China(Nanning)

COVID-19 ကာလအတွင်း လိမ်လည်ခံရမှုများမှ လျော့ပါးသက်သာစေရန် အကြံပြုထားသည့် စီးပွားရေးဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုများ

Last Updated:

ကမ္ဘာတစ်ဝှမ်း၌ COVID-19 ကပ်ရောဂါကူးစက်ပျံ့ပွာမှုများ နှေးကွေးလာကာ တဖြည်းဖြည်း ပြန်လည်တည်ငြိမ်လာပုံရသော်လည်း ၎င်းကပ်ရောဂါ ကြောင့် ကုမ္ပဏီများမှာ လုပ်ငန်းများ လည်ပတ်ခြင်းနှင့် ဘဏ္ဍာရေးဆိုင်ရာတို့အပေါ် စိန်ခေါ်မှုကြီးများနှင့် ရင်ဆိုင်နေကြရပါသည်။ နိုင်ငံအများအပြား တွင် မိမိတို့အခြေအနေ ရောဂါပြန့်ပွားမှုနှေးကွေးသွားသည့် အတိုင်းအတာနှင့်လျော်ညီစွာ စီးပွားရေးလုပ်ငန်းများကို ပြန်လည်လုပ်ကိုင်ခွင့်ပြုလာ သောကြောင့် လုပ်ငန်းများအနေဖြင့် ခက်ခဲသည့်ကာလအတွင်း ရုန်းကန်ရှင်သန်နိုင်ရန် ၎င်းတို့၏ ငွေဖြစ်လွယ်မှုအား ထိရောက်စွာစီမံခန့်ခွဲရန်နှင့် ရောဂါကူးစက်မှုဖြစ်နိုင်ခြေအား အကဲဖြတ်ထားရန် လိုအပ်နေပါသည်။

ထိုကဲ့သို့ စီးပွားရေးမတည်ငြိမ်မှုများဖြစ်နေစဉ်တွင် လိမ်လည်မှုများကြောင့် လုပ်ငန်းအများစုမှာ ရပ်တည်ရန်ခက်ခဲလာကြပါသည်။ COVID-19 ကပ် ရောဂါကာလအတွင်း လုပ်သားများမှာ ခရီးသွားလာမှုကန့်သတ်ချက်များကြောင့် ပြဿနာများကြုံတွေ့ရကာ အိမ်မှအလုပ်လုပ်ကိုင်ခြင်း (working-from-home) မှာ ပုံမှန်လူနေမှုဘဝ၏ ပုံစံအသစ်ဖြစ်လာချိန်၌ တရုတ်နိုင်ငံရှိ နိုင်ငံစုံကုမ္ပဏီကြီးများမှာ လိမ်လည်မှုများကြောင့် ဆုံးရှုံးနိုင်ခြေများနှင့် ကြုံတွေ့နေရကြောင်း ၎င်းတို့ကိုယ်တိုင် သုံးသပ်လာကြပါသည်။ ထို့ကြောင့် အဖွဲ့အစည်းများနှင့် ကုမ္ပဏီများအနေဖြင့် လိမ်လည်မှုများကြောင့် မိမိတို့ အဖွဲ့အစည်းနှင့် လုပ်ငန်းများအတွင်း ဆုံးရှုံးနိုင်ခြေများကို အကဲဖြတ်ရန် အခြားအချိန်ကာလများထက် အရေးကြီးလာသဖြင့် မြန်မာနိုင်ငံဘက်မှ လုပ်ငန်းများလည်း သတိပြုနိုင်ကြရန် ရေးသားဖော်ပြအပ်ပါသည်။

COVID-19 အားဖြင့် လိမ်လည်မှုပြုနိုင်သည့်နည်းလမ်းသုံးသွယ်

၎င်းဝန်ထမ်းက စီမံကြီးကြပ်မှုမရှိဘဲ အရေးကြီးသည့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်နိုင်လာသည့်အခါ ၎င်းလုပ်ပိုင်ခွင့်အား ချိုးဖောက်မှုပြုလျက် ၎င်း၏ ကိုယ်ကျိုး အတွက် အလွဲသုံးမှုများ ဖြစ်ပေါ်လာနိုင်ပါသည်။  ထို့ကြောင့် ထိုသို့သောဝန်ထမ်းများက ကုမ္ပဏီ၏ သင်းဖွဲ့စည်းမျဉ်းနှင့် ဆက်နွယ် နေသည့် ဉပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ၎င်းတို့၏ တာဝန်ဝတ္တရားများကို အပြည့်အဝထမ်းဆောင် နေခြင်း ရှိ၊ မရှိ ရှယ်ယာဝင်များက ထိန်းကျောင်းကြပ်မတ်သင့်ကြပါသည်။

