်ခွင့်ပြုမည့်ကိစ္စနှင့် ပတ်သက်၍ လာမည့် မေလ ၁၅ ရက်နေ့တွင် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း အိုဆာကာအုပ်ချုပ်ရေးအဖွဲ့က ပြောကြားလိုက်ပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ တိုကျိုမြို့)

ရင်းမြစ်။  The Cabinet Office of Japan, The Prime Minister’s Office of Japan, METI, Japan,The Japan Times, The Japan News, The Asahi Shimbun, The Nikkei Asian Review, The NHK World,The NNA Asia News.

Category: Japan