Japan

6G wireless ဆက်သွယ်ရေးကွန်ယက်ကို ၂၀၃၀ ခုနှစ်ခန့်တွင် အကောင်အထည်ဖော်နိုင်မည့် နည်းပညာ ဂျပန်ဖော်ဆောင်ရန် ကြိုးပမ်းလျှက်ရှိ

Last Updated:

     ဂျပန်နိုင်ငံအစိုးရက လာမည့် ၂၀၂၀ ခုနှစ် နွေရာသီတွင် 6G wireless ဆက်သွယ်ရေး ကွန်ယက်ကို ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်မည့် မဟာဗျူဟာတစ်ခုကို ရေးဆွဲသွား မည်ဖြစ်ကြောင်းနှင့် အဆိုပါကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးနိုင်ရန် အဖွဲ့တစ်ခုကို ဇန်နဝါရီလကုန်ပိုင်းတွင် တည်ထောင်ကာဆွေးနွေးရန် ပြင်ဆင်နေပါသည်။

       အဆိုပါ အဖွဲ့အနေဖြင့် 6G wireless ဆက်သွယ်ရေးကွန်ယက်ကို လာမည့် ၂၀၃၀ ခုနှစ် ခန့်တွင် အကောင်အထည်ဖော်နိုင်ရန် မျှေ်ာမှန်းထားပြီး လာမည့် နွေဦးရာသီ၌ 5G ကွန်ယက် ဝန်ဆောင်မှုများကို ဂျပန်နိုင်ငံတွင် အပြည့်အဝဆောင်ရွက်နိုင်ရန် ဂျပန်နိုင်ငံ၊ ပြည်တွင်းရေးရာနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက  နည်းပညာဖွံ့ဖြိုးတိုးတက်မှု၊ မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများ အသုံးချဆောင်ရွက်ခြင်းတို့ကို ပြင်ဆင်ဆောင်ရွက်နေပါသည်။

        အနာဂတ်ကာလ ကြိုးမဲ့ဆက်သွယ်ရေးကွန်ယက်များအတွက် စံသတ်မှတ်ချက်များကို မိတ်ဆက်ကျင့်သုံး ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့ထိရောက်စွာ အကောင်အထည်ဖော်နိုင် ရေးသည် ဂျပန်နိုင်ငံ၏ နိုင်ငံတကာနှင့် ယှဉ်ပြိုင်မှုအတွက် တွန်းအားပေးနိုင်မည်ဖြစ်ပါကြောင်းကို ဂျပန်နိုင်ငံ၊ ပြည်တွင်းရေးရာနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ ဝန်ကြီးဖြစ်သူ Mr. Sanae Takaichi က ဆိုပါသည်။

        ဂျပန်နိုင်ငံအနေဖြင့် 5G ကွန်ယက်ဝန်ဆောင်မှု အကောင်အထည်ဖော်မှုအပိုင်းတွင် အမေရိ ကန်နှင့် တောင်ကိုရီးယားနိုင်ငံတို့နှင့် နှိုင်းယှဉ်ပါက နောက်ကျနေခဲ့ပြီး အချို့သော နိုင်ငံများတွင် 6G နည်းပညာကို မည်သို့မည်ပုံအသုံးချမည်ဟူသည့် ဆွေးနွေးမှုများကိုပင် အစပြု ဆောင်ရွက်ပြီး ဖြစ်နေသည့်အတွက် ဂျပန်နိုင်ငံအနေဖြင့်လည်း အဆိုပါ 6G နည်းပညာ အကောင်အထည်ဖော်ရေး မဟာဗျူဟာများနှင့် စံသတ်မှတ်ချက်များကို ရည်မှန်းချက်ထား ဆောင်ရွက်ရန်ပြင်ဆင်နေခြင်းဖြစ်ပါသည်။

       အဆိုပါ 6G နည်းပညာအကောင်အထည်ဖော်ရေး အဖွဲ့တွင် ပုဂ္ဂလိကကဏ္ဍမှ ပညာရှင်များ၊ တက္ကသိုလ်မှ သုတေသနပြုလုပ်ဆောင်ရွက်နေသူများဖြင့် ပါဝင်ဖွဲ့စည်းထားပြီး ဖြစ်နိုင်ချေရှိသည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် စက်မှုကဏ္ဍနယ်ပယ်စုံမှ ထင်မြင်ယူဆချက်များကို ထည့်သွင်း သုံးသပ်သွားမည်ဖြစ်ကာ အဖွဲ့၏ ပထမဆုံး အစည်းအဝေးကို ဇန်နဝါရီလကုန်ပိုင်းတွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

     5G ကွန်ယက်နှင့် နှိုင်းစာပါက 6G ကွန်ယက်သည် ပိုမိုမြန်ဆန်သော သတင်းအချက် အလက် ထုတ်လွှင့်မှု၊ devices မျိုးစုံသို့ အလိုအလျောက်နှင့် ကျယ်ကျယ်ပြန့်ပြန့် ချိတ်ဆက် ဆောင်ရွက်နိုင်မှု၊ ပိုမိုလုံခြုံစိတ်ချရသည့် နည်းပညာပုံစံနှင့် ပါဝါသုံးစွဲမှု အနည်းဆုံးဖြင့် ဆောင်ရွက်နိုင်မှု စသည့် အားသာချက်များရှိပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

ရင်းမြစ်။ The Japan Times၊ Japan Today၊ The Asahi Shimbun

Category: Japan