လိမ်လည်မှုပြုခြင်းအား သရုပ်ခွဲကြည့်ပါက ပြုလုပ်ရန်တွန်းအား၊ ပြုလုပ်နိုင်သည့်အခွင့်အရေးနှင့် ကျိုးကြောင်းချင့်ချိန်အကဲဖြတ်ခြင်းဟူသော နည်း လမ်းသုံးသွွယ်အား တွေ့ရပါသည်။

 လုပ်ငန်းတွင်းနှင့် လုပ်ငန်းခွင်ပြင်ပဖိအား

ကိုရိုနာကပ်ရောဂါဖြစ်ပွားချိန်မှစ၍ လူအများအပြားမှာ ၎င်းတို့၏ အလုပ်များဆုံးရှုံးခြင်း (သို့မဟုတ်) လစာလျှော့ချခံရခြင်းဟူသည့် ဘဏ္ဍာရေးဆိုင်ရာ ဖိအားများဖြင့် ကြုံတွေ့နေရပါသည်။ အိမ်ထောင်စုများအပေါ် ဘဏ္ဍာရေးဆိုင်ရာ ဖိအားများတိုးလာခြင်းက ကမ္ဘာလုံးဆိုင်ရာစီးပွားရေးအား အကျ ဘက်သို့ ပိုမိုဉီးတည်စေပြီး နှစ်ရှည်လများ အများပြည်သူကျန်းမာရေး အကျပ်အတည်းကြုံတွေ့နေစဉ်အတွင်း လိမ်လည်မှုများပြုလုပ်လာမှုအပေါ် တွန်းအားများဖြစ်လာစေကာ လုပ်ငန်းများ၏ ရုန်းကန်နေရမှုအပေါ် သက်ရောက်လာနိုင်ပါသည်။

လိမ်လည်မှုပြုလုပ်နိုင်သည့် အခွင့်အရေး

မိမိအိမ်မှ အလုပ်လုပ်ရသည့်အစီအမံများနှင့် ခရီးသွားလာမှုကန့်သတ်ချက်များကြောင့် လုပ်ငန်းများ၏ အဓိကလုပ်ငန်းဆောင်တာအများအပြားမှာ စီမံကြီးကြပ်မှုမရှိတော့ခြင်း (သို့မဟုတ်) စီမံကြီးကြပ်သူဝန်ထမ်း လိုအပ်သည်ထက်နည်းပါးခြင်းမျိုး ကြုံတွေ့လာရပါသည်။ အထူးသဖြင့် (ကုန် ထောက်ပံ့သူများ၊ ဖောက်သည်များစသည်) တတိယပုဂ္ဂိုလ်များအား ပြောင်းလဲရန်လိုအပ်စဉ်တွင်  များသောအားဖြင့် အပြည့်အဝ ထိရောက်စွာ စစ် ဆေးနိုင်မှုမရှိတော့ပါ။ ထို့ကြောင့် ကုန်စည်ထောက်ပံ့သူများအား ရွေးချယ်ခြင်းနှင့် ဈေးနှုန်းသတ်မှတ်ခြင်းပြုသည့် လုပ်ငန်းစဉ်အား ဆောင်ရွက်ရာ တွင် လိမ်လည်၍ အမြတ်ထုတ်နိုင်သည့် အခွင့်အရေးများပေါ်ပေါက်လာပါသည်။

ကျိုးကြောင်းချင့်ချိန် အကဲဖြတ်ခြင်း

ဖိအားများတိုးလာကာ လုပ်ငန်းတွင်းထိန်းချုပ်မှုများ ကျဆင်းသွားချိန်၌ လိမ်လည်သူများက မိမိတို့၏ အကျင့်စာရိတ္တပိုင်းအားနည်းလာမှုအား ချင့်ချိန် ရာတွင် ကာယပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ (သို့မဟုတ်) ဘဏ္ဍာရေးပိုင်ဆိုင်ရာ အခက်အခဲများကြောင့် ကျူးလွန်ရန် ပိုမိုလွယ်ကူသွားပါသည်။

