China(Beijing)

၂၀၁၉ ခုနှစ်၊ ပထမ ၁၁ လအတွင်း တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု ပမာဏမြင့်တက်ခဲ့ခြင်း

Last Updated:

            တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုပမာဏသည် ၂၀၁၉ ခုနှစ်၊ ပထမ ၁၁ လအတွင်း ယွမ် ၂၈.၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၄.၁၄ ထရီလီယံ) ထိ ရောက်ရှိခဲ့သည့်အတွက် ၂၀၁၈ ခုနှစ် ကာလတူနှင့်နှိုင်းယှဉ်ပါက ၂.၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ ပို့ကုန်ပမာဏသည် ယွမ် ၁၅.၅၅ ထရီလီယံ ရှိခဲ့ပြီး ၄.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ သွင်းကုန်ပမာဏသည် ယွမ် ၁၂.၉၅ ထရီလီယံ ရှိခဲ့ကြောင်း၊ ကုန်သွယ်ရေးပိုငွေပမာဏသည် ယွမ် ၂.၆ ထရီလီယံ ရှိခဲ့ပြီး ၂၀၁၈ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၃၄.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ဟု တရုတ်နိုင်ငံ၊ အကောက်ခွန်အထွေထွေ အုပ်ချုပ်မှု အာဏာပိုင်အဖွဲ့မှ ထုတ်ပြန်ခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလအတွင်း၌ တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု ပမာဏ ယွမ် ၂.၈၆ ထရီလီယံ ရှိခဲ့ပြီး ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ နှင့် နှိုင်းယှဉ်ပါက ၁.၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ ကမ္ဘာ့စီးပွားရေးနှင့် ကုန်သွယ်မှုလုပ်ငန်းများ ကျဆင်းနေသော်လည်း တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုကဏ္ဍ တည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်ခဲ့ကြောင်း၊ စိုက်ပျိုးရေးထုတ်ကုန်များ သွင်းကုန်ပမာဏသည် ယွမ် ၁.၂၉ ထရီလီယံ ရှိခဲ့ပြီး၊ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ နှင့် နှိုင်းယှဉ်ပါက ၂.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် သွင်းကုန်ပမာဏ မြင့်တက်လာမှုကြောင့် နိုင်ငံ၏ ပြည်တွင်းလိုအပ်ချက်ကို အထောက်အပံ့ဖြစ်စေခဲ့ကြောင်း၊ တရုတ် နိုင်ငံသည် အာဆီယံနိုင်ငံများ၊ ဥရောပဒေသနိုင်ငံများ၊ ရပ်ဝန်းနှင့်ပိုးလမ်းမလမ်းကြောင်းတစ်လျောက်ရှိ နိုင်ငံများတို့နှင့် ကုန်သွယ်မှုကဏ္ဍ လျင်မြန်စွာ မြင့်တက်လာခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်၊ ပထမ ၁၁ လအတွင်း ရပ်ဝန်းနှင့်ပိုးလမ်းမ နိုင်ငံများနှင့် ကုန်သွယ်မှုပမာဏသည်ယွမ် ၈.၃၅ ထရီလီယံ ရှိသည့်အတွက် ပြီးခဲ့သည့်နှစ်ကာလတူထက် ၉.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အဆိုပါ ပမာဏသည် စုစုပေါင်း ကုန်သွယ်မှုတွင် ၂၉.၃ ရာခိုင်နှုန်း ပါဝင်လျက်ရှိကြောင်း၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများမှ နိုင်ငံခြားကုန်သွယ်မှုပမာဏသည် ယွမ် ၁၂.၁၂ ထရီလီယံ ရှိခဲ့ပြီး ၁၀.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ စက်ပစ္စည်းများနှင့် အီလက်ထရောနစ်ပစ္စည်းများ တင်ပို့မှုပမာဏသည် ယွမ် ၉.၀၉ ထရီလီယံ ရှိခဲ့ပြီး ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး စုစုပေါင်း ပို့ကုန်ပမာဏ၏ ၅၈.၄ ရာခိုင်နှုန်း ပါဝင်လျက်ရှိကြောင်း၊ ဖိနပ်၊ အရုပ်နှင့် လက်ဆွဲအိတ် အမျိုးမျိုးတို့ပါဝင်သည့် labor-intensive goods ကုန်ပစ္စည်းများ ပို့ကုန်ပမာဏသည် ယွမ် ၂.၉၉ ထရီလီယံ ရှိခဲ့ပြီး ၅.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ ပြည်ပနိုင်ငံများမှ ရေနံတင်သွင်းမှုပမာဏ ၄၆၂ သန်းတန်ရှိခဲ့ပြီး ၁၀.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ ပဲပိစပ်သွင်းကုန်ပမာဏ ၇၈.၉၇ သန်းတန်ရှိခဲ့ပြီး ၄.၁ ရာခိုင်နှုန်း ကျဆင်း ခဲ့ကြောင်း၊ တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့မှ ညွှန်ကြားရေးမှူးဖြစ်သူ Li Kuiwen က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ပေကျင်းမြို့)

Category: China(Beijing)