Japan

ANA အနေဖြင့် ၎င်း၏ ပြည်တွင်းလေကြောင်းခရီးစဉ်အားလုံး၏ ၉၀ ရာခိုင်နှုန်းခန့်ကို လာမည့် သြဂုတ်တွင် ပြန်လည်စတင်ပြေးဆွဲမည်ဖြစ်ကြောင်း ပြောကြားခဲ့

Last Updated:

All Nippon Airways Co., ltd (ANA) သည် ၎င်း၏ ပြည်တွင်းလေကြောင်းခရီးစဉ် အားလုံး ၏ ၉၀ % ခန့်ကို လာမည့် သြဂုတ်လမှစတင်ကာ ပြန်လည်ပြေးဆွဲမည် ဖြစ်ကြောင်း၊ အစိုးရမှ ဦးစီးဆောင်ရွက်နေသည့် ပြည်တွင်းခရီးသွားလာရေးလှုပ်ရှားမှု အစီအစဉ် နှင့် နွေရာသီပိတ်ရက်တွင် ခရီးသွားများပြားလာမည့် အခြေအနေများ ကြောင့် ပြည်တွင်းလေကြောင်းလိုင်းခရီးစဉ်များ ပြန်လည် နာလန်ထူလာနိုင်မည်ဖြစ်ကြောင်း မျှော်မှန်းနေပါသည်။

နှစ်စဉ် ဂျပန်နိုင်ငံ၏ နွေရာသီပိတ်ရက်များတွင် ခရီးသွားများ အလွန်များပြားခဲ့မှုနှင့်အညီ ဟော့ကိုင်းဒိုးဒေသနှင့် အိုကီနာဝါဒသတို့သို့ ဆက်သွယ်ထားသည့် ANA ၏ ပြည်တွင်းလေကြောင်း ခရီးစဉ် ၂၂ ခုကို ပြန်လည် ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ပြည်တွင်းစီးပွားရေး ဆောင်ရွက်ချက်များသည်လည်း အရေးပေါ် အခြေ အနေရုတ်သိမ်းပြီးနောက် အဆင့်လိုက် ဖြေလျော့မှုများနှင့် ပြန်လည်ဆောင်ရွက်နေပြီ ဖြစ်ပါသည်။

ဂျပန်လေကြောင်းလိုင်းများအနေဖြင့် ကိုဘေးနှင့် ဆေးပေါရို အကြား ဆက်သွယ်ပျံသန်းမှု ကို သြဂုတ်လ ၁ ရက်နေ့တွင်လည်းကောင်း၊ အဆိုပါဒေသနှစ်ခုနှင့် နာဂိုယာ၊ ဟော့ကိုင်းဒိုးတို့ အကြား ဆက်သွယ်ပျံသန်းမှုကို သြဂုတ်လ ၇ ရက်နေ့တွင်လည်းကောင်း အသီးသီး ပြန်လည်စ တင်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း သိရပါသည်။

ဂျပန်အစိုးရက ကိုရိုနာကပ်ရောဂါကြောင့် အထိနာနေသည့် ပြည်တွင်းခရီးသွားလုပ်ငန်းကို ပြန်လည်ရှင်သန်နိုးထလာစေ၇န် Go To Travel Campaign ကို ဇူလိုင်လ ၂၂ ရက်နေ့တွင် စတင်မည်ဟုကြေငြာခဲ့ပါသည်။ ကနဦးအစီအစဉ်အဖြစ် ပြည်တွင်းခရီးသွား များ၏ ခရီးအတွက် ကုန်ကျစရိတ် (အခန်းငှားခ၊ သယ်ယူပို့ဆောင်ရး ကုန်ကျ စရိတ်များပါဝင်သည့်) ကို တစ်ဝက်ခန့် ပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။

၎င်း၏ စီးပွားရေးလျာထားချက်အရ ANA သည် ပြည်တွင်းလေကြောင်းခရီးစဉ် ၂၄,၈၁၄ ကို  လာမည့် သြဂုတ်လတွင် ပြန်လည်စတင်မည်ဖြစ်ပြီး ၂,၉၃၂ ခုကို ယာယီရပ်ဆိုင်းခြင်း (သို့မဟုတ်) လျော့ချသွားမည်ဖြစ်ကြောင်း သိရပါသည်။ ဇူလိုင်လအတွင်း ANA အနေဖြင့် ဒေသ ၁၀၉ ခုအတွက် လေကြောင်းခရီးစဉ် ၁၂,၂၂၇ ခန့် ရပ်ဆိုင်းခဲ့ကြောင်း သိရပါသည်။

နိုင်ငံတကာလေကြောင်းလိုင်းများအနေဖြင့် ANA သည် တိုကျိုမြို့၊ ဟာနေးဒါးလေဆိပ်နှင့် တရုတ် (ထိုင်ပေ) ၊ ဗီယက်နမ်နိုင်ငံ (ဟိုချီမင်းမြို့တော်) ၊ အမေရိကန်ပြည်ထောင်စု (ဝါရှင်တန်ဒီစီ) နှင့် ပြင်သစ်နိုင်ငံ ပဲရစ်မြို့တို့သို့ သြဂုတ်လမှစတင်ကာ အသီးသီး ပြန်လည်စတင်ပြေးဆွဲရန် ပြင်ဆင်နေကြောင်းသိရပါသည်။ သို့သော်လည်း ကမ္ဘာတစ်လွှားကိုရိုနာကပ်ရောဂါ ဆက်လက် ပြန့်ပွားနေဆဲဖြစ်နေသဖြင့် နိုင်ငံတကာလေကြောင်းလိုင်းများဝန်ဆောင်မှုအားလုံး၏ ၉၀ % ခန့်မှာ ယာယီရပ်ဆိုင်းထားဆဲ အခြေအနေ တွင် ရှိနေပါသေးကြောင်း ANA က ပြောကြားခဲ့ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

Category: Japan