COVID-19 ဖြစ်ပွားစဉ်တွင် လိမ်လည်မှုပြုလုပ်မှုများအပေါ် အဓိကရှာဖွေတွေ့ရှိချက်များ

COVID-19 ဖြစ်ပွားနေသည့်ကာလအတွင်း လိမ်လည်မှုများတိုးလာစဉ် နိုင်ငံစုံလုပ်ငန်းတိုင်းမှာ မိမိတို့ကိုယ်တိုင် အကဲဖြတ်မှုဆောင်ရွက်ကာ လုပ်ငန်း ၏ ကြံ့ကြံ့ခံရပ်တည်နိုင်သည့်အဆင့်အား တိုးတက်စေရန် လိမ်လည်မှုကြုံတွေ့ရနိုင်ခြေ အများဆုံးနေရာများအား သတ်မှတ်ဖော်ထုတ် ထားရပါမည်။  တစ်ချိန်တည်းမှာပင် ဝန်ထမ်းများကလည်း မိမိတို့ကိုယ်ကို ကာကွွယ်ထားရေး သတိရှိရန်နှင့် ၎င်းတို့ကုမ္ပဏီများအား လိမ်လည်မှုအန္တရာယ်များမှ ကာကွယ်ရေး သတိရှိကြရန် လိုအပ်ပါသည်။ အောက်ဖော်ပြပါတို့မှာ COVID-19 နှင့်ဆက်နွယ်၍ လိမ်လည်ပြုလုပ်မှုအများဆုံးဖြစ်သည့် စာရင်းဖြစ်ပြီး ၎င်းတို့အပေါ် ကြိုတင်သတိပြုကြရန်နှင့် ဖြေရှင်းနည်းများအား ကြိုတင်စဉ်းစားထားကြရန် လိုအပ်ပါသည်-

အများအားဖြင့် ကြုံတွေ့ရသည့် လိမ်လည်မှုနမူနာများ

(က) ဝယ်ယူရာတွင်လိမ်လည်မှု

ကုမ္ပဏီအမျိုးမျိုးတို့မှာ လိမ်လည်မှုအမျိုးမျိုးနှင့် ကြုံတွေ့ရနိုင်ပါသည်။ ဉပမာ ကုန်သွယ်ရေးနှင့် စက်မှုကုန်ထုတ်လုပ်ရေးကုမ္ပဏီများ တရုတ်နိုင်ငံမှ ရင်းမြစ်ရယူရာတွင် ဝယ်ယူမှုနှင့် ငွေပေးချေမှုများအပေါ် နီးနီးကပ်ကပ်သတိပြုကြရန် အကြံပြုလိုပါသည်။ အဘယ်ကြောင့်ဆိုသော် လာဘ်ငွေပေး မည်ဟူသော ကတိကဝတ်ဖြင့် ပြည်တွင်းစီမံခန့်ခွဲရေးနှင့် ရင်းမြစ်အသင်းတို့က အဂတိအမှုပြုတတ်ကြသောကြောင့် ဖြစ်ပါသည်။ မှန်မှန်ကန်ကန်ရှိစေ ရန် ကုမ္ပဏီများဘက်က ရင်းမြစ်အသင်းများ ဖွဲ့စည်းထားသော်လည်း ဘက်လိုက်ထားသည့် ကုန်စည်ထောက်ပံ့သူကို ရွေးချယ်လိုသူတို့က အသင်းဝင် များအဖြစ် သူငယ်ချင်းများနှင့် ဆွေမျိုးများကို ထည့်သွင်းထားတတ်ကြပါသည်။

ထိုသို့သော သာဓကများမှာ တရုတ်နိုင်ငံတွင် များသောအားဖြင့် ကြုံတွေ့ရတတ်သည်များ ဖြစ်ကြပါသည်။ လက်ရှိ COVID-19 ကပ်ရောဂါဖြစ်ပွားချိန်၌ ထိုကဲ့သို့သော လိမ်လည်မှုများပြုလုပ်ရန် ပိုမိုအခွင့်သာလာပါသည်။  ထိုသို့သော အခြေအနေအောက်တွင် ကုန်စည်ထောက်ပံ့သူ ရွေးချယ်ခြင်းနှင့် ဈေး နှုန်းသတ်မှတ်ခြင်း လုပ်ငန်းစဉ်ထိန်းချုပ်ရေးနှင့် ကြီးကြပ်ကွပ်ကဲရေးအား နိုင်ငံစုံလုပ်ငန်းများက ခိုင်မာအားကောင်းစေသင့်ပါသည်။ အထူးသဖြင့် လာဘ်ငွေယူခြင်းနှင့် ကုန်စည်ထောက်ပံ့သူများနှင့် ပူးပေါင်းလိမ်လည်ခြင်းမျိုး မဖြစ်စေရန် ကုမ္ပဏီများက မတူညီသည့်အဆင့်များအား ခန့်ထားပြင် ဆင်ထားသင့်ပါသည်။

