Singapore

၂၀၂၀ ခုနှစ်တွင် စင်ကာပူ၏ စီးပွားရေးတိုးတက်မှုနှုန်းမှာ (-) ၇ ရာခိုင်နှုန်းမှ (-) ၄ ရာခိုင်နှုန်းဘောင်အတွင်း ကျဆင်းနိုင်ကြောင်း သတင်းထုတ်ပြန်

Last Updated:

၂၀၂၀ ခုနှစ် စင်ကာပူ၏ GDP တိုးတက်မှုနှုန်းခန့်မှန်းချက်ကို ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီး ဌာနက ၂၆--၂၀၂၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ ယင်းခန့် မှန်းစာရင်းအရ ၂၀၂၀ ခုနှစ်တွင် စင်ကာပူ၏ စီးပွားရေးမှာ (-) ရာခိုင်နှုန်းမှ (-) ရာခိုင်နှုန်းဘောင်အတွင်း ကျဆင်းနိုင်ပြီး၊ ယခင်မတ်လ ၂၆ ရက်နေ့က ပြုလုပ်ခဲ့သော (-) ရာခိုင်နှုန်းမှ (-) ရာခိုင်နှုန်းဘောင်အတွင်း စီးပွားရေးကျဆင်းနိုင်ကြောင်း ၎င်း၏ရှေ့ပြေးခန့်မှန်းချက်ထက် ပိုမိုလျှော့ချလိုက်ခြင်းဖြစ်ပါသည်။ ထိုပြင့် ၂၀၂၀ ခုနှစ်၊ ပထမ () လပတ် (ဇန်နဝါရီလမှ မတ်လအထိ) အတွင်း စင်ကာပူ၏ စီးပွားရေးသည် (−). ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

COVID-19 သည် ကမ္ဘာတစ်ဝှမ်းရှိ စီးပွားရေးလုပ်ငန်းဆောင်ရွက်ချက်များအပေါ် မျှော်လင့်ထားသည်ထက်ပင် ပိုမိုဆိုးရွားစွာဂယက်ရိုက်ခတ်ခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် ထိပ်သီးဖွံ့ဖြိုးပြီးနိုင်ငံနှင့် ဖွံ့ဖြိုးဆဲနိုင်ငံအများစုတို့သည် စီးပွားရေးကျဆင်းမှုကို ရင်ဆိုင်ရဖွယ် ရှိသောကြောင့် ကမ္ဘာ့စီးပွားရေးမှာ (−) ရာခိုင်နှုန်းခန့် ကျဆင်းနိုင် သည်ဟု IMF က ဧပြီလတွင် ခန့်မှန်းထားကြောင်း၊ အမေရိကန်နိုင်ငံသည် ပြည်တွင်းစားသုံးမှုကျဆင်းခြင်းနှင့် အလုပ်လက်မဲ့နှုန်းမြင့်တက်လာခြင်းတို့နှင့်အတူ စီးပွား ရေးကျဆင်းနိုင် ကြောင်း၊ EU နိုင်ငံများသည် ၎င်းတို့၏ ရောဂါထိန်းချုပ်မှုအစီအမံများက လုပ်ငန်းဆောင်ရွက်မှုများအပေါ် များစွာသက်ရောက်မှုရှိခဲ့ပြီး လုပ်သား စျေးကွက်အားပျော့ခဲ့ခြင်းကြောင့် စီးပွားရေးကျဆင်းမှုနှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အနာဂတ်ကာလတွင် ဖြစ်ပေါ်လာနိုင်သော မသေချာမရေရာမှုများနှင့် ရောဂါဖြစ်ပွားမှု ထပ်မံပေါ်ပေါက်လာနိုင်သည့် အခြေအနေတို့ကြောင့် ပုဂ္ဂလိကကဏ္ဍ၏ သုံးစွဲမှုလျှော့ကျလာခြင်းနှင့် တရုတ်၏ ပို့ကုန်များအပေါ် ကမ္ဘာ့နိုင်ငံအသီးသီး၏ ဝယ်လိုအား ကျဆင်းလာနိုင်ခြင်းတို့ကြောင့် တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းမှာ အလွန်အမင်းအားနည်းသွားဖွယ်ရှိကြောင်း၊ အလားတူ အာဆီယံဒေသရှိ မလေးရှား၊ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့သည် ပြည်တွင်းစားသုံးမှုနှေးကွေးလာခြင်းနှင့်အတူ ၎င်းတို့၏ ထုတ်ကုန်များအပေါ် ပြည်ပဝယ်လိုအားလျော့နည်းလာခြင်းတို့ကြောင့် စီးပွားရေးကျဆင်းနိုင်ကြောင်း ဖော်ပြထားပါသည်။

