China(Beijing)

၂၀၂၀ ပြည့်နှစ်၊ ပထမ ၄ လအတွင်း တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုပမာဏ ကျဆင်းခဲ့ခြင်း

Last Updated:

၂၀၂၀ ပြည့်နှစ်၊ ပထမ ၄ လ အတွင်း တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုပမာဏ ယွမ် (၉.၀၇)ထရီလီယံ (အမေရိကန်ဒေါ်လာ ၁.၂၈ ထရီလီယံ) ရှိခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ပထမ ၄ လနှင့် နှိုင်းယှဉ်ပါက (၄.၉)ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ပို့ကုန်ပမာဏ ယွမ် (၄.၄၇)ထရီလီယံ ရှိခဲ့သည့်အတွက် (၆.၄)ရာခိုင်နှုန်း၊ သွင်းကုန်ပမာဏ ယွမ်(၄.၃၃) ထရီလီယံ ရှိခဲ့ပြီး (၃.၂)ရာခိုင်နှုန်းအသီးသီး ကျဆင်းခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလအတွင်း တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုပမာဏ ယွမ်(၂.၅)ထရီလီယံ ရှိခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဧပြီလနှင့်နှိုင်းယှဉ်ပါက(၀.၇)ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ပို့ကုန်ပမာဏသည် ယွမ်(၁.၄၁)ထရီလီယံ ရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ မတ်လနှင့်နှိုင်းယှဉ်ပါက (၈.၂) ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ သွင်းကုန်ပမာဏ ယွမ်(၁.၀၉)ထရီလီယံ ရှိခဲ့ပြီး (၁၀.၂)ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ပထမ ၄ လ အတွင်း အာဆီယံနိုင်ငံများသည်  တရုတ်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံများ ဖြစ်ခဲ့ကြောင်း၊ တရုတ်နှင့်အာဆီယံနိုင်ငံများအကြား ကုန်သွယ်မှုပမာဏသည် ယွမ် (၁.၃၅) ထရီလီယံ သို့ ရောက်ရှိခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ် ကာလတူထက် (၅.၇)ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ ဥရောပနိုင်ငံများနှင့် ကုန်သွယ်မှုပမာဏ ယွမ် )၁.၂၃)ထရီလီယံ ရှိခဲ့ပြီး (၆.၅)ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ အမေရိကန်နိုင်ငံနှင့် ကုန်သွယ်မှုပမာဏသည် ယွမ် (၉၅၈.၄၆)ဘီလီယံ ရှိခဲ့ပြီး (၁၂.၈) ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း တရုတ်နိုင်ငံ၊ General Administration of Customs မှ ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

 

 

ရင်းမြစ်: http://global.chinadaily.com.cn/a/202005/07/WS5eb37e4da310a8b241153 ef6.html

( မြန်မာစီးပွားရေးသံမှူး၊ ပေကျင်းမြို့)

Category: China(Beijing)