(ခ) ငွေကြေးခိုးယူမှု

တရုတ်အသင်းနှင့် နိုင်ငံစုံလုပ်ငန်းများသည် အထူးသဖြင့် ငွေပေးခြင်းနှင့် ငွေလက်ခံပြေစာများ ထုတ်ပေးခြင်းနှင့်စပ်လျဉ်းသည့်ကိစ္စများအတွက် တာဝန်များကို သင့်လျော်စွာခွဲဝေပေးရေး သတိထားပေးသင့်ပါသည်။ အကယ်၍ e-banking ပေးချေမှုများအစပြုခြင်းနှင့် အတည်ပြုခြင်းတို့အား ပုဂ္ဂိုလ်တစ်ဉီးတည်းက ထိန်းချုပ်ထားခဲ့ပါက (သို့မဟုတ်) ပုဂ္ဂိုလ်တစ်ဉီးတည်းအား ကုမ္ပဏီတံဆိပ်တုံးနှင့် ကော်ပိုရိတ်ချက် လက်မှတ်စာအုပ်များကို ကိုင်ဆောင်ခွင့်ပေးထားလျှင် ငွေကြေးခိုးယူမှုအန္တရာယ်များကို အမှန်တကယ်ကြုံတွေ့လာရနိုင်ပါသည်။ အလားတူပင် စာရင်းကိုင်နှင့် ငွေကိုင်လုပ် ငန်းတာဝန်များအကြား လုပ်ငန်းတာဝန်အား သင့်လျော်စွာခွဲထားခြင်းမပြုခဲ့ပါက ဝင်ငွေအသုံးစရိတ်နှင့် မတည်ငွေရင်းဆိုင်ရာ အသုံးစရိတ်မှတ်တမ်း များ၏ တိကျမှုနှင့် ပြီးမြောက်မှုတို့အား လိမ်လည်ငွေချေမှုများပြုခြင်း (သို့မဟုတ်) အခြားစီးပွားရေး ရာဇဝတ်မှုများဖြစ်သည်ထိအောင် ထိခိုက်စေ နိုင်ပါသည်။ 

(ဂ) အသုံးစရိတ်လိမ်လည်တောင်းခံမှု

ပြောင်းပြန်အားဖြင့် ကြီးမားသော တရုတ်အသင်းနှင့် ကုမ္ပဏီများအနေဖြင့် လစာပေးခြင်းနှင့် လစာပေးထားမှုအား ငွေပြန်အမ်းခြင်းအစီအစဉ်များ တွင် လိမ်လည်မှုများရှိနိုင်သဖြင့် ဒေသခန့်လစာပေးမှုစနစ်အား သတိကြီးစွာထား၍ ထိန်းကျောင်းရန်လိုအပ်ပါသည်။ အကယ်၍ အထွေထွေ မန်နေဂျာတစ်ယောက်က လစာပေးမှုကိစ္စများအပေါ် လူ့စွမ်းအားအရင်းအမြစ်အဖွဲ့အား ရှောင်ရှား၍  လိမ်လည်မှုပြုပါက အမှန်တကယ် ခန့်ထားခြင်း မရှိသည့် ဝန်ထမ်းများအတွက်  ၎င်းတို့၏  ဘဏ်စာရင်းများထဲသို့ ငွေလွှဲပြောင်းပေးခြင်း (သို့မဟုတ်) ဆုကြေးငွေ လိမ်လည်ထုတ်ပေးခြင်းများ ပြု လုပ်နိုင်ပါသည်။  ထိုကဲ့သို့သောကိစ္စများမှာ ကုမ္ပဏီတွင် ဝန်ထမ်းဉီးရေများပြားပြီး  လစာပေးမှုပမာဏများပြားပါက လိမ်လည်မှုအား ဖော်ထုတ်ရန် ခက်ခဲနိုင်ပါသည်။ အလားတူပင် ကုမ္ပဏီတွင် ကြီးကြပ်မှုအားနည်းနေခြင်းအပေါ် အမြတ်ထုတ်လိုသည့် ဝန်ထမ်းဘက်မှလည်း  လစာငွေပြန်အမ်းပေး သည့်အစီအမံအပေါ် လိမ်လည်မှုပြုလုပ်နိုင်ကာ ၎င်းတို့၏ လုပ်ငန်းအတွေ့အကြုံအား အလွန်အကျွံဖော်ပြလျက် ၎င်းတို့အတွက် ပြန်အမ်းငွေများကို ပမာဏပိုမို၍ လိမ်လည်ထုတ်ယူနိုင်ပါမည်။