ကမ္ဘာ့စီးပွားရေးအခြေအနေအပေါ် မသေချာမရေရာဖြစ်စေသော အခြားအကြောင်းအရာများမှာ အမေရိကန်နှင့် EU နိုင်ငံများကဲ့သို့သောနိုင်ငံများတွင် စီးပွားရေးဖွင့်လှစ်ဆောင်ရွက်လာခြင်းမှ ရောဂါဖြစ်ပွားမှု ထပ်မံမြင့်တက်လာနိုင်သောအန္တရာယ်ရှိပြီး၊ ထိုသို့ဖြစ်ပွားလာပါက စီးပွားရေးအပေါ် သက်ရောက်မှုများမှာ ပိုမိုပြင်းထန်သွားနိုင်ကြောင်း၊ ထို့ပြင် ယင်းနိုင်ငံများက ဆောင်ရွက်လျက်ရှိသော ဘဏ္ဍာရေးနှင့် ငွေကြေးမူဝါဒများအပေါ် ယုံကြည်မှုကျဆင်းလာပါက ငွေရေးကြေးရေးစျေးကွက် မတည်ငြိမ်မှုများဖြစ်ပေါ်လာကာ ကမ္ဘာ့စီးပွားရေအပေါ် ရိုက်ခတ်လာနိုင်ကြောင်း ထောက်ပြ ထားပါသည်။  

အဆိုပါကမ္ဘာ့စီးပွားရေးနောက်ခံအခြေအနေအရ စင်ကာပူနိုင်ငံအနေဖြင့် ၎င်း၏ အဓိကဝယ်လိုအားစျေးကွက်များ၏ စီးပွားရေးကျဆင်းလာမှုနှင့် ကုန်ထုတ်လုပ်မှု ကွင်းဆက်ပြတ်တောက်မှုအခြေအနေတို့ကြောင့် ပြည်ပစျေးကွက်များ၏ ဝယ်လိုအားအပေါ် အဓိကမှီခိုဆောင်ရွက်သော ကုန်ထုတ်လုပ်မှု၊ လက်ကားကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် သိုလှောင်ထိန်းသိမ်းရေး လုပ်ငန်းကဏ္ဍများမှာ ဆိုးရွားစွာထိခိုက်လျက်ရှိကြောင်း၊ ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ရန်အတွက် ဆောင်ရွက်နေသော Circuit Breaker အစီအမံသည် ပြည်တွင်းစားသုံးမှုကို နှေးကွေးသွားစေပြီး အထူးသဖြင့် လက်လီရောင်းဝယ်ရေးနှင့် အစားအသောက်ဝန်ဆောင်မှုလုပ်ငန်းများအပေါ် ရိုက်ခတ်မှုပြင်းထန်ခဲ့ကြောင်း၊ နိုင်ငံခြားလုပ်သားများ နေထိုင်သောအဆောင်များတွင် ရောဂါကူးစက်မှုမြင့်တက်လာခဲ့ပြီး လုပ်သားမလုံလောက်မှုဖြစ်ပေါ်လာကာ ဆောက်လုပ်ရေးနှင့် ပင်လယ်ကမ်းဝေးအင်ဂျင်နီယာလုပ်ငန်းများအပေါ် များစွာထိခိုက်လျက်ရှိကြောင်း၊ သို့ရာတွင် ကုန်ထုတ်လုပ်မှုကဏ္ဍမှ ဆေးဝါးနှင့် ဇီဝထုတ်ကုန်လုပ်ငန်းများ နှင့် ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍမှ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးလုပ်ငန်းများမှာ ဆက်လက်တိုးတက်မည့် အလားအလာကောင်းများရှိကြောင်း ဖော်ပြထားပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူမြို့)

သတင်းရင်းမြစ်     Ministry of Trade & Industry, Singapore

Category: Singapore