ဆုံးရှုံးမှုကြုံတွေ့နိုင်ခြေအား လျှော့ချရန် အကြံပြုချက်နှင့် ဖြေရှင်းနည်းများ

(က) လုပ်ငန်းတာဝန်များ ခွဲပေးထားခြင်း

လုပ်ငန်းတာဝန်များ ခွဲဝေပေးခြင်းမှာ ငွေကြေးခိုးယူမှုများအားကန့်သတ်ရန် မဖြစ်မနေဆောင်ရွက်ခြင်းပင်ဖြစ်ပါသည်။ e-banking ဖြင့်ပေးချေခြင်း အားဆောင်ရွက်ရန် ဝန်ထမ်းများအကြား တာဝန်ခွဲဝေပေးထားသင့်ပါသည်။ လက်တွေ့ကျသည့် ဖြေရှင်းနည်းတစ်ရပ်မှာ ရုံးချုပ်ရှိ ဘဏ္ဍာရေး မန်နေဂျာက ပေးချေမှုများအား အတည်ပြုပေးရန် e-banking တိုကင်ကိုင်ထားခြင်းမျိုး ဖြစ်ပါသည်။

လုပ်ငန်း၏ ချက်လက်မှတ်စာအုပ်ကို ကိုင်ထားရသည့်ငွေကိုင်အား ကုမ္ပဏီတံဆိပ်တုံးအား လွတ်လပ်စွာအသုံးပြုခွင့် ပေးမထားသင့်ပါ။  သို့မဟုတ်ပါ က ဘဏ်မှ ငွေလိမ်လည်ထုတ်ယူနိုင်ပါသည်။ အလားတူပင် ဘဏ်ငွေဝင်ငွေထွက်များနှင့် ငွေသားလွှဲပြောင်းမှုများကို သေချာစွာ မှတ်တမ်းတင်ထား ရန်လိုအပ်ပြီး ငွေကိုင်နှင့် စာရင်းကိုင်အား တစ်ဉီးစီခန့်ထားရန် လိုအပ်ပါသည်။

ထို့ပြင် သင်္ဘောတင်ပို့လိုက်သည့် မည်သည့်ကုန်အမှာစာကိုမဆို မှတ်တမ်းတင်ထားရှိသင့်ကာ ကုန်ပစ္စည်းလက်ကျန်စာရင်း၊ တင်ပို့မှုမှတ်တမ်း၊ ကုန် အမှာစာနှင့် အရောင်းတန်ဖိုးတို့အား သင့်လျော်စွာ တာဝန်ခွဲဝေပေးလျက် သတိထား၍ ထိန်းကျောင်းကြပ်မတ်သင့်ပါသည်။

(ခ) ထိရောက်ရှင်းလင်းသည့် အစီရင်ခံတင်ပြမှုအားတည်ဆောက်ထားပြီး သေချာစွာ စီမံကြီးကြပ်ခြင်း

တရုတ်နိုင်ငံတွင် လာရောက်လုပ်ကိုင်ကြသည့် နိုင်ငံခြားလုပ်ငန်းများသည် ပိုမိုထိရောက်သည့် ဆုံးဖြတ်ချက်ချမှတ်သည့်ပုံစံနှင့် တစ်ဉီးတစ်ယောက် အပေါ်တွင် အားထား၍ အကျိုးအမြတ်ရယူခြင်းဟူသည့်ပုံစံအရ ဝန်ထမ်းတစ်ဉီးတည်းအပေါ်တွင် လုပ်ပိုင်ခွင့်အား ယုံကြည်အပ်နှံထား ခြင်းမျိုးပြု တတ်ကြပြီး များသောအားဖြင့် တရားဝင်ကိုယ်စားလှယ်များထားရှိကြရာ ပွင့်လင်းမြင်သာမှုနှင့် ထိန်းချုပ်မှုအားနည်းခြင်းဆီသို့ ဉီးတည်တတ်သည်ကို သတိပြုကြရပါမည်။

ရောင်းချမည့်ဈေးနှုန်းအားဖြင့် မတူညီသည့်ပစ္စည်းများအတွက် ဈေးနှုန်းအပိုင်းအခြားအား ခိုင်မာစွာ သတ်မှတ်ထားသင့်ပါသည်။ ဖောက်သည်အသစ် များကို ခေါ်ဆောင်လာရန် အရောင်းအဖွဲ့ (Sales Team) များအပေါ် မှီခိုနေရသည့်ကုမ္ပဏီများတွင် ထိုသို့သတ်မှတ်ထားနိုင်သည့် ပစ္စည်းများရှိသကဲ့သို့ ဖောက်သည်တစ်ဉီးချင်းနှင့် ဈေးနှုန်းညှိနှိုင်းရောင်းချရသည့် ပစ္စည်းအချို့ရှိပါကလည်း လုပ်ငန်းအတွင်း မူဝါဒအား ချမှတ်ထားရန် အရေးကြီးပါသည်။  ဉပမာ- ဝန်ထမ်းက အရေအတွက်ပေါ်မူတည်၍ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုအား ရောင်းချနိုင်သည့် ရှင်းလင်းစွာချမှတ်ထားသော ဈေးနှုန်းမျဉ်း (သတ်မှတ်ချက်) မျိုးဖြစ်ပါသည်။ အကယ်၍ ကြိုတင်ဆုံးဖြတ်ထားသည့်နှုန်းဖြင့် ရောင်းချခြင်းမျိုးမဟုတ်ပါက စီနီယာမန်နေဂျာထံမှ ခွင့်ပြုချက်ကို ကြိုတင်ရယူရန် လိုသည့်ဉပမာမျိုးဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်မှသာ ဖောက်သည်များနှင့် မိတ်ဖက်ပြုကာ လိမ်လည်ခြင်း (သို့မဟုတ်) ငွေကြေးခိုး ယူခြင်းစသည့် ဆုံးရှုံးနိုင်ခြေများကို လျှော့ချနိုင်မည် ဖြစ်ပါသည်။

(ဂ) ကုန်လက်ကျန် စီမံခန့်ခွဲသည့်စနစ်အား ပြန်လည်စစ်ဆေးခြင်း

ကုန်လက်ကျန်စီမံခန့်ခွဲမှုအပေါ် လုပ်ငန်းအတွင်းထိန်းချုပ်မှု အကောင်အထည်ဖော်ထားရှိမှုမှာ မရှိမဖြစ်ဖြစ်ပါသည်။ ဖောက်သည်များထံမှ ကုန်မှာယူ မှုများ၊  ကုန်လက်ကျန်များ ရွေ့လျားထားသိုမှုမှတ်တမ်းများနှင့် စာရင်းကိုင်မှတ်တမ်းများအား တစုတစည်းတည်း တိတိကျကျစုစည်းရန် အလွန်ခက်ခဲ သောကြောင့် ကုန်သွယ်ရေးနှင့် စက်မှုကုန်ထုတ်လုပ်ရေးကုမ္ပဏီများအတွက် ကုန်လက်ကျန်စီမံခန့်ခွဲမှုအား ထိန်းကျောင်းရန်နှင့် အလိုအလျောက် ဆောင်ရွက်စေရန် သင့်လျော်သည့်  IT စနစ်များအား အကောင်အထည်ဖော်ထားရန် အလွန်အရေးကြီးပါသည်။  

ထို့ပြင် ကုန်စည်ထောက်ပံ့သူများနှင့် ပူးပေါင်းလိမ်လည်မှုများ ပြုနိုင်ခြင်းအား ကန့်သတ်ရန် ဝယ်ယူရေးမန်နေဂျာနှင့် သိုလှောင်ရုံမန်နေဂျာအကြား လုပ်ငန်းတာဝန်များကို သင့်လျော်စွာ ခွဲထားပေးရန်မှာလည်း မရှိမဖြစ်လိုအပ်လှပါသည်။

(ဃ) ကော်ပိုရိတ်စီမံအုပ်ချုပ်မှုပုံစံအား ပြန်လည်အကဲဖြတ်ခြင်း

တရုတ်ကဲ့သို့သော ဆုံးရှုံးနိုင်ခြေကြီးမားသည့် ဈေးကွက်များနှင့် ဆက်ဆံလုပ်ကိုင်ရာတွင် နိုင်ငံခြားကုမ္ပဏီများအနေဖြင့် ပြည်တွင်းအနေအထားနှင့် ၎င်းတို့၏အစီအမံများ လိုက်လျောညီထွေခြင်း ရှိ၊ မရှိ သေချာစေရမည်။  တရုတ်နိုင်ငံတွင် စွန့်စားမှုနှင့်မကင်းသော စီးပွားရေးလုပ်ငန်းအသစ်တစ်ရပ် စတင်ချိန်၌ ကုမ္ပဏီ၏ အုပ်ချုပ်မှုပုံစံအတွင်း ထိန်းချုပ်ရေးယန္တရားအား ကြိုတင်စီမံချက်ချ၍ မြှုပ်နှံထားရန်လိုအပ်ပါသည်။  လုပ်ငန်းတာဝန်များ ခွဲဝေ ချထားသည့် ကော်ပိုရိတ်စီမံအုပ်ချုပ်မှုပုံစံအား သင့်လျော်စွာတည်ဆောက်ထားပါက ရှယ်ယာရှင်များအနေဖြင့် ရေရှည်တွင် တရုတ်နိုင်ငံ၌ လုပ်ငန်း ဆောင်ရွက်မှုအပေါ် ပိုမိုကောင်းမွန်စွာ ထိန်းချုပ်သွားနိုင်ပါမည်။ အနာဂတ်တွင် ကော်ပိုရိတ်စီမံအုပ်ချုပ်မှုပုံစံပြောင်းလဲရန် လိုအပ်ပါက အဓိက စီမံခန့် ခွဲမည့် ပုဂ္ဂိုလ်၏ အခန်းကဏ္ဍနှင့် လုပ်ငန်းတာဝန်ဝတ္တရားများကိုပါ သတိကြီးစွာထား၍ သတ်မှတ်ထားသင့်သည်။

COVID-19 ကပ်ရောဂါဖြင့် ဆက်စပ်နေသော စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှု ဆုံးရှုံးနိုင်ခြေများအား လျော့ပါးသက်သာစေရန် ကုမ္ပဏီတွင်း ထိန်းချုပ်ရေး ယန္တရားမှတဆင့် ဖွွံ့ဖြိုးသွားရန်နှင့် အချိန်ကြာလာသည်နှင့်အမျှ စနစ်၏ ထိရောက်မှုသေချာစေရန် ကုမ္ပဏီအတွင်း ထိန်းချုပ်သည့် လုပ်ထုံးလုပ်နည်း များအား ပြန်လည်သုံးသပ်စေရန် တရုတ်နိုင်ငံရှိ လုပ်ငန်းများအား တိုက်တွန်းထားပါသည်။

ထိုကဲ့သို့ပုံစံမျိုးဖြင့် နိုင်ငံခြားကုမ္ပဏီအများပြားက ၎င်းတို့၏ တရုတ်လက်အောက်ခံကုမ္ပဏီများ၏ လုပ်ငန်းတွင်းထိန်းချုပ်မှုစနစ်အား ကာလအပိုင်း အခြားဖြင့် ပြန်လည်သုံးသပ်ရန် စာရင်းစစ်အဖွဲ့များအား ရွေးချယ်ကြပါသည်။ ထိုစဉ်အတောအတွင်း ကုမ္ပဏီ၏ လိုက်နာရမည့် ကျင့်ဝတ်များအား တရုတ်ဝန်ထမ်းများ သတိပြုမိစေရန်နှင့် လုပ်ငန်းလည်ပတ်ရာ၌ လိမ်လည်မှုကာ ကွယ်ရေးအစီအမံများကိုလည်း ဒေသခံဝန်ထမ်းအဖွဲ့များဆီသို့ ပို့ချရ ပါမည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ China Briefing  (၈-၆-၂၀၂၀)

Category: China(Nanning)